~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~ ~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
ခေတ်လူငယ်များအတွက် ကာယဗလကြံ့ခိုင်ဖွံ့ဖြိုးရေး clup
များဖွင့်လှစ်သင်ကြားပေးသကဲ့သို့ စိတ္တဗလကြံ့ခိုင်ဖွံ့ဖြိုးရေးအ
အတွက်လည်း သင်တန်းကျောင်းများဖွင့်လှစ်သင်ကြားပေးဖို့
လိုပါတယ်။
ထိုသင်တန်းကျောင်းများမှာ . . .
ငါ့ဘာသာ ငါ့လူမျိုး ငါ့နိုင်ငံဆိုတဲ့ အတ္တလွန်လေ့ကျင့်ခန်းများအစား
ကျယ်ပြန့်နက်ရှိုင်းသော အသိဉာဏ်အလင်းများကို လေ့ကျင့်ပျိုး
ထောင်သင်ကြားပေးစေလိုပါတယ်။ ထိုသင်ခန်းစာများဟာ ဗုဒ္ဓစာ
ပေတွင်ရှိပြီးသားပါ။ cost အနေနဲ့အထူး Plan ချဖို့မလိုပါဘူး။
ဗုဒ္ဓစာပေတွင်ရှိပြီးသော ဝေါဟာရများကို ခေတ်နဲ့လျှော်ညီအောင်
ဘာသာပြန်ဖို့ပဲလိုပါတယ်။
အလင်းရှင်လည်း ဒီလို method ကိုပဲသုံးပါတယ်။
ဒီနေ့ခေတ်ကောင်လေးတွေ ကောင်မလေးတွေဟာတစ်ယောက်နဲ့
တစ်ယောက် တစ်ရွှတ်ရွှတ်ရည်းစားထားပြီး တစ်ဗွတ်ဗွတ်ကွဲနေကြ
တယ်ဆိုတာ စိတ္တဗလဖွံ့ဖြိုးမှုစွမ်းရည်ကျဆင်းနေလို့ပါပဲ။ စိတ်၏
တည်ငြိမ်မှုစင်ကြယ်မှု ဆုတ်ယုတ်ခြင်းဟာ သမီးရည်းစားဘ၀ တာ
ရှည်မခိုင်ခံ့မှုကိုပြသနေပါတယ်။ အခုမြင်အခုကြိုက် အခုလိုက်ဆို
တာဟာလည်း စိတ်ဓာတ်လျှော့ယဲ့မှုတစ်မျိးပါပဲ။
တည်ကြည်ခန့်ညားသောစိတ်ဓာတ်ပိုင်ရှင်ယောက်ျားလေး/မိန်းမပျို
တွေဟာ အခုမြင်ရုံနှင့်အခုကြိုက်၍ အခုပဲ တည်းခိုးခန်းဟော်တည်
ကိုမလိုက်တက်ပါဘူး။ ဘ၀ရဲ့အရှည်သဖြင့်ကိုတွေးဆပြီး မိဘဂုဏ်
သိက္ခာကို ငဲ့ကွက်တက်ကြပါတယ်။
ဒါ့ကြောင့် ဒီနေ့ခေတ်မှာ လူငယ်အချို့တော်တော်များများဟာ နှလုံး
ရည်အားနည်းပါးတဲ့အတွက် အချစ်ရေးအိမ်ထောင်ရေးတွေမှာ ပြဿ
နာအများအပြားဖြစ်နေတာကို တွေ့ရပါတယ်။ ရည်စားထားတဲ့အချိန်
ကတည်းကိုက အတ္တဆန်မှုများကြောင့် ဘစ်ကားမှတ်တိုင်တွေမှာ
စိတ်ကောက်စကားများနေတက်တဲ့ ချစ်သူစုံတွဲများကို တွေ့တွေ့နေ
ရပါတယ်။
ဒါ့အပြင်နိုင်ငံရေးပိတ်ကားထက်တွင်လည်း . . . .
