.

AlinShin

Tuesday, November 25, 2014

အပြောလွယ်သလောက် .. အလုပ်ခက်












မဇ္ဈိမပဋိပဒါ အကျင့် ။ ဒီစကားကို လူတိုင်းပြောတက်တယ်ကွ။ အဲ၊


လမ်းစဉ်မှန်အောင်ကျင့်နိုင်သလားဆိုရင် လူတိုင်းမကျင့်နိုင်ပါဘူး။
ဗုဒ္ဓ၀ါဒဟာ ဒီလမ်းစဉ်ပဲ။ အားလုံးကို အစွန်းတစ်ဖက်မှာကပ်ပြီး မသုံး
သပ်မဝေဖန် မပြောကြားဘဲ ထိုအစွန်းနှစ်ဖက်မှလွတ်သော နေရာက
နေသုံးသပ်ဝေဖန်ပြောကြား ခံစားနားလည်တက်ခြင်းပဲ။ 
အဘိဓာန်ကတော့ . . . .
·          အလယ်၌ဖြစ်သော အကျင့်။
·          (လောဘအဖို့အစု, ဒေါသအဖို့အစု၊ တနည်း-ကာမသုခလ္လိ
ကာနုယောဂဟူသော တဏှာအဖို့အစု, အတ္တကိလမထာနုယောဂ
ဟူသော အဝိဇ္ဇာအဖို့အစု၊ တနည်း-ကာမသုခလ္လိကာနုယောဂ ဟူသော 
ပျင်းရိတွန့်ဆုတ်ခြင်း အဖို့အစု, အတ္တကိလမထာနုယောဂဟူသော 
လွန်လွန်ကဲကဲ အားထုတ်မှုအဖို့အစု၊ တနည်း-သဿတအဖို့အစု, 
ဥစ္ဆေဒအဖို့အစုတို့၏ အလယ်၌ ဖြစ်သော မဂ္ဂင် ၈-ပါး အကျင့်တရားကို
မဇ္ဈိမပဋိပဒါဟုခေါ်သည်။
ဒါကို မဇ္ဈိမပဋိပဒါ အကျင့်တဲ့။  အခု ပြောနေတဲ့ငါကိုတိုင်
အပြောကတော့ လွယ်နေလိုက်တာ ကျင့်ဖို့တော့ ခက်နေတယ်။
ဒီလိုခက်နေလို့လည်းပဲ ဟိုး  . .လွတ်လပ်ရေးရပြီးကတည်းက အခု
တိုင်အောင် သံဃအဖွဲ့အစည်းအကြီးတွေဖွဲ့စည်းနိုင်ခဲ့ပေမယ့် သံဃ
ကိစ္စကိုလစ်လျှူရှု့ခြင်းခံနေရတယ်။
သံဃအဖွဲ့အစည်းဆိုတာ သံဃာအများစုရဲ့အရေးကိစ္စတွေကိုဓမ္မ၀ိန
ယနဲ့အညီဆောင်ရွက်ဖို့။တကယ့်အရေးမှာတော့ အာဏာရှင်တွေရဲ့
အာဏာတည်မြဲရေးအတွက်ပဲ ပဓာနအလုပ်အဖြစ်တာဝန်ယူလုပ်
ဆောင်ခဲ့တယ်ဆိုတာ အသိဉာဏ်ကာရကဂြိုဟ်တို့ အားကောင်းသူ
များသိကြပါတယ်။
(မဆလ)ပါတီက (မဟန)အဖွဲ့ကိုဖွဲ့စည်းကိုင်တွယ်ကာနိုင်ငံရေးမှာ
အသုံးခြခဲ့သလို (ကြံ့ဖွတ်)ပါတီက (မဘသ)နဲ့(၉၆၉)တို့ကို လှို့ဝှက်
ဖွဲ့စည်းကာ ပြည်သူကိုဇဝေဇ၀ါဖြစ်သွားအောင်ဖန်တီးလိုက်နိုင်ခဲ့
တယ်ဆိုတာ အထင်ကရပဲမဟုတ်ပါလား . . .
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget