မောက်မာမှု ရန်လိုမှု အတ္တဆန်မှု စာနာစိတ်ကင်းမဲ့မှု
တစ်ဘို့တည်းထားမှု စသည်ဖြင့်ထိုဝေါဟာရများကို မြန်မာ
နိုင်ငံသူနိုင်ငံသားတွေ ပြောဆိုလေ့ရှိကြပါတယ်။
ဒါတွေအားလုံးကို တစ်ခွန်းတည်းနှင့် တိုထိလိုမိပြောလိုပါက
(အာဏာရှင်ဆန်ခြင်း) ဆိုသောစကားနှင့်ပင်ပြီးပြည့်စုံနိုင်ပါသည်။
ယောနိသောမနသိကာရဆိုသော မျှတသင့်တင့်လျှောက်ပတ်
သော ခံစားမှုကို ကျင့်သုံးနိုင်မှသာ မိမိရောသူတစ်ပါးပါငြိမ်းချမ်း
နိုင်ပါသည်။
အခုကြည့်စမ်း . . ။ မိနစ်ပိုင်းအတွင်း အာဏာရှင်ဆန်လိုက်သော
ကိုးရီးယားလေကြောင်း အရာရှိဟောင်းအမျိုးသမီးဟာ အခုသူပုံ
ကိုကြည့်ရတော့ အလင်းရှင်းစိတ်မကောင်းဖြစ်မိပါသည်။
ဘယ်သူမပြုမိမိမှုဆိုတဲ့အတိုင်း မိမိရဲ့ တစ်စက္ကန့်သော အာဏာ
ရှင်ဆန်မှုဟာ လက်တလောအချိန်အပိုင်းအတွင်းမှာပဲ မိမိကို
ဆိုးကျိုးပေးစေပါတော့တယ်။
ထို့ကြောင့် လူသားသည် မည်သည့်ဘာသာကိုပဲကိုးကွယ်ပါစေ
ကိုယ်ချင်းစာနာစိတ်ဖြင့်နေထိုင်ကြမည်ဆိုပါရင် ကာယကံရှင်
မိမိတွင်လည်း အတိဒုက္ခရောက်ရသကဲ့သို့ တိုက်ရိုက်ပတ်သက်
သူများသည်လည်း ထိုနည်းလည်းကောင်းပင်တည်း . .။
သို့ဖြစ်ပါ၍ မိမိတို့၏ဘ၀ကို ငြိမ်းအေးသောဘ၀ပိုင်ရျင်များဖြစ်
နိုင်ကြပါစေရန် .. မိမိကောင်းကျိုးအပြင်တစ်ပါးသူ၏ ခံစားမှု
ကိုပါ နားလည်ပေးနိုင်ကြရမည်ဟု ဆိုခြင်ပါသည်။
အောက်ပါသူ့ရဲ့သတင်းကိုဖတ်ကြည့်ပါ ဘာမှမဖြစ်လောက်သော
တဒင်္ဂစိတ်ကလေးက ထောင်ဆယ်နှစ်အထိကို . တဲ့။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~ ~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
ကိုရီးယား လေကြောင်း အရာရှိဟောင်း အမှု စတင် ကြားနာ
လေယာဉ်ပေါ်မှာ သစ်သီးဆံ တွေကို ပန်းကန်နဲ့ ထည့်မပေးဘဲ
အိတ်နဲ့ ချပေးခဲ့တာကို မကျေနပ်လို့ စိတ်လွတ် ကိုယ်လွတ်
ဆောင်ရွက်ခဲ့တဲ့ တောင်ကိုရီးယား လေကြောင်းလိုင်း အမှုဆောင်
အရာရှိဟောင်း Cho Hyun-ah ရဲ့ အမှုကို ဆိုးလ် မြို့မှာ စတင်
ကြားနာ စစ်ဆေးခဲ့ပါတယ်။
ကိုရီးယား လေကြောင်းလိုင်းရဲ့ ဒုတိယ ဥက္ကဋ္ဌဟောင်း ဖြစ်သူ
Cho Hyun-ah က အဲဒီ အချိန်က ဘီးလှိမ့် ထွက်ခွာနေတဲ့ လေယာဉ်
ကို ဂိတ်ပေါက်ဆီ ပြန်လှည့်ဖို့ အမိန့်ပေးခဲ့ပြီး လေယာဉ် ဝန်ထမ်း
ခေါင်းဆောင်ကို လေယာဉ်ပေါ်ကနေ ဆင်းခိုင်းခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ကတည်းက ထိန်းသိမ်း ခံထားရတဲ့ မစ် Cho
ဟာ လေကြောင်း လုံခြုံရေးကို နှောင့်ယှက်တယ် ဆိုတဲ့ စွဲချက်ကို
တနင်္လာနေ့မှာ အသနားခံ ထုချေခဲ့ပါတယ်။
အကြောင်းပြချက် ကောင်းကောင်း မရှိဘဲ လေယာဉ် တစ်စီးကို
လမ်းကြောင်း ပြောင်းစေတဲ့ ပြစ်မှု ထင်ရှားမယ် ဆိုရင် သူမဟာ
ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ် ကျခံရဖွယ် ရှိပါတယ်။
www.bbc.co.uk/burmese/world/2015/01/150119_korean_air_executive_trial_begins
No comments :
Post a Comment