.

AlinShin

Monday, December 22, 2014

အမွန်းအကြောင်းဆီမှ လက်ပတောင်းတောင်ဒေသက ကောင်မလေးသေဆုံး

~❈❀✿⊰❂⊱✿❀❈~ ~❈❀✿⊰❂⊱✿❀❈~
သြော်  .. .
သူလည်း နာမည်ကြီးချင်တာပေါ့လေ။ ပုထုဇဉ်ဆိုတော့က
လူတိုင်းဒီလိုပဲ ကျော်ကြားချင်ကြတာပါပဲ။ ဒီတော့ ကိုယ်ကျော်
ကြားဖို့အတွက် ထိုးဖေါက်ရတော့ပါ။
ဒါကို ပရိတ်သတ်က နားလည်ပေးနိုင်ရင် အမွန်းတစ်ယောက်
ကျေနပ်နေပါလိမ့်မည်ဟု  . . ထင်ပါသည်။
အလင်းရှင်လည်း Google ပေါ်မှာ အမွန်းရဲ့ Sesy ပုံများရှိ
မလားလို့ရှာတာမတွေ့ဘူး  . ဒါ့ကြောင့် မတင်ပေးနိုင်တာကိုတော့
Sexyအကြိုက် ကိုကိုလေးများ သည်းခံတော်မူကြပါနော်  .. ။
ဒါ့ကြောင့် ပရိတ်သတ်ကြီးရေ  . ..
အမွန်းဆိုတဲ့ ကောင်မလေးကိုအားပေးလိုက်ကြပါဦး။
အဲ  . . . ကြုံတုန်း.ပြောရဦးမယ်။ ဟို  .. လက်ပတောင်းတောင်မှာလည်း
ကောင်မလေးတစ်ယောက်ကို စစ်ခွေးကြံ့ဖွတ်တို့သေနပ်နဲ့
ပစ်လိုက်တာ သေသွားတယ်တဲ့  ..  ဗျို့။
အခုပေးလိုက်တဲ့လင့်မှာ ကလစ်ခေါက်ကြည့်ကြပါဦး  ..  ဗျာ။
http://alinshin.blogspot.com/2014/12/blog-post_831.html
ကျုပ်တို့ပြည်သူတွေ ဒီလိုပဲ စစ်ခွေးကြံ့ဖွတ်သတ်သမျှ ခံနေရတော့မှာလား။
ကဲ  ..  အမည်မသိတဲ့ လက်ပတောင်းဒေသက ညီမလေးရေ  . .
ရောက်ရာအရပ်က အလင်းရှင်ပြုလုပ်အပ်သော ဓမ္မဒါနကို အမျှပေးဝေပါသည်
သာဓု  .. .  သာဓု  . . သာဓု  . .
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
☀ ✂•••× ☀ ✂•••× ☀ ✂•••×•••× ☀ ✂•••×•••× ☀ 
မိုင်လေဆိုင်းရပ်စ်၏ ဒီဇိုင်နာကိုယ်တိုင်   ဖန်တီးပေးခဲ့သည့် ပေါင်ရင်းထိဖော်ထားသော ဝတ်စုံကို ဝတ်ဆင်ဖျော်ဖြေခဲ့သည့် ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍   ဂုဏ်သိက္ခာထိခိုက်သည်အထိ  ဝေဖန်မှုများကို   လက်မခံနိုင်ကြောင်း   အမွန်းက   တုံ့ပြန်ပြောကြားသည်။

ရန်ကုန်မြို့ရှိ ကန်တော်ကြီးမျှော်စင်ကျွန်းတွင် ဒီဇင်ဘာ၂၀ရက်က ပြုလုပ်ခဲ့သော Grand Royal ရှိုးပွဲ၌ ဖျော်ဖြေခဲ့သည့် တေးသံရှင် အမွန်း၏ ပေါင်ရင်းအထိ ဖော်ထားသည့်ဝတ်စုံဝတ်ဆင်ခဲ့မှုကို လူမှုကွန်ရက်များတွင် ပရိသတ်များက ပြင်းပြင်းထန်ထန် ဝေဖန်လျက်ရှိကြသည်။

‘‘ဒီအဝတ်အစားနဲ့ ဘုရားတွေ  ဘာတွေ သွားတာလည်း မဟုတ်ဘူး။ အဲဒီလိုဆိုရင်တော့ ညီမကို   ကြိုက်သလိုပြောလို့ရတယ်။ ဒီလို rock ပွဲမှာ performance အရ  ညီမ ဝတ်စားတာကို ဂုဏ်သိက္ခာထိပါးလာအောင်ထိတော့ ကြိုက်သလိုပြောလို့ရတယ်။ ဒါပေမဲ့ ညီမအနေနဲ့ အဲဒီလိုပြောတာတွေလက်မခံဘူး’’ဟု တေးသံရှင်အမွန်းကဆိုသည်။

၎င်းဝတ်ဆင်ခဲ့သည့်အင်္ကျီ မှာ နိုင်ငံတကာအဆိုကျော်များဖြစ်သည့် မိုင်လေဆိုင်းရပ်စ်နှင့် ကေတီပယ်ရီတို့၏    ဒီဇိုင်နာ Marco က တေးသီချင်းနှင့်လိုက်ဖက်သော အဝတ်အစားကို ၎င်းကိုယ်တိုင်းဖြင့်   ချုပ်ပေးသည့်အတွက်ကြောင့် မိုင်လေဆိုင်းရပ်စ်အင်္ကျီနှင့် ဒီဇိုင်းတူညီနေခြင်း ဖြစ်ကြောင်း အမွန်းကပြောသည်။

‘‘ဒီအက်ႌကို ဒီပြဲမွာမွ ပထမဆံုးဝတ္တာမဟုတ္ပါဘူး။ ညီမရဲ့ Cheap Sunglasses သီချင်းထဲမှာလည်း ဝတ်ထားပါတယ်။ အဲဒီ သီချင်းကိုကြည့်ဖူးတဲ့လူတိုင်း သိမှာပါ’’ဟုလည်းပြောသည်။

ယင်းဖျော်ဖြေပွဲတွင် စုစုပေါင်းတေးသီချင်းလေးပုဒ် ဖျော်ဖြေမည်ဟုပြင်ဆင်ထားခဲ့ပြီး သုံးပုဒ်သာဖျော်ဖြေခဲ့ရပြီး ပထမဆုံးသီချင်းဖျော်ဖြေမှုအပြီးတွင် အဝတ်အစားပြန်လဲခဲ့ရကြောင်း တေးသံရှင်အမွန်းကဆိုသည်။

တေးသံရှင်အမွန်းသည် ၎င်း ဝတ်ဆင်ခဲ့သည့်အပေါ် မြန်မာ နိုင်ငံမှ တစ်ဦးတစ်ယောက်ဟု နိုင်ငံနှင့်ချီကာ သေးမွှားသည့်ကိစ္စများကို မချဲ့စေချင်ကြောင်းနှင့် နိုင်ငံတကာမှ ပြန်လာသည့်အတွက် ယင်းကဲ့သို့ဝတ်စားထားခြင်းမဟုတ်ဘဲ တေးသီချင်းနှင့် လိုက်ဖက်မည့်ဖျော်ဖြေမှုအရသာ ဝတ်ဆင်ထားခြင်းဖြစ်ကြောင်း ပြောသည်။

ဝတ်စုံကြောင့် ပြင်းပြင်းထန် ထန်ဝေဖန်ခံရသည့် အမွန်းက နောက်တစ်ရက်မှာပင် ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ‘‘လွတ်လပ်ခွင့်ကိုအလေးထားပါ၊ လူတစ်ဦးချင်းစီရဲ့ ခြားနားချက်ကို လက်ခံပါ’’ဟုရေးသားခဲ့သည်။ ၎င်းအနေဖြင့်လည်း ‘‘အားလုံးရဲ့ ထင်မြင်ချက်များကို လေးစားနားလည်ပေမယ့် ကျွန်မရဲ့ထင်မြင်ချက်တွေ၊ ကျွန်မပရိသတ်တွေရဲ့ ထင်မြင်ချက်တွေကိုတော့ လေးစားနားလည်ပေးမခံရပါဘူး’’ဟု ရေးသားခဲ့သည်။

အမွန်းသည် မြန်မာနိုင်ငံမှ နိုင်ငံတကာသို့ ပထမဆုံးထိုး ဖောက်နိုင်သည့် Me N Ma Gilrs ၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး မကြာသေးမီကလည်း တစ်ကိုယ်တော်အခွေ ‘မင်းပေးတဲ့အချစ်’ ထွက်ရှိထားသူဖြစ်သည်။ အမွန်း၏ အင်္ဂလိပ်ဘာသာဖြင့် သီဆိုထားသည့် ‘Myanmar’မှာလည်း လူသိများသော သီချင်းတစ်ပုဒ် ဖြစ်သည်။
http://7daydaily.com/story/27656#.VJjhic1rYA
~❈❀✿⊰❂⊱✿❀❈~ ~❈❀✿⊰❂⊱✿❀❈~

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget