အလင်းရှင်ဟာကုလားလည်းမဟုတ်ဘူး။ ဗမာလည်းမဟုတ်ဘူး
တရုတ်လည်းမဟုတ်ဘူး။ အဲဒီလို ကုလား၊ဗမာ၊တရုတ်၊ အဖြူ
အမည်းစတဲ့ စွဲဥပါဒါန်နယ်ထဲကနေလွတ် မြောက်နေသောသူတစ်ဦး
သာဖြစ်ကြောင်းသိစေချင်ပါတယ်။
အစွဲမှန်သမျှ ဘယ်အစွဲမှမကောင်းဘူး။ ဥပါဒါန ပစ္စယာ ဘဝေါ။ တဲ့။
အစွဲဥပါဒါန်ဟာ ဒုက္ခမချုပ်ဘူး။ ဒုက္ခမငြိမ်းဘူး။ ဘ၀သစ်တွေကိုထပ်
ဖြစ်စေတယ်။ ဒုက္ခသစ်တွေကို ထပ်ပိုးစေတယ်။
ဒါ့ကြောင့် အလင်းရှင်အား . . . .
“ရဟန်းစွဲများနဲ့ မသမုတ်ကြပါနဲ့”
“ဘုရားစွဲများနဲ့ မသမုတ်ကြပါနဲ့”
“လူမျိုးစွဲများနဲ့မသမုတ်ကြပါနဲ့”
“အယူဝါဒစွဲများနဲ့မသမုတ်ကြပါနဲ့လို့မေတ္တာရပ်ခံအပ်ပါသည်”
ဗုဒ္ဓခေတ်အခါဆီက . . .
ဘုရားဆိုမှ ဘုရားဆိုတဲ့ အစွဲကြီးစွဲခဲ့တဲ့ “၀က္ကလိရဟန်း” ကို
ဘုရားဖြစ်တဲ့ဂေါတမမြတ်စွာဘုရားက . . . .
“အလံ ၀က္ကလိ ၊ ကိံ တေ ဣမိနာ ပူတိကာယေန ဒိဋ္ဌေန၊ ယော
ခေါ ၀က္ကလိ ဓမ္မံ ပဿတိ၊ သော မံ ပဿတိ၊ မံ ပဿန္တော ဓမ္မံ
ပဿတိ။”
“၀က္ကလိ၊ ချစ်သား ၀က္ကလိ။ အလံ၊မသင့်။ တေတယာ၊သင်သည်။
ဒိဋ္ဌေန၊မြင်၍အဘယ်အကျိုးရှိအံ့နည်း။ ၀က္ကလိ၊ ချစ်သားဝက္ကလိ။
ခေါ၊စင်စစ်။ ယောဘိက္ခု၊ အကြင်ရဟန်းသည်။ ဓမ္မံ၊ တရားကို။
ပဿတိ၊ မြင်အံ့။ သောဘိက္ခု၊ထိုရဟန်းသည်။ မံ၊ ငါဘုရားကို။
ပဿတိ၊မြင်အံ့။ သောဘိက္ခု၊ထိုရဟန်းသည်။ ဓမ္မံ၊တရားကို ။
ပဿတိ၊မြင်၏။ဝက္ကလိ၊၀က္ကလိ။ ဟိသစ္စံ၊မှန်၏။ ဓမ္မံ ၊တရားကို။
ပဿန္တော၊ မြင်သောသူသည်။ မံ၊ ငါဘုရားကို။ပဿတိ၊မြင်၏။
မံ၊ငါဘုရားကို။ ပဿန္တော၊မြင်သောသူသည်။ ဓမ္မံ၊တရားကို ။
ပဿတိ၊မြင်၏။ ”
ငါအကျယ်မပြောနိုင်ဘူး ကျမ်းညွှန်းလိုက်မယ် အဲဒီမှာရှာဖတ်ကြ
ပါဠိတော်ရော၊ မြန်မာပြန်ေ၇ာရှိတဲ့နေရာကို ငါညွှန်းလိုက်မယ်
►သံယုတ္တိနယာယ၊ ခန္ဓ၀ဂ္ဂသံယုတ္တပါဠိ၊
►၄-ထေရ၀ဂ္ဂ၊ ၅-၀က္ကလိသုတ္တ၊ နှာ။၉၇။
►ခန္ဓ၀ဂ္ဂပါဠိတော်နိဿ (မိုးထိ) ၊ နှာ။ ၂၆၇
အဲဒီသုတ်ကို နှလုံးသွင်းတက်မှ ငါအထက်ကပြောခဲ့တဲ့အစွဲ
နယ်ထဲကထွက်မယ်။ လွတ်မယ်။ ကျွတ်မယ်။ ဒီလိုတရားတွေကို နှ
လုံးမသွင်းနိုင်သရွေ့ သင်္ကန်းကြီးပဲဝတ်ဝတ်၊ ရသေ့ဝတ်နဲ့ပဲဆိုဆို
မျိုးချစ်ကြီးစစ်စစ်ပါလို့လက်သီးလက်မောင်းတန်းလိုကတန်းစေတော့
အဲဒီသူရဲ့ဘ၀ဟာ အကဏ်းကြီး ဘယ်လောက်အထိကဏ်းသလဲ
မေးရင် ။ စုံလုံးကန်းမွေးရာပါကန်းကြီးပဲ။
ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုဗုဒ္ဓဘာသာဆိုတဲ့ကောင်တွေ စာတွေဖတ်
ကြပါလို့ တို့တိုက်တွန်းပြီး အားတိုင်းရေးပေးနေတာ ဒါပဲ။ ဒါ့ကြောင့်
ပဲ။ မွတ်ဆလင်က ဗုဒ္ဓဓမ္မသံဃကိုစော်ကားတာထက် ဗုဒ္ဓ၀ါဒကိုမသိ
တဲ့အထက်ကပြောခဲ့တဲ့သူတွေ စော်ကားတာက ပိုပြီးဆိုးတယ်။
ဥပမာလေးတစ်ခုပေးမယ် . ..
မြန်မာပြည်မှာ စေတီပုထိုးတွေကို ကုလားကဖြိုတာထက် စစ်ခွေး
ကြီးဖြိုတာ ကမ္ဘာသိနော်။ မြန်မာပြည်မှာ ကုလားသတ်လို့သေတဲ့
ရဟန်းထက် စစ်ခွေးသတ်လို့သေတဲ့ရဟန်းတွေကအောတိုက်နော်
ဒါအနီးစပ်ဆုံးဥပမာပဲ။
နေပြည်တော်မှာ မိုးလောက်ရှိတဲ့ စေတီကြီးတည်ပြီး လမ်းမထွက်
ပရိတ်ရွတ်တဲ့သံဃာကိုသတ်တာ . .ကုလား ၊ စစ်ခွေးဗမာသန်းရွှေ
လား။
ဒါတွေသိအောင်လုပ်ကြပါ။ စာဖတ်ကြပါ။ ဗုဒ္ဓ၀ါဒဟာ အကန်းဝါဒ
မဟုတ်ဘူးဗုဒ္ဓရဲ့စကားတော်များမှာ အစွန်းထွက်သောစကားများမ
ပါဘဲ သွေးစွန်းသောကာယကံမြောက်များကိုမထည့်သွင်းဘဲ ၊ ရုပ်
ရင်းကြမ်းတမ်းသော ၀စီကံများကို မသုံးနှုန်းဘဲ . စတဲ့အကြောင်း
အခြင်းအရာများမပါဝင်ပါဘူး။
ဗုဒ္ဓသည် အစွဲဥပါဒါန်နယ်မှရုန်းထွက်နိုင်ရန် မဂ္ဂင်တရားကိုဟောကြား
ခဲ့သည်။ ယင်းမဂ္ဂင်တရားထဲမှာ အပူဟူ၍ တစ်လုံးတစ်ပါဒမှမပါ။ ဒေါ
သဖြစ်ကြောင်း အရိပ်အငွေ့မျှမပါ။ ဒါ့ကြောင့် ဗုဒ္ဓမြတ်စွာကိုအလင်း
ရှင်ကြည်ညိုလေးစားသည်။
ဒီကနေ့ သူပြောငါပြောဖြင့် ကြည်ညိုလေးစားသည်မဟုတ်။
သူများပြောသော (မဘသ) ဘယ်သူကစတင်ပြီးနာမည်ပေးမှန်းမသိ
ဘုရားဟောတာ (သံဃာ) . . .
သူတို့ပြောတာက (မဘသ)
ဘုရားဟောသည်တာ (ဓမ္မ) . . .
သူတို့ပြောတာ (၉၆၉) ဘာတွေမှန်းကိုမသိဘူး။
ဘုရားပြောတဲ့ အနတ္တဟာ . . . .
သူတို့ပါးစပ်ထဲရောက်မှ အတ္တတွေဖြစ်ကုန်တယ်။
ငါက (မဘသ)ကို ဝေဖန်တာနဲ့ (သံဃာ)ကိုဝေဖန်စော်ကား
တယ်ဆိုတဲ့ပိဋတက်အပြင်ဘက်ကပုဒ်မတွေတပ်တယ်။ ၂၉၅
ဆိုတဲ့ပုဒ်မနဲ့ဖမ်းတယ်။ထောင်ချတယ်။
ဂေါတမသည် မည်သူကိုမျှ ညှင်းဆဲသတ်ဖြတ်ခြင်းမလုပ်ရန် အတိ
အလင်းတားမြစ်ထားသည်။သို့သော် နောက်ပေါက်တွေကတော့
လုပ်ကြသည်။ ဂေါတမဗုဒ္ဓသည် ဒေါသအပြစ်ကိုမြင်၍ ဒေါသကို
စွန့်လွှတ်ရန်ဟောသည်သို့သော်နောက်ပေါက်တွေက ယင်းဒေါသကို
“အမျိုးဘာသာစောင့်ရှောက်ရေးတရားအဖြစ်ပုံဖေါ်လိုက်ကြသည်။”
“ဗုဒ္ဓကနိဗ္ဗာန်ရောက်ရေးဒုက္ခငြိမ်းရေးတရားကိုဟောတယ်”
“(မဘသ)က အမျိုးစောင့်တရားဟောတယ်။
ထွီး .. . နံ့သာဆီနဲ့ ချေးလိုပါပဲ . .ကွာ။
ကဲ . .ကောင်းကြသေးရဲ့လား။
ထိုမျှလောက် ဂေါတမဗုဒ္ဓအားဖြောင့်ဖြောင့်ကြီးဆန့်ကျင်သောအဖွဲ့
တွင် ငြိမ်းအေးသောတရားများ ရှိပါရဲ့လား ?
ယင်းအဖွဲ့တွင် သတ္တ၀ါအပေါ်သို့ ဖြန့်ကျက်သောမေတ္တာအငွေ့
အသက်တို့သည် ရှိပါရဲ့လား ?
ဒါ့ကြောင့် အလင်းရှင်ကို ဘာသာစွဲများဖြင့် သော့မခပ်ကြပါနဲ့၊ နိုင်ငံ
စွဲများဖြင့်သော့မခပ်ကြပါနဲ့၊ ပိဋကတ်ကိုကိုးကားပြီး သော့မခပ်ကြပါနဲ့
လို့ မေတ္တာရပ်ခံအပ်ပါသည်။
ဗုဒ္ဓံသရဏံ ဂစ္ဆာမိ။ ဓမ္မံသရဏံ ဂစ္ဆာမိ။ သံဃံသရဏံ ဂစ္ဆာမိ။
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
No comments :
Post a Comment