.

AlinShin

Friday, January 16, 2015

အတွယ် အပယ်



အဓိကနဲ့သာမညကိုနားလည်ခြင်းဟာ အရေးကြီးတယ်။
ဘုရားပုံတောိကု အိမ်ဦးခန်းထားကိုးကွယ်ပြီး ဘုရားရဲ့
`အဆုံးအမကိုမလိုက်နာရင် ထိုသူရဲ့ကိုးကွယ်ခြင်းဟာ
အချည်းအနှီးပဲ။
ဗုဒ္ဓက ဒီလိုသိဖြင်တော်မြူ့ပီးလောကသားတွေကိုဆုံးမခဲ့တယ်။
အွန်းလိုင်းပေါ်မှာ ဗုဒ္ဓရုပ်ပုံကို ထမီချုပ်ဝတ်ကြတဲ့မိန်းမတွေရဲ့
ဓာတ်ပုံတွေပလူပျံနေတယ်။
ဒါကို အသိဉာဏ်နဲ့တဲ့ ဗုဒ္ဓဘာသာအချို့က ဒေါသပွားကြတယ်။
ပွားစရာမဟုတ်ပါဘူး။ သတ္တ၀ါတွေဟာ လွတ်လပ်ခွင့်ရှီပါတယ်။
လူဖြစ်ခွင့်မှာသူ့ခန္ဓာကိုယ်မှာ သူကြိုက်တာလုပ်ပိုင်ခွင့်ရျီပါတယ်။
လိင်အင်္ဂါတွေပြောင်းနေကြတာပဲလေ။ ဒါ သူ့အခွင့်အရေးပါ။
သူ့ခန္ဓာကိုယ်မှာသူကြိုက်တာ ဆင်မြန်းခွင့်ရှိပါတယ်။
ဒီအတွက်နဲ့ ရင့်ကျက်သောဗုဒ္ဓဘာသာဝင်တွေမှာ ဒေါသမ
ပွားကြပါဘူး။
ပုထုဇဉ်နယ်ပယ်မှာ ဘုရားကိုဘုရားမှန်းမသိလို့ စော်ကားနေတာ
အထူးအဆန်းမဟုတ်ပါဘူး။
ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်ကပင် ညီအစ်ကိုအရင်းခေါက်ခေါက်
ဒေ၀ဒတ်က အသေတောင်သတ်ခဲ့သေးတယ်မဟုတ်လား။
ဒါ့ကြောင့် ယောနိသောမနသိကာရဆိုတဲ့ နှလုံးသွင်းဆင်ခြင်မှု
ဟာဗုဒ္ဓဘာသာအတွက်အရေးကြီးပါတယ်။
အခု ဒီဓာတ်ပုံတွေကိုကြည့်ပါ  . .
ဧရာဝတတီသတင်းဆိုက်ကတွေ့လို့ အခုလိုဆောင်းပါးလေးရေး
မိတာပါ။
Art People Gallery က မနေ့က တင်လိုက်တဲ့ အီတလီက
ဒစ်ဂျစ်တဲလ် အနုပညာရှင် Cristina Guggeri ရဲ့ "တာဝန်"လို့
နာမည်ပေးထားတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ အိမ်သာတက်နေ
တဲ့ပုံတွေဟာ ဆိုရှယ်မီဒီယာတွေမှာ တမဟုတ်ချင်း နာမည်ကြီး
လူကြိုက်များသွားတယ်။ ဒါကို အနုပညာနဲ့ ဓာတ်ပုံပညာအရ
 photomontage လို့ ခေါ်ပါတယ်။ မြန်မာ့နိုင်ငံရေးခေါင်းဆောင်
တွေကို ဒီလိုလုပ်ရင် မီဒီယာဥပဒေအရ အရေးယူခံရနိုင်ဖွယ် ရှိပြီး
ဘာသာရေးခေါင်းဆောင်တွေ ပါတာမို့ ဘာသာရေးကို ထိခိုက်စော်
ကားမှုတွေနဲ့ပါ အမှုတွေ တသီချည်း ဖြစ်သွားနိုင်ပါတယ်။
ဒါပေမယ့် ဒါဟာ အနုပညာဖန်တီးချက်ပါတဲ့။ အီတလီအနု
ပညာရှင် ဒီဖန်တီးချက်တွေက တဆင့် ပြောလိုတာကတော့
 "သူတို့လည်း ခင်ဗျားတို့လိုပဲ။ မနက်တိုင်း အီအီးပါရတယ်"တဲ့။
ကဲ စာရူသူတို့  . .ခင်ဗျား  . . .. ။
