.

AlinShin

Tuesday, December 16, 2014

သန်းရွှေသေဆုံးခြင်းနှင့် facebook ပြဿ နာများ .

~❈❀✿⊰❂⊱✿❀❈~ ~❈❀✿⊰❂⊱✿❀❈~

ဦးသန်းရွှေသေဆုံးခြင်း ဖေ့ဘုတ်မှစတင်ပျံ့နှံ့ခဲ့သဖြင့် ဖေ့ဘုတ်အသုံးပြုခြင်း ပိတ်ပိတ်ရန် 
မခင်သန္တာရွှေမှ ဆက်သွယ်ရေးဝန်ကြီးအား ညွှန်ကြား .....

Update to Date 05:00 16 Dec 2014

ဦးသန်းရွှေသေဆုံးသည့်သတင်းအား ဖေ့ဘုတ်အသုံးပြုသူ အသိုင်းအဝိုင်းမှ ပေါက်ကြား
ခဲ့မှုကြောင့် ဦးသန်းရွှေ၏ သမီးတော်များမှာ လွန်စွာဒေါသထွက် လျှက်ရှိနေကြသည်။

၎င်းဖြစ်စဉ်နှင့်ပက်သက်၍ ဆက်သွယ်ဝန်ကြီး ဦးမြတ်ဟိန်းအား ဦးသန်းရွှေ၏ သမီးငယ် 
ခင်သန္တာရွှေမှ ဖေ့ စ်ဘုတ်လူမှုကွန်ယက်အား မြန်မာပြည်မှ အသုံးပြု၍ မရအောင် ဖိအားပေး ဆောင်ရွက်ခိုင်း လာကြောင်း။

အဆိုပါ အမိန့်ပေး ခိုင်းစေခြင်းကို ဒုဝန်ကြီးဦးသောင်းတင်မှ
"ဒါဟာ အစိုးရအဖွဲ့ ကိုရော အိုင်တီနည်းပညာကိုပါ အာဏာရှင်ဆန်ဆန် အမိန်ပေး
စေခိုင်းမှုဖြစ်ကြောင်း"

"လုံးဝလက်မခံနိုင်ပါကြောင်းနှင့်  အကယ်၍ အတင်းအကျပ် ခိုင်းစေမှုရှိလာပါက 
မိမိရာထူး စွန့် လွှတ်သွားမည်ဖြစ်ကြောင်း။" ကို

ဆက်သွယ်ရေးဝန်ကြီးဌာနရုံး အတွင်းမှ တီးတိုး သတင်းတစ်ရပ် ထွက်ပေါ်လာပါသည် ... ဒါမှ 
တို့ " ဝံဂျီး " ကွ .. သယ်ရင်းတို့ရေ မြန်မာပြည်မှာ Facebook ပိတ်လိုက်ရင် 
??????? .. credit to ... ရွှေသွေးလေး ..
~❈❀✿⊰❂⊱✿❀❈~ ~❈❀✿⊰❂⊱✿❀❈~
ကယ်လီဖိုးနီးယားပြည်နယ် မန်လိုပ့ါခ်မြို့ရှိ ကုမ္ပဏီ၏ ရုံးချုပ်တွင် မကြာသေးမီက ပြုလုပ်ခဲ့သော အမေးအဖြေကဏ္ဍ တစ်ခု၌ Facebook အနေဖြင့် သုံးစွဲသူများ၏ စိတ်ခံစားမှုကို ဖော်ပြရာတွင် Like ခလုတ်ကဲ့သို့ ဖော်ပြနိုင်မည့် အခြားနည်းလမ်းများကို စဉ်းစားနေကြောင်း အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘက်ခ်က ပြောကြားခဲ့သည်။

အဆိုပါ အမေးအဖြေ ကဏ္ဍတွင် ကာလအတန်ကြာကတည်းက တောင်းဆိုခဲ့သည့် dislike ခလုတ်ကို Facebook တွင် ထည့်သွင်းရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုအပေါ် ဇူကာဘက်ခ်က “ဒီကိစ္စအတွက် ကျွန်တော်တို့ စဉ်းစားနေပါတယ်” ဟု ဖြေကြားခဲ့သည်။

သို့သော် အဆိုပါ ခလုတ်ကို dislike အဖြစ် ခေါ်ဆိုရန် မသေချာကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။ လူအများစုသည် Facebook ပေါ်တွင် တွေ့မြင်ရသည့် post များကို like မဟုတ်ဘဲ အခြားသော စိတ်ခံစားချက်များဖြင့် ဖော်ပြရန် ဆန္ဒရှိကြကြောင်း ဇူကာဘက်ခ်က ဆိုခဲ့သည်။

“လူတိုင်းက Like ခလုတ်ကိုနှိပ်ပြီး သူတို့ရဲ့ စိတ်ခံစားချက်ကို ဖော်ပြကြပါတယ်။ ဒါဟာ တစ်စုံတစ်ယောက်ရဲ့ စိတ်ခံစားချက်နဲ့ ထပ်တူကြကြောင်း ဒါမှမဟုတ် စာနာထောက်ထားကြောင်းကို ဖော်ပြခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေမှာ Like ခလုတ်နဲ့ မသင့်တော်တဲ့ one-click တုံ့ပြန်မှုမျိုးနဲ့ လူတွေက သူတို့ရဲ့ စိတ်ခံစားချက်ကို ဖော်ပြလိုကြပါတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့အနေနဲ့ သင့်တော်မယ့် နည်းလမ်းနဲ့ လုပ်ဆောင်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ dislike ဒါမှမဟုတ် အနှုတ်လက္ခဏာဆောင်တဲ့ အခြား စိတ်ခံစားချက်က လွဲမှားတဲ့ အကြောင်းကိစ္စရပ်တွေ အတွက် အလွယ်တကူ အသုံးပြုနိုင်တာကြောင့်ပါ” ဟု ဇူကာဘက်ခ်က ပြောကြားခဲ့သည်။
http://internetjournal.media/new/638
Ref: Mashable
~❈❀✿⊰❂⊱✿❀❈~ ~❈❀✿⊰❂⊱✿❀❈~

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget