.

AlinShin

Thursday, December 25, 2014

ကုန်းကမူပေါ်က အင်တာနက်ဖိုင်ဘာကေဘယ်ကြိုး တာဝန်ရှိသူများ ပြင်ဆင်ရန်




အခုလို. . ဓာတ်ပုံမှာမြင်တွေ့ရတဲ့အတိုင်း ပြည်သူပိုင်ပစ္စည်းတွေကို
ဖြစ်သလိုတပ်ဆင်ထားခြင်းဟာ အလွဲသုံးစားလုပ်ခြင်းပါပဲ။ မကြာခဏ
ဆိုသလို အင်တာနက်လိုင်းကေဘယ်ကြိုးများ ပင်လယ်ရေအောက်မှာ
ပျက်နေတယ်ဆိုတာ တကယ်တော့ ဆက်သွယ်ရေးဝန်ကြီးက ငွေဖန်
အောက်ဆိုဒ် ဂွင်ဆင်တဲ့အကွက်ပါပဲ။
တကယ်ပျက်နေတာက ကုန်းပေါ်မှာပါ။ ဒါကို ကုန်ကြစရိတ်အဖြစ်နိုင်ငံ
တော်မှာတင်တဲ့အခါ ငွေပိုစားရအောင် ပင်လယ်နက်ကြီးကို သက်သေ
တည်လိုက်တာပါပဲ။
ဒါ့ကြောင့် မင်းတို့ငါတို့ရဲ့ ပြည်သူပိုင်ငွေတွေဟာ စစ်ခွေးကြံ့ဖွတ်တို့ရဲ့
ကုလားဖန်ထိုးရင်း ကုန်နေပါပြီ။ နောက်လာမယ့်အနာဂါတ်လူငယ်
တွေဟာ ဒီကောင်တွေလုပ်ထားတဲ့ ကမ္ဘာလှည့်ချေးငှားထားတဲ့
ကြွေးတွေကို ဆပ်ရပါတော့မယ်။ ဒိလိုနဲ့ မြန်မာနိုင်ငံဟာ အောင်ဆန်း
ပြောခဲ့သလို  . . ဖာနိုင်ငံအဖြစ်နေပါပြီ၊ အောက်ပါသတင်းဟာ မူရင်း
ဓာတ်ပုံပိုင်ရှင်ရဲ့ စကားတွေပါပဲ . .
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
~❈❀✿⊰❂⊱✿❀❈~ ~❈❀✿⊰❂⊱✿❀❈~
ကျွန်တော်တို့ တစ်နိုင်ငံလုံး အားထားပြီး သုံးနေရတဲ့SEMEWAY 3
အင်တာနက် ဖိုင်ဘာကေဘယ်လိုင်းပါ၊ နိုင်ငံတကာ ဆက်ကြောင်းနဲ့
ပင်လယ်ထဲမှာချိတ်ဆက်ပြီး ဖျာပုံမြို့နယ် ကုလားထိပ်ကမ်းခြေကနေ
ဖျာပုံမြို့ကတဆင့် ရန်ကုန်မြို့ဆီမြေအောက်လိုင်းနဲ့ ဆက်သွယ်ထား
တာပါ၊ အဲဒီကေဘယ်လိုင်းနဲ့အတူလွန်ခဲ့သော အနှစ် ၂၀ ဝန်းကျင်က
ကားလမ်းပါ ဖောက်ပေးခဲ့ပါတယ်၊ တစ်အိမ်ထောင် မြေကြီးဘယ်နှစ်
ကျင်းဆိုပြီး သူတို့အမည်ခံ ကိုယ့်ဘာသာမြေကြီးပေါက်ပြီး ဖောက်ခဲ့တဲ့
ကားလမ်းပါ၊ ဒါပေမဲ့ ကျေးဇူးတင်ပါတယ်၊ သွားလမ်းသာလို့ လာလမ်း
ဖြောင့်ခဲ့တယ်၊ခုကားဟောင်းအပ်ပြီး အဆင့်မြင့်ကားတွေလဲ လဲရော
ဂျစ်ကားမှ သွားလို့ရတဲ့လမ်းကဘာကားမှ သွားလို့မရတော့ပါ၊ မနှစ်
ကတော့ ကုမ္ပဏီတစ်ခုက လမ်းတစ်ဝက် ကိုဘတ်ဂျက်နဲ့ လာပြင်ပေး
သော်လည်း မည်သည့်ယာဉ်မှ မသွားရဆိုတဲ့ ဆိုင်းဘုတ်တပ်ထားတော့
ဘယ်လို ခိုးသွားမှန်း မသိခဲ့ရဘူး၊ သွားချင်ရင် လယ်ထဲက မြေကြီး
ခြောက်မှသွားရတယ်၊ပြောချင်တာက လမ်းမဟုတ်ပါ၊အင်တာနက်လိုင်းကို
လမ်းအောက်မှာ မြှုပ်ထားပြီး လမ်းပျက်စီးနေသည့်အတွက်ကြိုးလိုင်းများ
ပေါ်နေပြီး အောက်မှာချောင်းငယ်လေးဖြစ်၍ ရေတောထဲ ရောက်နေ
ပါသည်၊၄င်း အင်တာနက်လိုင်းပေါ်မှာ မြင်ရတဲ့အတိုင်း တံတားသဖွယ်
လူရောဝက်ရော နွားများပါမကျန် သွားလာနေပါသည်၊ အခုလို သေချာမှု
မရှိတာဘယ်နေရာတွေမှာ ရှိသေးလဲ ကျွန်တော်မသိပါ၊
နိုင်ငံနှင့်အဝှမ်း၊ နိုင်ငံတကာနှင့် ချိတ်ဆက်ထားသော သည်အင်တာနက်
ဆက်ကြောင်းသည် ခုလို ပရမ်းပတာ မဖြစ်သင့်ပါ၊ ခုလို ပုံမှာတွေ့တဲ့
အတိုင်းတာဝန်ရှိ ဆက်သွယ်ရေး ဝန်ကြီး မြင်စေချင်ပါတယ်၊ သေချာစွာ
စစ်ဆေး၍ ပြုပြင်သင့်ပါတယ်၊ ကျွန်တော်တို့ အားထားပြီး သုံးနေတဲ့
ဒီလိုင်းကြီး ခုလို ဖြစ်နေတာတာဝန်သိစွာ ဝိုင်းဝန်း ရှဲပေးလို့ တာဝန်ရှိတဲ့
သူတွေ အမြန်ဆုံးပြုပြင်နိုင်ပါစေ၊ခု မြင်ရတာကတော့ ဖျာပုံ ဘုန်းကြီးသောင်
ကားလမ်း အစမှာပါ///
့ credit to Kyaw Yadanar
https://www.facebook.com/media/set/…
~❈❀✿⊰❂⊱✿❀❈~ ~❈❀✿⊰❂⊱✿❀❈~




No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget