.

AlinShin

Tuesday, March 17, 2015

ဇိတံမမေကဗျာ





စစ်ခွေးသန်းရွှေတို့ အာဏာရူးပြုတ်နေ၀င်းရဲ့အုပ်စုတို့
စတဲ့ မိစ္ဆာgroup ကြီးက  . ..
ရဟန်းရှင်လူကျောင်းသားပြည်သူတွေကို သတ်ဖြတ်ထောင်ထဲထည့်
နိုင်ခဲ့လို့ အနိုင်ရနေတယ်လို့ ထင်နေကြတယ်။
အဲဒါ အနိုင်မဟုတ်ဘူးနော် ၊ အရှုံးကြီးရှုံးနေတာ။
ခံလိုက်ရတဲ့ ရဟန်းရှင်လူကျောင်းသားပြည်သူတွေကမှတကယ့်အနိုင်။
ဘာလို့လည်းဆိုတော့  . ..
စစ်ခွေးအုပ်စုက လောဘနဲ့သတ်ဖြတ်တာ။
ရဟန်းရှင်လူကျောင်းသားပြည်သူတွေက အလောဘနဲ့ ခံလိုက်ရတာ။
ဒါ့ကြောင့်ပါ ။
̏ ဇိတံမေ˝ ဆိုတဲ့ ဗုဒ္ဓမိန့်မှတ်စကားဟာ အလောဘတရားကိုရည်ညွှန်းတာပါ။
စစ်မှန်သောအောင်နိုင်ခြင်းဆိုတာ ငါ ၊ ငါ့မိသားစုအတွက်ဆိုတဲ့̏အတ္တ˝မပါဘဲ ၊
သူ၊အများသူငှာပြည်သူလူထုကြီးကောင်းစားဖို့အတွက်ဆိုတဲ့ ̏ ပရ˝ စေတနာ
သတ္တကြောင့်ပါပဲ။
သို့ပါသောကြောင့်  . . .
ကျောင်းသားတွေ နိုင်ခဲ့ပါတယ်  . . ။
ရဟန်းရှင်လူပြည်သူများကသာ တကယ့်အနိုင်ရခဲ့တာပါ  .. ။
 ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)




No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget