လူသားခြင်းမစာနာတဲ့နိုင်ငံ။
ဒီနိုင်ငံက . . . .
ဗုဒ္ဓဘာသာကိုအတ္တဘာသာအဖြစ်ပြောင်းလဲနေတဲ့နိုင်ငံ။
ဒီနိုင်ငံက . . . .
ပြည်သူတွေ သတ်ဖြတ်ခံနေရတဲ့နိုင်ငံ။
အဲဒီနိုင်ငံမှာ ငါ့ကို မွေးဖွားခဲ့တယ်။
ဒီနိုင်ငံက . . . .
စစ်သားကနေ စစ်ခွေးဘ၀အဖြစ်ပုံဖေါ်နေတဲ့နိုင်ငံ။
ဒီနိုင်ငံက . . . .
သယံဇာတတွေကိုလုယက်ခံနေရတဲ့နိုင်ငံ။
ဒီနိုင်ငံက . . . .
စေတီပုထိုးတွေကို တူးဖြိုနေတဲ့နိုင်ငံ။
အဲဒီနိုင်ငံမှာ ငါ ကြီးပြင်းခဲ့ရတယ်။
ဒီနိုင်ငံက . . . .
ပညာတတ်လူတန်းစားတွေ စုတ်ပြတ်သတ်နေတဲ့နိုင်ငံ။
ဒီနိုင်ငံက . . . .
စစ်ခွေးကြံ့ဖွတ်တွေ ဘာသာရေးခြေယောင်ပြဖျက်ဆီးနေတဲ့နိုင်ငံ။
ဒီနိုင်ငံက . . . .
ပြည်သူပိုင်တွေကို စစ်ခွေးပိုင်စီးနေတဲ့နိုင်ငံ။
ဒီနိုင်ငံက . . . .
တရုတ်ကြီးကိုကြောက်ရပါတယ်ဆိုတဲ့နိုင်ငံ။
ဒီနိုင်ငံက . . . .
ပေါက်ဖေါ်ကြီးလုပ်သမျှ ခံနေရတဲ့နိုင်ငံ။
အဲဒီနိုင်ငံမှာ ငါဘ၀ လူတန်းစားပျက်ခဲ့ရတယ်။
ဒီနိုင်ငံက . . . .
စစ်ခွေးဆိုးတွေကို အဘတွေ ကျေးဇူးရှင်လို့ထင်မှတ်နေတဲ့နိုင်ငံ။
ဒီနိုင်ငံက . . . .
ကျေးဇူးရှင်ပြည်သူအစစ်တွေကိုစော်ကားသတ်ဖြတ်နေတဲ့နိုင်ငံ။
ဒီနိုင်ငံက . . . .
တောင်သူဦးကြီးများကိုထမင်းတစ်နပ်လျှော့စားဖို့ပြောတဲ့နိုင်ငံ။
ဒီနိုင်ငံက . . . .
လျှပ်စစ်မီးမရပေမဲ့ ပိုလျှံလို့ရောင်းစားပစ်တယ်ဆိုတဲ့နိုင်ငံ။
ဒီနိုင်ငံက . . . .
လေယဉ်ပျံက မြေကြီးပေါ်ပျံလို့ ဆိုင်ကယ်စီးတဲ့သူအတိုက်ခံ
သေတာတောင် ထိုဆိုင်ကယ်သမားစောက်သုံးမကျဘူးလို့
အပြောခံရတဲ့နိုင်ငံ။
အဲဒီနိုင်ငံမှာ ငါကိုယ်တိုင်အသိတရားမဲ့ခဲ့တယ်။
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~ ~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
No comments :
Post a Comment