စစ်ခွေးကြံ့ဖွတ်တို့မှ (မဟန)အသွင်ပြောင်း (မဘသ) (၉၆၉)ဆိုသော
နာမည်များဖြင့် ဘာသာရေးကိုအယောင်ပြကာ နိုင်ငံရေးကစားကွက်
တွင် ယနေ့ခေတ်လူငယ်များ စီးမြောနေကြသည်ကို မြင်ရသည်။
သွေးကြွအောင် ဘာသာရေးသီချင်းများကိုဖွင့်ပြီး အမျိုးဘာသာသာ
သနာဆိုတဲ့ ခေါင်းစဉ်ကိုတပ်ကာ ကြံ့ဖွတ်မဲရရေးကြိုးပန်းနေသည်ကို
ဉာဏ်အမြော်အမြင်ရှိကြသောလူတိုင်းသိကြသည်။တစ်နည်း
အားဖြင့် စိတ္တဗလကြံ့ခိုင်ဖွံ့ဖြိုးသောလူတိုင်းသိသည်။ ယင်းကြံ့
ဖွတ်စစ်ခွေးတို့မှ ရှေးဟောင်းသမိုင်းဝင်စေတီပုထိုးများကို သယံဇာ
တမလွတ်၍ ဖျက်ဆီးပစ်ကြသော်လည်း ယင်း(မဘသ)(၉၆၉)တို့
သည် တုတ်တုတ်မျှမလှုပ်ကြပေ။
သို့သော် .. NlD ကဖြစ်စေ ၊ အခြားပါတီတစ်ခုခုကဖြစ်စေ ပုထုဇဉ်
အလျှောက် စကားမှားခဲ့ရင်တော့ “ဘာသာရေးကိုဖျက်ဆီးသူ”အဖြစ်
သာသနာညှိုးနွမ်းမှုပုဒ်မတပ်ကာ (မဘသ)ကြီး (၉၆၉)ကြီးတို့မှတရား
ရုံးတင်အပြစ်ပေးသည်ကိုလည်း တွေ့ရသည်။
ဒါ့ကြောင့် စိတ္တဗလဖွံ့ဖြိုးမှုအရေးဟာ လူ့ဘ၀သတ်တမ်းတစ်
လျောက်လုံးအလွန်အရေးပါပါသည်။ ဗုဒ္ဓဘာသာ၊ခရစ်ယာန်၊မွတ်ဆ
လင်ဆိုတဲ့ ဘာသာရေးခေါင်းစဉ်ထက် ယင်းစိတ္တဗလဖွံ့ဖြိုးမှုကသာ
မဓာနကျပါတယ်။
ဗုဒ္ဓဘာသာ သမီးရည်းစားလင်မယား၊ ခရစ်ယာန်သမီးရည်းစား
လင်မယား၊ မွတ်ဆလင်သမီးရည်းစားလင်မယား ဆိုတဲ့ ဘာသာရေး
အရင်းခံထက် ထိုသမီးရည်စားလင်မယားတွေမှာ ကိုယ်စီမေတ္တာကို
အခြေခံသောကိုယ်ချင်းစာနာစိတ်များရှိဖို့လိုပါတယ်။ အဲလိုမရှိကြတဲ့
အတွက် ဘယ်ဘာသာဝင်သမီးရည်းစားလင်မယားတွေပဲဖြစ်ဖြစ်
ကွဲပြဲနေကြတဲ့အကြောင်း သတင်းစာမှဖတ်နေရတယ်မဟုတ်လား။
ဟိုးတစ်လောဆီက . . ထူးအယ်လင်းနဲ့မီးမီးခဲ့တို့လင်မယားပြဿ
နာ အွန်လိုင်းပေါ်မှာကြားမြင်နေရသည်။ ဒါဟာ ဘာသာတူခြင်း
သစ္စာတရားမဲ့ကြတဲ့လုပ်ရပ်တစ်ခုလို့မြင်ပါတယ်။ ဘာသာရေးစာ
တမ်းအောက်က အိမ်ထောင်ရေးဖေါက်ပြန်မှုပါပဲ။ ဒီလိုဖြစ်ရခြင်းရဲ့
အဓိကတရားခံဟာ ဘာသာရေးမဟုတ်ပါဘူး။ဘုရားမဟုတ်ပါဘူး။
စိတ္တဗလအင်အားညံ့ဖျင်းမှုကြောင့်ပါပဲ။
ဒါ့ကြောင့် ဘာသာရေးခေါင်းစဉ်ထက် စိတ္တဗလခေါင်းစဉ်ကပိုအရေး
ကြီးပါတယ်။ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် စိတ္တဗလဖွံ့ဖြိုးမှုရှိပါက ငြိမ်း
ချမ်းစွာအတူလက်တွဲနေနိုင်ပါတယ်ဆိုတာကို သုတေသနပြုမိပါ
သည်။
အောက်ပါလင့်တွင် ဆက်လက်ဖတ်ရှု့နိုင်ပါသေးသည်။
http://alinshin.blogspot.com/2014/12/blog-post_847.html
မည်သူမဆိုလွတ်လပ်စွာ Share နိုင်ပါသည်။
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~ ~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
No comments :
Post a Comment