လောကမှာလူကိုလူလိုမြင်တက်ဖို့လိုပါတယ်။ လူဟာလူပါပဲဗျာ။
ဒီကနေ့မြန်မာနိုင်ငံရှိ ဘာသာရေးခေါင်းဆော်င်တွေ ဒီလိုနားလည်
သင့်တယ်။ အဓိကကို အဓိကလို့သိပြီး သမညကိုသာမညလို့
သိသင့်ပါတယ်။
လူဆိုတာ အသိဉာဏ်ကို ဖြန့်ကျက်တွေခေါ်နိုင်ခြင်းကလည်းပဓာန
ကျပါတယ်။ ဒါ့ကြောင့် မဂ္ဂင်္ရှစ်ပါးမှာ သမ္မသဒိဋ္ဌိဆိုတဲ့ပါဠိစကားပါ
သလို ကောင်းသောတွေးခေါ်ကြံစည်စိတ်ကူးနိုင်ခြင်းဆိုတဲ့
သမ္မာသင်္ကပ္ပ လည်းပါပါတယ်။ ဗုဒ္ဓ၀ါဒဟာ အဲဒီမဂ္ဂင်္ရှစ်ပါးကြောင့်ပဲ
ကမ္ဘာပေါ်မှာသက်တမ်းအရင့်ဆုံးဘာသာအဖြစ်တည်တံ့နေတာပါ။
သို့သော်လည်းပဲ ဒီကနေ့ မျိုးချစ်မျိုးချစ်ဆိုပြီး မဂ္ဂင်္အလုပ်တွေနဲ့လွဲ
ချော်နေတာကိုတွေတွေ့ရပါတယ်။
(နောက်အချိန်ရလို့ အတွေးပေါက်ရင် ဆက်ရေးပေးပါဦးမယ်)
အတုလံအတုမရှိသောဗုဒ္ဓဘုရားလည်း ချီးယိုရင် ဖင်လှန်ပြီးမှ
ယိုရာတာပါပဲ  ..၊ ရေးချိုးရင်လည်းအပေါ်ရုံ ဧကသီ သင်္ကန်းတော်
ကို ကိုချွတ်ပြီးမှ ချိုးတာပါပဲ . .။
ဒီလိုနားလည်ပြီး လောကကို ရှု့မြင်သုံးသပ်တက်မယ်ဆိုရင်
ဘာသာရေးအရ အဓိကရုဏ်းတွေဖြစ်လာစရာအကြောင်း
မရှီပါဘူး။
ဗုဒ္ဓပုံတော်ကို စော်ကားလိုသူက စော်ကားသလို ပူဇော်လိုသူ
ကပူဇော်ကြပါလိမ်မယ်။ ထိုအတူ ယေရှု့ စတဲ့ဘုရားပုံတော်
များကိုလည်း ပူဇော်သူကပူဇော်၍ ဆော်ကားသူကဆော်ကား
ကြပါလိမ့်မယ်။
ဒါဟာ လောကရဲ့ ဓမ္မပါ။ ဒီလိုဖြစ်နေတာကို မဖြစ်ရဘူးလို့
အတင်းအဓမ္မ သွပ်သွင်းနေစရာမလိုပါဘူး ။ အချိန်တန်ရင်
အားလုံးဟာ မသာဖြစ်ပြာဖြစ်သွားကြတာပါပဲ။
ဒါ့ကြောင့်ဗုဒ္ဓမြတ်စွာက သမုတိသစ္စာကိုပယ်၍ ပရမတ္ထသစ္စာ
ကိုသာသုံးစွဲကြပါလို့ မှာထားတော်မူခဲ့ခြင်းဖြစ်ပါတယ်။
ထို့ကြောင့်  .. .  ဗုဒ္ဓဘာသာဝင်မှန်လျှင် သမုတိနှင့်ပရမတ်
ကို သေချာနားလည်မှသာ ဗုဒ္ဓအလိုတော်ကျပါလိမ့်မည်။
သို့တည်းမဟုတ်ပါက သမုတိတွေကို ပရမတ်အထင်နှင့်
ငါ့ဘုရား သူ့ဘုရားဒီလိုလုပ်ရသလားဟု ဒေါမနပွားနေသော်
ဒေါသော အတ္ထံ နဇာနာတိ ဟူသောစကားအတိုင်းဒေါသ
တရားသည် အကျိုးစီးပွားကိုမသိနိုင်ပါဘူး။
သို့ဖြစ်ပါ၍ ပယ်သင့်သည်ကို ပယ်၍ တွယ်သင့်သည်ကို
တွယ်နိုင်ကြပါစေဟု  . . .
ဤဓမ္မဒါနကုသိုလ်ကိုမည်သူမဆို share နိုင်ပါသည်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget