.

AlinShin

Thursday, January 15, 2015

တရားနှင့်စပ်အပ်သော အမေးအဖြေ (0001)


တကယ်ကိုသိမ့်မွေ့ပါတယ်။ လိုတိုရှင်းပြောလို့မရသော်လည်း
အခုလိုတခုတ်တရမေးတဲ့အတွက် တိုထိလိုမိလေးဖြေပေးပါ့မယ်။
သူသေကိုယ်ကြေ နွဲခဲ့ဖူးတဲ့အတွက်လည်း ဖြေနိုင်ပါတယ်။
ဒီလိုလေးနားလည်ထားပါ။
(၁) ဖြစ်အောင်လည်းမလုပ်ရပါဘူး။
ဖြစ်အောင်လုပ်တာက လောဘစိတ်ပါနေတယ်။
(၂) ပျက်အောင်လည်းမလုပ်ရပါဘူး ။
ပျက်အောင်လုပ်တာက ဒေါသစိတ်ပါနေပါတယ်။
အဲဒီရဲ့ညီမျှခြင်းကိုနားလည်နိုင်ဖို့လိုပါတယ်။ စာဖတ်ရပါလိမ့်မယ်။
အထူးသဖြင့် သေက္ချတောင်ဆရာတော်ဦးတိလောကရေးသည့်
ပဏ္ဍိတဝေဒနိယကျမ်း ကို ကျေညက်အောင်ဖတ်၍ အလင်းရှင်ကိုယ်တိုင်
အားထုတ်ခဲ့ပါသည်။ မိုးကုတ်နိဿ        နည်ခံ၍လည်း မွှေနှောက်ခဲ့ပါသည်။
သို့ပါသောကြောင့်  . . စိတ်မလောပါနှင့် ရခြင်စိတ်အားကြီး၍ အလင်းရှင်
ကိုယ်တိုင် ကိုယ့်ခြေထောက်ကိုယ်ပြန်ကိုက်ခဲ့သည်။ ကိုယ်ပေါင်တွေကို
ကိုယ်တစ်တောင်ဖြင့်ပြန်ထောင်ခြင်း လက်သီးဖြင့်ထိုးခြင်းများကိုကိုယ်
တိုင်ကြုံခဲ့ပါသည်။
နောက်ဆုံးကိုယ့်ကိုယ်ကို ရူးနေပြီလားဟု သံသယတွေဝင်ခဲ့သည်။
မီးလွတ်၊နှင့်သက်သက်လွှတ်များကျင့်ခဲ့သည်။ သုဿ      န်တွင်ထိုင်ခဲ့သည်။
နှစ်ဆယ်စုနှစ်လောက် ထုံခဲ့ရာမှ အခုလိုအသိတရားများနားလည်နိုင်
ခဲ့ပါသည်။
ထို့ကြောင့် ဆန္ဒမလွန်ပါစေနှင့်။ ဖြစ်ချင်သောစိတ်သည်ပင် ဖြစ်နေပါသည်
ဟုနှလုံးသွင်းရင်း တဖြေးဖြေးရင့်ကျက်လာသောအသွင်ဆောင်နိုင်ပါသည်
အချိန်ရလျှင် ရှင်းပြပါဦးမည်။
အခုတော့ ကျမ်းညွှန်းကိုဓာတ်ပုံနှင့်တကွ ပူးတွဲဖြေကြားလိုက်သည်။
ထိုကျမ်းစာအုပ်ကို အလင်သွားလေရာသယ်ရင်း ခေါင်းအုံးအိပ်ကာ
တစ်တောဝင်တစ်တောထွက်ခဲ့သည်။ အစိမ်းသူရဲများနှင့်ဆုံခဲ့သည်။
အလင်းရှင်အား ဘုရားပျက်အုတ်ထက်ပိုင်းကျိုးဖြင့် ထိုင်နေသောနေရာကို
ထုချသည်။ အုန်း ၊ ဆိုတဲ့အသံကြီးကြားရသည်။ မျက်စေ့ဖွင့်ကြည့်လိုက်
သောအခါ မိမိထိုင်နေသောနေရာခြေသလုံးနားတွင် အုတ်ပိုင်းကျိုးကြီး
ချထားသည်။ ထို့နောက် တစ်စုံတစ်ရာအဖြစ်တော့ပေ။
သက်သတ်လွတ်စားသောကြောင့် အလင်းရှင်အားတစ်စုံတစ်ရာအန္တရာယ်
မပြုဘဲ မိတ်ဆွေများကဲ့သို့ ကြုံခဲ့သည်။
ကြောက်တက်သောအလင်းရှင်အား ထိုသူရဲများက လုံးဝမခြောက်လှန့်ကြ
အနေကြာ၍ အလင်းရှင်တစ်ပါးတည်းပြင်းလာသည်။ စကားပြောဖေါ်အဖြစ်
ထိုသူတို့ကို တမ်းတပြောဆိုသောအခါကြမှ ထိုသုဿ      န်ထဲတွင် စကားသံ
များပေးကြသည်။
ကိုယ်တွေ့များကိုပြောသည်ထက် ယခုတင်ပြလိုက်သောကျမ်းစာအုပ်ကို
ဝယ်ယူဖတ်ပါ။ အလင်းရှင်ထိုကျမ်းစာအုပ်ဖြင့် အခုတိုင်ငြိမ်းအေးမှုကို
ရခဲ့ါသည်။
ထိုသို့ကျေးဇူးကြီးမားလှသောဆရာတော်အကြောင်းကို အလင်းရှင်ယခင်က
ရေးသားတင်ဆက်ခဲ့ဖူးသည်။ ပြန်ရှာကြည့်ပါ။ ဓာတ်ပုံနှင့်တကွဖေါ်ပြဖူးပါ
သည်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget