ကြားထဲမှာ ပါးပါးနပ်နပ်နဲ့ ကခုန်နိုင်ဖို့ လိုလိမ့်မယ် ]
(စိုင်းထွန်းအောင်လွင် တွေ့ဆုံမေးမြန်းသည်။)
✩ ♥ ✩ ♥ ✩ ♥
✩ ♥ ✩ ♥ ✩ ♥
✩ ♥ ✩
လက်ရှိ အခြေအနေကိုကြည့်မယ် ဆိုရင် တရုတ်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုတွေရှိနေတဲ့ လက်ပံ တောင်းတောင်ကြေးနီစီမံကိန်းမှာ
အကြမ်းဖက်ဖြိုခွင်း ခံရတဲ့အတွက် လူသေဆုံးမှုတွေဖြစ်ခဲ့ပြီး စီမံကိန်းရပ်စဲ ရေး တောင်းဆိုသံတွေလည်း တစ်ကျော့ပြန်ဖြစ်လာပါ တယ်။
ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပဲ ယခင်ကိုးကန့် လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ် တဲ့ ဦးဖုန်ကြားရှင်ဟာ တရုတ်နိုင်ငံပိုင်မီဒီယာတစ်ခုနဲ့ တွေ့ဆုံမေးမြန်းမှုပြုလုပ်ပြီး မီဒီယာအထက်မှာ ပြန်ပေါ် လာတာတွေ့ရသလို သူ့ရဲ့တစ်ချိန်က လောက်ကိုင်ဒေသ ကို ပြန်သိမ်းမယ်ဆိုတဲ့အသံတွေလည်း ထွက်ပေါ်လာ ပါတယ်။
တစ်ချိန်တည်းမှာပဲ ကချင်ပြည်နယ်အတွင်း သစ်ခိုးထုတ်နေတဲ့ တရုတ်နိုင်ငံသားတွေကို အစိုးရတပ် မတော်ကနေ ဖမ်းဆီးမှုတွေလည်း ပေါ်ပေါက်လာခဲ့ ပါတယ်။ သစ်ကိစ္စမှာဆိုရင်လည်း ပြေလည်အောင်ဖြေ ရှင်းဖို့ တရုတ်ဘက်က ပြောဆိုလာတာတွေလည်း ရှိ နေပါတယ်။ ဒီကိစ္စတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ် နိုင်ငံရဲ့အကျိုးစီးပွားတွေကိုဖျက်သိမ်းဖို့ တောင်းဆိုလာ တာ၊ ထိခိုက်အောင်ကြိုးပမ်းလာတာတွေရဲ့အကျိုးဆက် ပထဝီနိုင်ငံရေးအရ သက်ရောက်မှုတွေအဖြစ် ရှုမြင်ကြ တာတွေလည်း ရှိပါတယ်။
၂ဝ၁ဝပြည့်နှစ်နောက်ပိုင်း နိုင်ငံတကာဆက် ဆံရေးနယ်ပယ်ထဲဝင်ရောက်လာတဲ့ မြန်မာနိုင်ငံအနေ နဲ့ ကမ္ဘာရဲ့စူပါပါဝါဖြစ်လာတဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံ ရာမှာ ဘယ်လိုဆက်ဆံသင့်တယ်။ ဘယ်အရာတွေကို ရှောင်ကြဉ်သင့်တယ်ဆိုတာတွေနဲ့ပတ်သက်လို့ မြန်မာ့ နိုင်ငံရေးလေ့လာသူ စာရေးဆရာဦးကျော်ဝင်းကို တွေ့ ဆုံမေးမြန်းထားပါတယ်။
