လက်ပတ်နီဆိုတာ . ..
တတံနီကို မောင်းထုတ်တာလား
?
ထမင်းတစ်နပ်လျှော့စားဖို့ဆိုတာ
ညနေ့ဘက်ဥပုသ်စောင့်ခိုင်းတာလား?
ပါးရိုက်မယ်ဆိုတာ
နားကိုက်ဖို့ကိုပြောတာလား?
ပေါက်ဖေါ်ကြီးဆိုတာ
ဒေါ်ခင်ဝင်းကိုသတ်ဖို့အတွက်လား?
တရုတ်ကြီးကိုကြောက်ရပါတယ်လို့ပြောပြီးမှ
အခုတစ်ဖန်စစ်ဆင်ရေးဆင်နွဲမယ်ဆိုတာ
ပြည်သူကို ကစားကွက်ထုတ်ပြတာလား?
လူတစ်ဦးကို ကြွေး ငါးသိန်းဆပ်ရမယ်ဆိုတာ
ခရိုနီတွေကို ထပ်မံချမ်းသာစေဖို့အတွက်လား?
လက်နက်မဲ့ကျောင်းသားတွေကို
လက်နက်နဲ့တိုက်ခိုက်လိုက်တာဟာ
စစ်ခွေးသိန်းစိန်ရဲ့
တိုက်ပုံအရေခွံကို ချွတ်ပြလိုက်တာလား?
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
No comments :
Post a Comment