ဒီဓာတ်ပုံတွေဟာ အွန်လိုင်းစာမျက်နှာပေါ်မှာ ပလူပျံနေတယ်။ သိပ့် ကြည့်ကောင်းစရာတော့မဟုတ်ဘူးဆိုတာ သိဖို့လိုပါတယ်။
မြန်မာနိုင်ငံတော်ကြီးမှာ တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းတွေ
ရဲ့ ချို့ငဲ့မှုပြယုဂ်မို့ စိတ်ပျက်စရာထက် စိတ်မကောင်းစရာပုံကြီးပါ။
ဝန်ထမ်းဆိုတာ “ဘုန်းတောင်းယာစကာ” တွေမဟုတ်ကြပါဘူး။ မိမိ
တက်မြောက်သော အတက်ပညာတစ်ခုခုဖြင့် ဘ၀၀မ်းကိုကျောင်းကြ
သူများသာဖြစ်ပါတယ်။
ဒီလိုနိုင်ငံဝန်ထမ်းတွေဟာ သင့်တင့်လျှောက်ပတ်သော အခြေအနေ
တစ်ရပ်မရှိဘူးဆိုတာဟာ ဘယ်သူတွေကြောင့်လဲလို့ အထူးရှင်းပြ
ဖွယ်ရာမလိုပါဘူး။

အနီးစပ်ဆုံး ထိုင်းနိုင်ငံရဲ့ ရဲ၊စစ်သားတွေကိုပဲ စံထားကြည့်ပါ။ လူပီပီ
သသနဲ့သူတို့နိုင်ငံတာဝန်ထမ်းဆောင်ခွင့်ရကြပါတယ်။(စိတ်ဓာတ်)ကို
နှိုင်းယှဉ်တာမဟုတ်ဘူးနော်(facility) ပြောတာပါ။
လူနှင့်တူတဲ့ ။ ရဲနှင့်တူတဲ့ ၊ စစ်သားနှင့်တူတဲ့ facility ရှိရမယ်ဆိုတာ
ကိုပြောတာပါ။
ကုန်ကုန်ပြောရရင် ဆိုက်ကားသမားတောင် သူ့ဆိုက္ကားမှာ ဆိုက္ကားနဲ့
ဆိုင်တဲ့ ဆိုဖာလေးတို့ ဘာတို့ဆိုတဲ့ facility ပြည့်စုံရမယ်။
အခုတော့ . . . .
မြန်မာပြည်ရဲ့ဝန်ထမ်းများ ၊ တပ်မတော်သားများဟာဖြင့် . . .
ခွေးတိရစ္ဆာန်နှင့်မခြားတမူ အလားတူစွာ နေထိုင်စားသောက်ကြရတဲ့
ပုံတွေဟာ တိုင်းပြည်အတွက်ရော မိမိတို့တာဝန်ထမ်းဆောင်ရာအဖွဲ့
အစည်းအတွက်ပါ ဂုဏ်ကျက်သရေငြိုးမှိန်စေတယ်ဆိုတာကို အသိ၊
သတိထားမိစေဖို့ ရေးလိုက်တာပါ။
ဒီတော့က ဒီလိုဓာတ်ပုံတွေကို ဒီလိုတွေ့မြင်နေရခြင်းဟာ အာဏာ
ရှင်စနစ်ဆိုးရဲ့ အမွေအနှစ်တွေပါလို့ အလင်းရှင်ပြောလျှင် ထမင်းစား
ကြီးတဲ့သူတိုင်း ငြင်းကြမည်မထင်။
ဘဒ္ဒန္တကောဝိဒ အလင်း ရှင်
No comments :
Post a Comment