မေး။ ။ မြန်မာနဲ့နိုင်ငံတကာအသိုင်းအဝိုင်းတွေအကြား နိုင်ငံတ ကာဆက်ဆံရေးကိုကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့နှစ်ပေါင်း ၂ဝကျော်ကာလအတွင်း တရုတ်နိုင်ငံနဲ့ဆက်ဆံရေး တ အားကောင်းခဲ့တာတွေ့ရတယ်။ အဲဒီအချိန်တွေတုန်းက ဆိုရင် အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့ဆက် ဆံရေးက ကောင်းမွန်ခဲ့တာမရှိဘူး။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ အနောက်နိုင်ငံနဲ့ဆက်ဆံရေး ကောင်းမွန်လာအောင် ကြိုးစားတာတွေ့ရတယ်။ တစ် ဖက်မှာလည်း တရုတ်နဲ့ကတော့ ပုံမှန်ဆက်ဆံရေးရှိတဲ့ အနေအထားမှာရှိနေတယ်လို့ ပြောရမှာဖြစ်ပေမယ့် တစ် ခါတစ်ခါကျရင်လည်း မြန်မာအနေနဲ့ အနောက်နိုင်ငံတွေ နဲ့ ဆက်ဆံရေးကောင်းမွန်လာတဲ့အပေါ်မှာ စိုးရိမ်မှုရှိတဲ့ အခြေအနေမျိုးတွေ တွေ့လာရတယ်လို့ လေ့လာသူတွေ က ဆိုကြတယ်။ လက်ရှိအခြေအနေမှာ တရုတ်နဲ့မြန်မာ တို့အကြားက ဆက်ဆံရေးက ကောင်းမွန်မှုရှိနေတာတွေ့ ရသလား။ ဘယ်လိုအခြေအနေရောက်နေပါသလဲဆိုတာ ကို အရင်ဆုံးစပြီး ရှင်းပြပေးစေချင်ပါတယ်။
ဖြေ။ ။အရင်အစိုးရလက်ထက်အခြေအနေကစ ပြောတာပေါ့။ အဲဒီကာလတုန်းက မြန်မာအစိုးရရဲ့အ ဓိကပြဿနာက နိုင်ငံတကာကဝိုင်းပယ်ခံထားရတဲ့အ နေအထား။ သူကလည်း ရေနစ်တဲ့လူလိုပဲ။ သူ့ရဲ့ ရပ် တည်ရှင်သန်မှုအတွက် ကောက်ရိုးတစ်မျှင်ကအစ သူ့ ရဲ့အားကိုးရာပဲ။ တရုတ်ပြည်ကျတော့ သူ့ရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းက သိပ်မြင့်တယ်ဗျ။ အမေရိကန်နဲ့ ဥရောပတို့ကြုံခဲ့တဲ့နှုန်းထက်ပိုမြင့်တယ်။ ပျမ်းမျှ တစ်နှစ် ကို ခုနစ်ရာခိုင်နှုန်းနဲ့ ရှစ်ရာခိုင်နှုန်းလောက်အထိကိုမြင့် တယ်။ အဲဒီတော့ အဲဒီလောက်မြင့်တဲ့ စီးပွားရေးမြန် နှုန်းကိုဖြည့်ပေးနိုင်တဲ့ကုန်ကြမ်းနဲ့လောင်စာဆီက သူ့ ပြည်တွင်းမှာမလုံလောက်တော့ဘူး။ အဲဒီတော့ သူ့အ တွက် ကုန်ကြမ်းလောင်စာက သိပ်အရေးကြီးလာတယ်။ ဒီကုန်ကြမ်းလောင်စာကို ဈေးပေါပေါနဲ့ရနိုင်မယ့်အရင်း မြစ်တစ်ရပ်ကဘာလဲဆိုတော့ မြန်မာဖြစ်နေတယ်။ ဒါ က လတ်တလောလိုအပ်ချက်ပေါ့။ တောက်လျှောက် လိုအပ်ချက်က တရုတ်ရဲ့ပြဿနာက အမေရိကနဲ့မတူ တာက အမေရိကက သမုဒ္ဒရာနှစ်စင်းရှိတယ်။ အကျိုး ဆက်က ယေဘုယျအားဖြင့် ဖွံ့ဖြိုးမှုက တစ်ပြေးညီတယ် လို့ ပြောလို့ရတယ်။ တရုတ်အဖို့ကတော့ ကမ်းရိုးတန်း ဒေသပဲဖွံ့ဖြိုးလာပြီး ကုန်းတွင်းပိတ်က အရေးကြီးတယ်။ ဒါကြောင့် ဒုတိယ သမုဒ္ဒရာရှာပုံတော်ဖွင့်လာတယ်။ ဒီ မတိုင်ခင်ကတော့ ပစိဖိတ်သမုဒ္ဒရာကိုပဲ အားကိုးရတာ ပေါ့။ သူ့ရဲ့ပို့ကုန်သွင်းကုန်တွေကိုလည်း ပစိဖိတ်လမ်း ကြောင်းကိုပဲ အားကိုးနေရတာ။ ဒီပစိဖိတ်ကလည်း အ ချိန်မရွေးပျက်သွားနိုင်တယ်။ ပစိဖိတ်ကိုလွှမ်းမိုးထား တာက အမေရိကန်ရေတပ်။ တရုတ်အတွက် သိပ်အ ရေးကြီးတာကတစ်ခုက ဒုတိယသမုဒ္ဒရာရှာဖို့လမ်းကြောင်း ဒီလမ်းကြောင်းကလည်း နဂိုကတည်းက တရုတ်အနေ နဲ့ လုပ်ဖို့ရှိတယ်ဆိုတာ ကျွန်တော်တို့ ဖတ်ရပါတယ်။ အဲဒါကဘာလဲဆိုတော့ မြန်မာပြည်ကိုဖြတ်ပြီးမှ ဘင်္ဂလား ပင်လယ်အော်ထွက်ပေါက်ရဖို့ ။ ဒီထွက်ပေါက်ရဖို့က လည်း တရုတ်အတွက်အရေးကြီးတယ်။ လက်ရှိတရုတ် ရဲ့စီးပွားရေးကိုထိန်းထားနိုင်ဖို့အတွက်က မြန်မာပြည် က သိပ်ပြီးကိုအရေးကြီးလာတယ်။ တရုတ်က အဲဒီအ ချိန်မှာ မြန်မာပြည်ကို အပူတပြင်းလိုအပ်တယ်။ မြန်မာ ပြည်ကလည်း ရေနစ်နေတယ်ဆိုတော့ ဒီအနေအထား အောက်မှာ အထူးသဖြင့် တရုတ်နဲ့မြန်မာအကြား စီး ပွားရေးဆက်ဆံရေးဟာ အမြင့်ဆုံးအဆင့်ရောက်သွား တယ်ထင်ပါတယ်။ သို့သော် ဒီအနေအထားကြီးက လက် ရှိအခြေအနေမှာ တစ်စုံတစ်ရာပြောင်းသွားတယ်။ မြန်မာ ပြည်ကခေါင်းဆောင်တွေဘက်ကလည်း တစ်စုံတစ်ရာ စဉ်းစားထားဟန်ရှိကြတယ်ထင်ပါတယ်။ှုဃွ အဖွဲ့က လည်း ထောက်ပြထားတယ်လေ။ မြန်မာဟာ တရုတ်အ ပေါ် တစ်ဖက်သတ်မှီခိုထားတဲ့အနေအထားကို သိပ်မ ကြိုက်ဘူး။ အဲဒါလည်းဖြစ်နိုင်မယ်ထင်တယ်။ မြန်မာပြည် နဲ့တရုတ်ပြည်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ အ ပေါ်ယံအဆင်ပြေသလိုရှိပေမယ့် နောက်ပိုင်းမှာ အ ဆင်မပြေဘူး။ နယ်စပ်ပြဿနာရှိတယ်။ မြန်မာပြည် ကွန်မြူနစ်ပါတီနဲ့တရုတ်အစိုးရအကြား ဆက်ဆံရေး ရှိတယ်။ အဲဒီတော့ သိပ်အဆင်ပြေလှတယ်တော့မဟုတ် ပါဘူး။ တရုတ်အပေါ်မှာ နောက်ပိုင်း တစ်ဖက်သတ်မှီခို ရတဲ့အခြေအနေကို မြန်မာရဲ့တပ်မတော်ခေါင်းဆောင် တွေက သိပ်ပြီးတော့ သဘောကျဟန်မတူဘူး။ အိုင်စီဂျီ က အဲဒီအတိုင်းကို ကောက်ချက်ချတယ်။ တရုတ်ကို အလွန်အကျွံမှီခိုရမှုကိုလျှော့ချဖို့ဆိုရင် အနောက်နဲ့ဆက် ဆံဖို့ လိုတယ်။ အဲဒီလိုဆက်ဆံဖို့ဆိုရင် ပြောင်းလဲရေး က မလုပ်လို့မဖြစ်ဘူးဆိုတာသိထားတော့ ဒီကိစ္စဟာ ပြုပြင်ပြောင်းလဲဖို့အတွက် စေ့ဆော်မှုတစ်ခုဖြစ်နိုင်တယ်။ ၂ဝ၁ဝရွေးကောက်ပွဲအလှည့်အပြောင်းက ဒါနဲ့လည်း ဆက်စပ်နိုင်တယ်လို့ ICG အဖွဲ့က ကောက်ချက်ချ ထားတာလည်းရှိတော့ အရင်လှိျုသူအေနိ အနေအထား တော့ မဟုတ်တော့ဘဲ အမေရိကန်နဲ့အနောက်အုပ်စုနဲ့ တစ်စုံတစ်ရာဆက်ဆံရေးလမ်းကြောင်း ပွင့်လာတာ ပေါ့။ အဲဒီအပေါ်မှာ တရုတ်ဘက်ကလည်း စိုးရိမ်ပူပန် မှုရှိနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အစိုးရသစ်လက်ထက် ကစလို့ တရုတ်မြန်မာဆက်ဆံရေးဟာ အရင်အစိုးရ လက်ထက်ကလောက်တော့ မကောင်းဘူးထင်တယ်။
မေး။ ။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီး မြှုပ်နှံတဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုကြည့်လိုက်မယ် ဆိုရင် တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအ များဆုံးဖြစ်နေဆဲပဲ။ ဒါပေမဲ့ တော်တော်များများက ၂ဝ၁ဝ ရှေ့ပိုင်းက ရင်းနှီးမြှုပ်နှံခဲ့တာတွေဖြစ်နေတယ်။ ၂ဝ၁ဝ နောက်ပိုင်းမှာ ဂျပန်ဝင်လာတယ်။ အနောက်နိုင်ငံတွေ ကလည်းဝင်လာတာရှိတော့ တရုတ်အနေနဲ့ကတော့ အ ရင်က သူ့အနေနဲ့ သီးသန့်ဆိုသလို ရနေတဲ့ အနေအထားကနေ ခု လိုပြိုင်ဘက်တွေပေါ်လာတဲ့အချိန်မှာ သူ့အနေ နဲ့ ဘယ်လိုစိုးရိမ်မှု တွေရှိလာနိုင်သလဲ။ နောက်တစ်ချက်က တော့ တစ်ပြိုင်နက် တည်းမှာလိုပဲ တ ရုတ်စီမံကိန်းတွေနဲ့ ပတ်သက်လို့ လူထုက နေ ကန့်ကွက်မှုတွေများ လာတဲ့အချိန်မှာအဲဒီအကျိုးဆက်ကရော ဘာတွေများဖြစ်နိုင်သလဲ။
