.

AlinShin

Monday, October 20, 2014

ခရိုနီတစ်ယောက်ရဲ့ ရေခဲတောင်ဇာတ်ကားမှ အကယ်ဒမီပြကွက်

Loveof Enegry .
https://www.facebook.com/loveof.enegry?fref=ufi
ရဲ့ comment ဖြစ်တဲ့ . . . . . . .
“ဒါတွေကို များ၂သိလည်း အရေခွံစစ်ခွေးတွေ ဘယ်လိုတိုက်
ရမလဲ စဉ်းစားမရပါ” ဆိုတဲ့
စကားလေးကို ပြန်လည်ဖြေကြားလိုက်ပါတယ်။
ဒကာတော်ရေ . .. ပြည်သူတွေ တကယ်မသိကြသေးလို့ပါ။
တကယ်သိခဲ့ရင် စစ်ခွေးတွေပြုတ်တာ ဆယ်စုနှစ်တစ်ခုလောက်
ကတည်းကပါ။ ပြည်သူဟာစစ်ခွေးမှတိုက်ပုံဝတ်သို့ပြောင်းလဲအုပ်
အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်နေ၀င်းရဲ့ မျက်မမြင်လမ်းလျှောက်သင်
ခန်းစာကို နှစ်ပေါင်း(၂၆) နှစ်သင်ကြားခဲ့ရပါတယ်။
“ အနာသိရင် ဆေးရှိ” ဆိုတဲ့ စကားပုံလို ပြည်သူအများစုဟာ
စစ်ခွေးကြံ့ဖွတ်တို့ရဲ့လုပ်ရပ်ကို တကယ်မသိသေးပါဘူး။
ဒီတော့က ဘာနဲ့အလားသဏ္ဍာန်တူသလဲဆိုတော့ ရန်ကုန်နဲ့
မန္တလေးမြို့တို့မှာ ကျင်းပသွားတဲ့ “မျက်မမြင်လမ်းလျှောက်ပွဲ” လိုပါပဲ။
သတ်မဲ့တုတ်တစ်ချောင်းနဲ့ နံဘေးကလူကိုအဖေါ်ပြု
နေရသလိုပါပဲ။ ဒါ့ကြောင့် နေ၀င်းနောက် သန်းရွှေဟာ နှစ်ပေါင်း
(၂၀)လောက် ပြည်သူကို မျက်မှန်စိမ်းတပ်ကာ ခြေဥအစိမ်းကြီးနဲ့
ဆက်လက်အုပ်ချုပ်နေတာ အခုအထိပါပဲ။နိဂုံးချုပ်ရသော် ဒီလို
စစ်ခွေးတွေနဲ့ခရိုနီတွေပူးပေါင်းကြံစည်ကာ ဗိုလ်ကျစိုးမိုးနေမှုကို
ပြည်သူအများစုကမသိပါဘူး။ သိပါတယ်လို့ ငြင်းဆိုနိုင်ပါကလည်း
မိမိအနေနဲ့ ဆက်လက်ဥပမာဆောင်ပြပါမယ်။
Photo: ခရိုနီတစ်ယောက်ရဲ့ ရေခဲတောင်ဇာတ်ကားမှ
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥ အကယ်ဒမီပြကွက်
Loveof Enegry .
https://www.facebook.com/loveof.enegry?fref=ufi
ရဲ့ comment ဖြစ်တဲ့ . . . . . . .
“ဒါတွေကို များ၂သိလည်း အရေခွံစစ်ခွေးတွေ ဘယ်လိုတိုက်
ရမလဲ စဉ်းစားမရပါ” ဆိုတဲ့
စကားလေးကို ပြန်လည်ဖြေကြားလိုက်ပါတယ်။
ဒကာတော်ရေ . .. ပြည်သူတွေ တကယ်မသိကြသေးလို့ပါ။
တကယ်သိခဲ့ရင် စစ်ခွေးတွေပြုတ်တာ ဆယ်စုနှစ်တစ်ခုလောက်
ကတည်းကပါ။ ပြည်သူဟာစစ်ခွေးမှတိုက်ပုံဝတ်သို့ပြောင်းလဲအုပ်
အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်နေ၀င်းရဲ့ မျက်မမြင်လမ်းလျှောက်သင်
ခန်းစာကို နှစ်ပေါင်း(၂၆) နှစ်သင်ကြားခဲ့ရပါတယ်။
“ အနာသိရင် ဆေးရှိ” ဆိုတဲ့ စကားပုံလို ပြည်သူအများစုဟာ
စစ်ခွေးကြံ့ဖွတ်တို့ရဲ့လုပ်ရပ်ကို တကယ်မသိသေးပါဘူး။
ဒီတော့က ဘာနဲ့အလားသဏ္ဍာန်တူသလဲဆိုတော့ ရန်ကုန်နဲ့
မန္တလေးမြို့တို့မှာ ကျင်းပသွားတဲ့ “မျက်မမြင်လမ်းလျှောက်ပွဲ” လိုပါပဲ။
သတ်မဲ့တုတ်တစ်ချောင်းနဲ့ နံဘေးကလူကိုအဖေါ်ပြု
