.

AlinShin

Sunday, November 30, 2014

အလင်းရှင်လော . . . Sexy လော . . .


ကိုပါကြီးဆိုတဲ့  . ..
ဓမ္မဂဝေသီ ဓမ္မာမာမက ဓမ္မသုတေသီတစ်ဦးက အလင်းရှင်ကို အကြံ
ပေးလာတဲ့ comment လေးဖတ်ရပါတယ်။
ကိုပါကြီးဆိုသူက . . ..
“sexy ပုံတွေကို ဖယ်ပေးပါ” တဲ့။

“ဟုတ်ကဲ့ပါ . . . ကိုပါကြီး ”  “ကိုပါကြီးက . .. ဖယ်ခိုင်းယုံတင်ဖယ်ခိုင်းတာပါ”
“အလင်းရှင်ဆိုသူက အစကနဦးကတည်းက မတင်ချင်တာပါ”
 “လူအများကြည့်တဲ့ ကိုယ့်Blog မှာ ဘာလို့ တင်ထားမှာတုန်း”
“အလင်းရှင်ကိုယ်တိုင် ”
“တဏှာရာဂထကြွသောင်းကျန်းနေတယ်ဆိုရင်တောင်”
“လူမသိအောင် ကွန်ပျူတာထဲမှာကြည့်မှာပေါ့”
အဲဒီလိုလုပ်ခွင့်ရှိပါရက်နဲ့ အလင်းရှင်သည် မိမိရဲ့ blog မှာ sexy ပုံ
တွေနဲ့ စာတွေဒီဇိုင်းထည့်ထားတာလည်းမေးရင် . . . .
ဗုဒ္ဓမြတ်စွာသည် သတ္တလောကအစရှိသောလောကသုံးပါးကိုချေချွတ်
ဖို့ပွင့်ထွန်းတော်မူရာ သုတ္တာန်ဒေသနာတော်ကို အထူးဟောရန်မလိုအပ်
အဘိဓမ္မာဟူသာ ခန္ဓာအာယတနဓာတ်သစ္စာတရားတို့ကိုသာဟောဖို့၇န်
ဘုရားဖြစ်ခဲ့သည်။
သို့သော်  . .. သတ္တ၀ါတို့၏ အဇ္ဈာသယအနုအရင့် အပြော့အမာ စတဲ့
စရိုက်တွေကိုကြည့်ပြီးသကာလ ဒါနကထာ၊သီလကထာ၊သဂ္ဂကထာ
ကာမာနံ အာဒီန၀ကထာ၊ နေက္ခမ္မေအာနိသံသကထာ၊မဂ္ဂကထာ၊ ဆိုပြီး
ကထာ(၆)ပါးကဏ္ဍခြား၍ဟောကြားဆိုဆုံးမခဲ့ပါတယ်။ ဆိုပြီးကထာသုံး
မျိုးပြထားသလို၊ သဂ္ဂထာဆိုသော နတ်ပြည်ရောက်ရာရောက်ကြောင်း
တင်တယ်ဖွယ်ရာကို ပုံဖေါ်ထားတာပါ။
တကယ်တော့ဘုရားမြတ်စွာသည် နတ်ပြည်နတ်လောက၏ မတင့်တယ်ပုံ
ကိုသိသည်။ နတ်သည်လည်းမသာ၊လူသည်လည်းမသာဟူသော အသုဘ
ခန္ဓာကိုယ်ကိုသိသည်။ သိသော်လည်း အထက်ကပြောခဲ့သော သတ္တာဝါဝေ
နေယျတို့ရဲ့စိတ်အနုအရင့်ကိုလိုက်ပြီးဟောရတာကိုး  .. . ။
အလင်းရှင်သသည်ကားလို့ဆိုရင် သမညအညတရ ရဟန်းဆိုတော့ သတ္တ
ဝါတို့၏စရိုက်ကိုခွဲခြားသိရှိနိုင်ဖို့နေနေသာသာ ကိုယ့်စရိုက်ကိုတောင် ဘာ
စရိုက်ထဲဝင်သလဲလို့ ဒေသနာနဲ့တိုက်ကြည့်နေရတဲ့ သူကိုး  .. ။
ဒီတော့က အလင်းရှင်သည် မိမိ blog မှာ မိမိလေ့လာဆည်းပူးနိုင်သမျှကို
မိမိအားသောကာလအတွင်းချရေးထားသည်မှာလည်း အွန်လိုင်းပေါ်ရှိရှိသမျှ
ဝေနေယျတို့ အသိမြူမျှရပါစေ . .ဗျ၊ ဟူသောစေတနာအရင်းခံပြီး ကိလေ
သာစိတ်အာသာဖြေရာများဖြင့် ဆွဲဆောင်၍ တရားတဘောင်သို့ သက်စေရန်
ကြိုးစားမိပါသည်။ အကယ်၍ ယင်းလုပ်ရပ်သည် အမှားကြီးဆိုပါကလည်း
ကုသိုလ်သတ္တိ တကယ်ရှိသည်ဟု ယုံကြည်သောသဒ္ဓါတရားဖြင့် အလင်းရှင်
ရဲရဲကြီးခံဝံ့ပါကြောင်း  ..  စာပြန်ပေါင်းမိပါသည်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget