.

AlinShin

Thursday, December 25, 2014

လက်ပံတောင်းတောင်သူရဲကောင်း-ဒေါ်ခင်ဝင်း၏ သေတမ်းစာ

(လက်ပံတောင်းတောင်သူရဲကောင်း-ဒေါ်ခင်ဝင်း၏ သေတမ်းစာ)

Share ခြင်းဖြင့် ဓမ္မအလင်းဝေငှတော်မူပါရန် တိုက်တွန်းပါသည်။
မူရင်းလက်ရေးမူကို Scan ဖတ်၍ တင်ပေးပါဦးမည်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
~❈❀✿⊰❂⊱✿❀❈~ ~❈❀✿⊰❂⊱✿❀❈~
ဘုန်းဘုန်း (မဘသ) နဲ့ (၉၆၉) တို့ရေ . . . .
အမျိုးစောင့် အမျိုးစောင့်နဲ့ ၊ ဘယ်အမျိုးကိုများစောင့်ခဲ့ကြတာတုန်း။
တပည့်တော်မ ဒေါ်ခင်ဝင်းဟာ ဘိုးစဉ်ဘော်ဆက် ဘွားလက်ထက်
ကတည်းက ဘုရားတရားသံဃမိဘဆရာသမားဆိုသောအနန္တော
အနန္တငါးပါးဦးထိပ်ထားခဲ့သော ရဟန်းဒါယိကာ၊ဘုရားဒါယိကာ၊
မကြီးပါဘုရား။
သို့ပါ၍ ဘုရားတပည့်တော်မ မသေခင် ဤစာကိုရေးရခြင်းသည်
အမျိုးဘာသာသာသနာအတွက်ဆိုသည်မှာ အထူးပြောဖွယ်ရာမရှိ
ပါ။ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအရ “သေတမ်းစာရေးရိုး”မရှိခွင့်မပြု
သော်လည်း ဘုရားတပည့်တော်မသည် အမျိုးဘာသာသာသနာ
တော်အတွက် အခုလိုရေးသားလိုက်ရခြင်းသာဖြစ်ပါသည်ဘုရား။
အရှင်ဘုရားတို့သည် . . . . .
(၁) အဘယ်အမျိုးကိုစောင့်ရှောက်နေပါနည်း။
(၂) အဘယ်ဘာသာကိုစောင့်ရှောက်နေပါသနည်း။
တပည့်တော်တို့ ဗုဒ္ဓဘာသာမျိုးနွယ်ဝင်တွေကိုစောင့်ရှောက်သည်ဟု
ဖြေဆိုပါရင်၊ ဘာဖြစ်လို့ တပည့်တော်တို့တွေကို တရုတ်ဝမ်ပေါင်က
မတရားသတ်ဖြတ်နေတာကို အကာအကွယ်မပေးပါသနည်း။
ဗုဒ္ဓဘာသာကိုစောင့်ရှောက်သည်ဟု ၀န်ခံပါရင် ၊လယ်တီသိမ်ကဲ့သို့
သောရှေးဟောင်းသမိုင်းဝင်ဘုရားသိမ်စေတီတော်တွေကို တရုတ်ဝမ်
ပေါင်ကြီးကဒိုဇာနဲ့ထိုးကော်ဖျက်ပစ်တာကို / သံဃာတော်တွေကိုမီး
လောင်ဗုံးနဲ့ပစ်သတ်တာကို…စသည်ဖြင့် အရှင်ဘုရားတို့ အဘယ့်
ကြောင့် နှုတ်ဆိတ်နေကြပါသနည်း။
မွတ်ကုလား အော်ရီဒူး ဖုန်းကိုတော့ဖြင့် မကွေးဦးပါမောက်က အမျိုး
သားရေးအရ ကန့်ကွက်နိုင်ပါသေးရင်  ..  တပည့်တော်မကိုဗုဒ္ဓဘာသာ
ဝင်လက်နက်မဲ့အမျိုးသမီးတစ်ယောက်ကို စစ်ခွေးရဲခွေးတွေက တရုတ်
ကြီးခိုင်းတိုင်း သေနပ်နဲ့ပစ်သတ်တာကို မကွေးဦးပါမောက်ဘာ့ကြောင့်
မကန့်ကွက်ပါသနည်း . . ။
ဒါ့ကြောင့် ပြည်တွေဟာ (မဘသ) (၉၆၉) ကြီးတို့ထင်သလောက်
မရိုးမအ၊ မနုံကြပါဘူး  .. ။
သို့ဖြစ်ပါ၍  . . . .
အရှင်ဘုရားတို့သည်  . .  အမြင်မှန်ကိုရသင့်သလို၊ တရုတ်ကြီးဝမ်
ပေါင်နဲ့စစ်ခွေးကြံ့ဖွတ်တို့ခိုင်းတိုင်း  ..  တရုတ်အမျိုးကိုမစောင့်ကြပါ
နဲ့ဘုရား။ စစ်ခွေးကြံ့ဖွတ်ကြီးကို ထောက်ခံ၍ မနေကြပါနဲ့ဘုရား။
သံသရာသည်ကျယ်ဝန်းသိကိုသိတော်မူကြသည့်အတိုင်း သံသရာ
မှာ စစ်ခွေးကြံ့ဖွတ်တို့နှင့်အတူ မဟာအ၀ီစိသို့ သက်ဆင်းတော်မမူ
ကြပါနှင့်ဘုရား  . . ..ဟု . .
ဘုရားတပည့်တော်မှ ဒေါ်ခင်ဝင်းသည် အသက်စတေး၍ အရှင်
ဘုရားတို့အား အလင်းအသိဝေမျှပေးဆပ်လိုက်ပါသည်။
ပုံ/
ဒေါ်ခင်ဝင်း(လက်ပတောင်းတောင်သူရဲကောင်း)
~❈❀✿⊰❂⊱✿❀❈~ ~❈❀✿⊰❂⊱✿❀❈~

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget