~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~ ~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဝမ်ပေါင်ကုမ္ပဏီနှင့် ယမ်စီကုမ္ပဏီမှ
အလုပ် သမားများသိစေရန် .....
နိုင်ငံတကာစံချိန်စံညွှန်းနဲ့လုပ်မယ် ဆိုသောကြေးနီစီမံကိန်းက လုပ်ခလစာရော
နိုင်/စံညွှန်း ကိုမပေးသင့် ဘူးလား?
လက်ပံတောင်းတောင်စီမံကိန်းမှ နိုင်ငံခြားသားကို (10%) ပညာရှင်တွေကို
ဘဲထားမယ်ပြောတယ် စီမံကိန်းထဲမှာတရုတ်အလုပ်သမား ဘယ် လောက်ရှိနေတယ်ဆိုတာကိုအလုပ်သမား တွေအသိဆုံးဖြစ်မှာမှာ ကိုယ့်ဒေသအတွက် အလုပ်ကိုင်တွေမဆုံးရှုံးနေဘူးလား?
တရုတ်အလုပ်သမား(နေ့စား) တယောက်မှာ တနေ့ကိုဝင်ငွေ(50000)
ကျပ်ဝန်းကျင်ရှိတယ် မြန်မာတယောက်ကို နေ့ စား(3500) ကျပ်ဝန်းကျင်နဲ့လုပ်နေ
ရတယ် တရုတ်နေ့ စားမှာ စားဖိုချောင် နား နေဆောင် နေစရာအဆောက်ဦး
(အဲယားကွန်း)ခန်းတွေ ဖယ်ရီကားရှိတယ် သန့် ရှင်းရေးတွေအပြည့်ရှိတယ် မြန်မာအ လုပ်သမားနဲ့အကုန်လုံးကွာခြားနေပါတယ် ဒေသခံနေ့ စားတယောက်အလုပ်လျှောက်
မယ်ဆိုရင် အိမ်ထောင်စုဇယားမိတ္တူ ရပ်ကွပ်ထောက်ခံစာ ရဲထောက်ခံစာ အလုပ် သမားဝန်ကြီးထောက်ခံစာ ဆေးထောက်ခံ စာ ပညာအရည်ချင်း စတဲ့အချက်တွေပါမှ
လက္ခံပါတယ် တရုတ်အလုပ်သမားတွေရော ဘယ်အချက်တွေနဲ့လက်ခံတယ်ဆိုတာကို
မသိသင့်  ဘူးလား?
တရုတ်နဲ့ ဦးပိုင်ကိုချမ်းသာအောင် လုပ်ပေးနိုင်တာ အလုပ်သမားတွေပါပဲ လယ်ယာမြေဆုံးရှုံးတဲ့ဒေသခံနစ်နာအောင် လုပ်နေတာဟာ တရုတ်နဲ့ ဦးပိုင်ပါပဲ စီမံကိန်း
ပိတ်သိမ်းလို့ ဘေးထွက်ဆိုးကျိုးများ စွာနဲ့ မြေမဲ့ ယာမဲ့အလုပ်လက်မဲ့ဖြစ်ပြီးခံနေ
ခဲ့ရမှာကတော့ ဒေသခံတွေပါပဲ သယံဇာတ ဆုံးရှုံးမူ့ ကိုခံစားနေရမှာက အများပြည်သူ ပြဿနာပေါင်းစုံဖြေရှင်းနေရမှာကအစိုးရ အကျိုးအမြတ်တွေအများကြီးယူသွားမှာက
တရုတ် အချောင်ကြားထဲကစားချင်တာက စစ်တပ်နောက်ခံထားတဲ့ဦးပိုင် ဒါတွေကော
မသိသင့် ဘူးလား?
လက်ပံတောင်းကိုမစခင်မှာ ရှေ့ ပြေး စပယ်တောင်/ကြေးစင်တောင် ရှိပါတ ယ်
စပယ်တောင်ကုန်သွားပါပြီ မကြာခင်ကာ လအပိုင်းခြားတခုမှာ ကြေးစင်တောင်
ကုန် ပါတော့ မယ် ဘယ်မှာလဲလယ်သမားအ တွက်အကျိုးမြတ် ဘယ်မှာလဲ
အလုပ်သမား အတွက်အကျိုးမြတ် ဘယ်မှာလဲနိုငိငံတော်အတွက်အကျိုးမြတ်
ဦးပိုင်နဲ့တရုတ် အတွက်လုပ်ပေးနေရသလို ဖြစ်နေပါတယ် .....
ဒါတွေကိုအလုပ်သမားသိစေချင် လို့ ရေးသားဖေါ်ပြရခြင်းဖြစ်ပါတယ် အလုပ် သမားများ
လုပ်ခလစာကို တန်ရာတန်ကြေး ရနိုင်ကြပါစေ......
RF
https://www.facebook.com/profile.php?id=100004424408601
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~ ~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
No comments :
Post a Comment