ဖြေ။ ။ စောစောက ပြောသလိုပေါ့ဗျာ။ အရင်က တရုတ်မြန်မာချုပ်ဆိုခဲ့တဲ့ စီမံကိန်းစာချုပ်တော်တော် များများမှာ မြန်မာက အောက်ကြေးနဲ့ပဲချုပ်ခဲ့ရတာ။ တရုတ်က သိပ်သဘောကျတာပေါ့။ သို့သော် အရင်အ ချိန်ကတော့ ကျွန်တော်တို့လူထုကလည်း မကျေနပ်ချက် တွေကို ဖော်ထုတ်ဖို့အခွင့်မသာဘူး။ နိုင်ငံတကာကလည်း အဆက်ဖြတ်ထားတယ်။ အခုတော့ အပြောင်းလဲတွေ က တစ်စုံတစ်ရာဖြစ်လာခဲ့ပြီဆိုတော့ ဒီမျှတမှုမရှိတဲ့ စာချုပ်တွေကို ဝေဖန်မှုတွေရှိလာတယ်။ နိုင်ငံတကာ နဲ့လည်း အဆက်အသွယ်ရလာပြီဆိုတော့ရှေ့ဆက်ပြီး တော့ တစ်ဖက်သတ်ကျတဲ့စာချုပ်တွေချုပ်ဆိုဖို့ကတော့ မလွယ်တော့ဘူးထင်တယ်။ အဟောင်းတွေကိုလည်း ဆက်အကောင်ထည်ဖော်ဖို့က တော်တော်များများပြ ဿနာရှိတယ်။ အထူးသဖြင့် မြန်မာအစိုးရက မလွှဲမ ရှောင်သာစဉ်းစားရမှာက ပြည်သူလူထုကလက်မခံဘူး ဆိုတာကိုဖြစ်တယ်။ ဒီအနေအထားတွေအောက်မှာ ရှေ့ ဆက်ဆိုးဆိုးရွားရွားဖြစ်မသွားပေမယ့် အရင်ကလောက် မကောင်းနိုင်တော့ဘူး။ ဒါကြောင့် တရုတ်ရဲ့ရင်းနှီးမြှုပ် နှံမှုတွေက အရင်ကလောက် မကောင်းနိုင်တော့ဘူး။ အဲဒီတော့ အရေးကြီးတာက ဟာသွားတဲ့ရင်းနှီးမြှုပ်နှံမှု နေရာတွေမှာ ဘယ်ကရင်းနှီးမြှုပ်နှံမှုတွေနဲ့ဖြည့်ရမလဲ ဆိုတာ စဉ်းစားရမယ် ဒါကတစ်ချက်။ နောက်တစ်ချက် က တရုတ်နဲ့လွန်သွားခဲ့တဲ့ စာချုပ်ဟောင်းတွေကိုရော ဘယ်လိုရင်ဆိုင်ကြမလဲ။ လုံးဝဖျက်သိမ်းပစ်မှာလား။ ဒါမှမဟုတ် ဒီအတိုင်းဆက်သွားမလား။ ဒါမှမဟုတ် တတ်နိုင်သလောက် စေ့စပ်ညှိနှိုင်းပြီးတော့ အထိုက်အ လျောက်မျှတအောင် စာချုပ်တွေကို ပြင်ပြီးမှသွားမလား။ သုံးခုရွေးစရာရှိတာပေါ့လေ။ ပြည်သူ့ဆန္ဒကတော့ လုံးဝ ဖျက်သိမ်းဖို့မှာရှိလိမ့်မယ်ထင်တယ်။ အရင်အစိုးရနဲ့ချုပ် ဆိုစဉ်က အကျိုးစီးပွားတစ်စုံတစ်ရာရှိတဲ့အင်အားစုတွေ ဘက်ကတော့ ဘာမှမပြောင်းလဲဘဲ ဒီအတိုင်းဆက်သွား ဖို့လိုလားမှာပဲ။ နှစ်ခုစလုံးက အန္တရာယ်ရှိတယ်။ ပထမ တစ်ခုလုံးဝဖျက်သိမ်းတာမျိုးလုပ်လိုက်ရင် ကျွန်တော် တို့က တရုတ်ပြည်ကလာနိုင်တဲ့ ပထဝီနိုင်ငံရေးအန္တ ရာယ်တွေကြုံရလိမ့်မယ်။ နောက်တစ်ခါ စာချုပ်တွေအ တိုင်း အပြောင်းအလဲမရှိဘဲဆက်သွားမယ်ဆိုရင် လူထု ရော တိုင်းပြည်ပါ သိပ်နစ်နာတယ်။ ပေါက်ကွဲသင့်တဲ့ အခြေအနေဖြစ်နိုင်တယ်။ အဲဒီတော့ ကြားအဖြေတစ်ခု အနေနဲ့ တတ်နိုင်သမျှညှိနှိုင်းပြီး စာချုပ်တွေကိုပြင်ဆင် ချုပ်ဆိုတာတွေ ဖြစ်နိုင်သလောက်မျှတအောင်လုပ်ပြီး ဆက်သွားရအောင်လုပ်ရလိမ့်မယ်။ ချုပ်ပြောရင်တော့ လက်ပံတောင်းအစီရင်ခံစာမျိုးနဲ့ပြောင်းတာအသင့် တော်ဆုံးပဲ။
မေး။ ။လက်ပံတောင်းအနေနဲ့ပြောရရင် အစီရင်ခံစာကတော့ ဟုတ်တယ်။ အကောင်ထည်ဖော်ရာမှာ နှောင့်နှေးတဲ့အ တွက် ပြဿနာတွေ ပဋိပက္ခတွေ ဖြစ်နေရတာတွေရှိတယ် လို့ဆိုကြတယ်။ အစိုးရအနေနဲ့ဘယ်လိုဖြေရှင်းသင့်သလဲ။
ဖြေ။ ။ကျွန်တော့်အမြင်ပြောရရင်တော့ လက်ပံ တောင်းအစီရင်ခံစာညွှန်းတဲ့လမ်းကြောင်းဟာ ဖြစ်သ မျှအခြေအနေမှာ အကောင်းဆုံးလမ်းကြောင်းလို့ ကျွန် တော်ထင်တယ်။ ဒါပေမဲ့ ဖြစ်သမျှအခြေအနေတွေ ပြ ဿနာတွေကို အပြီးပြတ်မဖြေရှင်းနိုင်ရတာကတော့ လက်ပံတောင်းအစီရင်ခံစာအကောင်ထည်ဖော်ရေး ကော်မတီမှာ ပိုတာဝန်ရှိလိမ့်မယ်ထင်တယ်။ ဘယ်အ ပိုင်းမှာအားနည်းသလဲ တစ်ဖက်ကဒေသခံတွေမကျေ နပ်တာကဘာလဲ။ အထူးသဖြင့် မြေယာပြဿနာ။ မြေ ယာတွေသိမ်းခံရတာဟုတ်တယ်။ ထိုက်သင့်တဲ့လျော် ကြေးပေးရမယ်။ လျော်ကြေးဆိုတဲ့နေရာမှာ ငွေကြေး ပေးရုံနဲ့လုံလောက်ချင်မှလုံလောက်မယ်။ မြေဈေးတွေ ကတက်နေတာကိုး မြေယာအစားပေးမှုတွေရှိသလား။ ဒါတွေကိုတော့ ပြန်စိစစ်ဖို့လိုလိမ့်မယ်။ အစီရင်ခံစာညွှန်း တာကို လက်တွေ့မှာ ပီပီပြင်ပြင်အကောင်ထည်ဖော် ဖို့လိုတယ်။ ဒေသခံတွေဘက်ကလည်း ဖျက်သိမ်းရေး ဆိုတာထက် စေ့စပ်ညှိနှိုင်းအဖြေရှာရေးကို မျက်နှာမူ ဖို့လိုလိမ့်မယ်။ နှစ်ဖက်စလုံးတင်းကြရင်တော့ ပြေလည်မှု ဘယ်တော့မှရမယ်မထင်ဘူး။
ဆက်လက်ဖော်ပြပါမည်။
Yangon Media Group
No comments :
Post a Comment