.

AlinShin

Monday, December 22, 2014

အဘနဲ့အတူ လိုက်သွားပါတော့ လက်ပတောင်းတောင်ကြီးရေ

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~ ~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~


ဗျို့ …လက်ပံတောင်းတောင်ကြီးရေ  . . .
ကျုပ်တို့ ပြည်သူတွေ  . . .
ဘယ်အထိ သေဆုံးနေကြရဦးမှာလည်း  . .။

ဗျို့ …လက်ပံတောင်းတောင်ကြီးရေ  . . .
ကျုပ်တို့ သံဃာတော်တွေ  . . .
ဘယ်အထိအသတ်ခံနေရဦးမှာလည်း. . . ။

ဗျို့ …လက်ပံတောင်းတောင်ကြီးရေ  . . .
ကျုပ်တို့ရဲ့ ဒီမိုကရေစီ  . . .
ဘယ်နေ့မှရမှာလည်း . . .။

ဗျို့ …လက်ပံတောင်းတောင်ကြီးရေ  . . .
ခင်ဗျားပေးတဲ့သယံဇာတတွေက
ကျုပ်တို့ပြည်သူတွေကို သေဒဏ်ခပ်နေတာလား  . .။

ဗျို့ …လက်ပံတောင်းတောင်ကြီးရေ  . . .
အစကတည်းက ခင်ဗျားကြီး မြန်မာမြေမှမပေါက်ဘဲ
တရုတ်ပြည်မှာမနေခဲ့တာလည်း  . .။

ဗျို့ …လက်ပံတောင်းတောင်ကြီးရေ  . . .
ခင်ဗျားကြီးက ကျုပ်တို့မြန်မာပြည်သူတွေအတွက်
ကျိန်စာလား  . .?
သယံဇာတလား . . .?

ဗျို့ …လက်ပံတောင်းတောင်ကြီးရေ  . . .
ခင်ဗျားဟာ . . .
တရုတ်အတွက်လား ?
စစ်ခွေးကြံ့ဖွတ်အတွက်လား?
ကျုပ်တို့ပြည်သူတွေအတွက်လား?

တော်ပြီဗျာ  . . .
ခင်ဗျားကြီးကို စိတ်နာတယ်  . .
စစ်ခွေးဆိုးကြီးသန်းရွှေကို စိတ်နာတယ်  . ..
ကုန်ကုန်ပြောရရင်  . .
မြန်မာပြည်မှာ လူဖြစ်ရတာကိုက စိတ်နာတယ်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

အသက်၅၆ နှစ်အရွယ် ဒေါ်ခင်ဝင်း သေနတ်ထိမှန်သေဆုံးခြင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~ ~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget