အမေရိကန်နိုင်ငံမှာပါ။ Chris Zane လို့အမည်ရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။
မိဘ ၂ ပါးက စက်ဘီး ဆိုင်ဖွင့်ပြီး စီးပွားရေးလုပ်တာပါ။
နောက်တော့ စက်ဘီးဆိုင်က အရောင်းမထွက်ပဲ ပိတ်ခါနီးအချိန် အသက်
၁၂ နှစ်ရှိပြီဖြစ်တဲ့ Chris Zane က ဆက်ဖွင့်ရန် တောင်းဆိုပါတယ်။
အဘိုးဖြစ်သူထံက အမေရိကန်ဒေါ်လာ ၂၃၀၀၀ ကိုအတိုးနဲ့ ချေးငှားခဲ့ပြီး
စက်ဘီးဆိုင်လေးကို ပြန်ဖွင့် ပါတယ်။
စက်ဘီးပဲ ရောင်းတာ မဟုတ်တော့ပါဘူး။စက်ဘီး လေထိုး၊ ကျွတ်ဖာတာ
ကစလို့ သူကိုယ်တိုင် လုပ်ကိုင်ပါ တယ်။ မနက်ပိုင်းကျောင်းသွားချိန်
အမေ့ကို ဆိုင်စောင့်ခိုင်းပြီး ညနေမှာ ဆိုင်ကို သူတာဝန်ယူပါတယ်။
ယနေ့ Chris Zone ရဲ့  အသက်က ၄၆ နှစ်ရှိသွားပါပြီ။ သူ့ရဲ့ နှစ်စဉ်ဝင်ငွေ
ကလည်း အမေရိကန်ဒေါ်လာ ၂၁ သန်းအထိ မြင့်တက် သွားပါတယ်။
သူအသက်ငယ်စဉ် စတင်လုပ်ကိုင်တုန်းက စက်ဘီး သိပ်အများကြီး
မတင်ရောင်းနိုင်ခဲ့ပါတယ်။ တစ်နှစ်ပြီး တစ်နှစ် သူ့လုပ်ငန်းငယ်လေးကို
တိုးချဲ့ လာတာ အမေရိကန်ကစက်ဘီး ကုမ္မဏီတို့ အားထားရတဲ့ အရောင်းဆိုင်
တစ်ခု ဖြစ်လာပါတယ်။
ယနေ့မှာChris Zone ဟာ သန်းကြွယ် သူဌေးဖြစ်ပြီး အများလေးစားခံရတဲ့
Entrepreneurတစ်ဦး ဖြစ်ကြောင်း သိရပါတယ်။
. Ref: inc
အောင်ခမ်း
အထက်ပါ သတင်းလေးကို ဖတ်ရတော့ လူသားပဓာန၀ါဒကို ကျွန်ုပ်ပို
၍နှစ်ချိုက်မိပါသည်။ ဗုဒ္ဓသည်ကားလို့ဆိုရင် လူသားပဓာနကို ..
ဥဋ္ဌာနသမ္ပဒါ တရား၊ (ထကြွလုံ့လ)
ကလျှာဏမိတ္တသမ္ပဒါတရား၊ (မိတ်ဆွေကောင်း)
သမဇီဝိတသမ္ပဒါတရား၊(မျှတစွာသုံးစွဲခြင်း)
အာရက္ခသမ္ပဒါတရား၊ (လုံခြုံစွာစောင့်ရှောက်ခြင်း)
ဟူသော ပြီးမြောက်အောင်မြင်စေနိုင်သော
အကြောင်းတရားလေးပါးကို ဟောကြားခဲ့ပါသည်။
ထို့ကြောင့် လူသားသည် ထိုဆိုခဲ့သော ထကြွလုံလ၀ီရိယတရားများ
ရှိဖို့ရန်သာပဓာနဖြစ်ကြောင်းတင်ပြအပ်ပါသည်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
No comments :
Post a Comment