နေရသလိုပါပဲ။ ဒါ့ကြောင့် နေ၀င်းနောက် သန်းရွှေဟာ နှစ်ပေါင်း
(၂၀)လောက် ပြည်သူကို မျက်မှန်စိမ်းတပ်ကာ ခြေဥအစိမ်းကြီးနဲ့
ဆက်လက်အုပ်ချုပ်နေတာ အခုအထိပါပဲ။နိဂုံးချုပ်ရသော် ဒီလိုစစ်ခွေးတွေနဲ့ခရိုနီတွေပူးပေါင်းကြံစည်ကာ ဗိုလ်ကျစိုးမိုးနေမှုကို
ပြည်သူအများစုကမသိပါဘူး။ သိပါတယ်လို့ ငြင်းဆိုနိုင်ပါကလည်း
မိမိအနေနဲ့ ဆက်လက်ဥပမာဆောင်ပြပါမယ်။
“ ဒကာကြီး ဦးသံတိုင် .. ရေ”
“ ခင်ဗျားတို့အသိဟာ ခွေးသိလောက်ပါပဲ” လို့
ပြောခဲ့တဲ့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အာဘော်လိုပါပဲ။
“ခွေးလည်းရိုက်ရင် ဂိန် ဂိန် ဂိန်လို့ အော်တယ်။ အော်ရတာဟာ
ထိုခွေးနာလို့ပါပဲ။ ထိုနည်းတူစွာ လူကိုလည်း ရိုက်ရင် နာတာပါပဲ။
ဒီတော့က နာတာလောက်သိတက်ရုံနဲ့ တော့ “ဦးသံတိုင်ရေ”
ခင်ဗျားတို့အသိဟာ ခွေးသိပါပဲ။”
ကဲ .. ဒီသဓကလိုပါပဲ ..
စစ်ခွေးနဲ့ ခရိုနီတွေ သန်းပေါင်းများစွာသောလူထုကို နှစ်ပေါင်း(၆၀)
လောက် ဗိုလ်ကျစိုးမိုးနိုင်ခဲ့တာဟာ တို့ပြည်သူတွေ တကယ်မသိခဲ့
လိုပါပဲ။
ဟော . . သိသင့်သလောက်သိလာတော့ ၊ (၁၀၀) တန်ငွေစက္ကူ တွေကို ငွေမည်းအဖြစ် နေ၀င်းကကြော်ငြာလိုက်တော့
ငတ်မွတ်မှုဟာ တိုးပွားလာတယ်။ ဒီပြဿနာဟာ နောက်တော့
ကျောင်းသားတွေလက်ထဲရောက်သွားတယ်။
နောက်ဆုံး (၁၉၈၉) အထွေထွေရွေးကောက်ပွဲကြီးဖြစ်ခဲ့တယ်။
ဒေါ်စုပါတီအနိုင်ရခဲ့တယ်။
ဒီတော့က ပြည်သူတွေ ဒီထက်ပိုသိလာရင် စစ်ခွေးကြံ့ဖွတ်တွေဒီ
ထက်အကျနာမယ်။ ဒါကို ဒီခွေးသားတွေကသိတယ်။ ဒီအတွက်
(မ-ဘ-သ) နဲ့ (၉၆၉) ဆိုတဲ့ ဘာသာရေးဟန်စနစ်ဖြစ်တဲ့ ဂဠုန်ဦး
စောရဲ့ ရုပ်ရှင်ကွက်ကိုသုံးဖို့ သံဃာထုကို မှိုင်းသွင်းခဲ့တယ်။
အခုအချိန်အထိ တို့သံဃာတွေ အဲဒီမှိုင်းထဲမှာ အသွင်းခံနေရတုန်းပဲ
တို့က သံဃာထုထဲမှရပ်တည်နေရတော့ သိနေတယ်။
အခုတို့ရေးနေတာကို တို့ကျောင်းတိုက်တည်းနေ (၁)သံဃာအချို့
က မကြိုက်ဘူး (၂)သံဃာအချို့က ကိုယ်နဲ့ဆိုင်ဘူး။ဆိုတဲ့ အုပ်စု
နှစ်ခုရှိနေတာကို တို့ကိုယ်တွေ့သိမြင်ရတယ်။
ဒါကြောင့် ပြည်သူတွေနဲ့သံဃာထုအချို့ဟာ စစ်ခွေးကြံ့ဖွတ်နဲ
့ခရိုနီတို့ရဲ့ခြေရာလက်ရာတွေကို အသိကြဘူး။ မသိကြတဲ့အတွက်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားနဲချက်လေးတွေကို အမုန်းပွားလာ
ခဲ့ကြတာ မျက်မြင်ကိုယ်တွေ့ပဲလေ။ စကားဆိုတာ ပုထုဇဉ်ကို
မဆိုထားနဲ့ ရဟန္တာတောင် မှားတက်တယ် ပြင်းထန်တက်တယ်
အချို့ကိစ္စလေးတွေမှာ တစ်ဖက်ကကြည့်ရင် မလိုလားအပ်တဲ့
အတွေးစလေးတွေပါတက်တယ်။
ပြည်သူကိုမဆိုနဲ့ဦး တို့သံဃာတွေထဲမှာလည်းပဲ ဒေါ်အောင်
ဆန်းစုကြည်ပြောတဲ့စကားတွေကို နားမလည်နိုင်တာတွေပါ
တယ်။ ဒီတော့ စစ်ခွေးကြံ့ဖွတ်က သပ်လျှိုလို့လွယ်သွားတယ်။
ဒီလို အစအနလေးတွေကြောင့် အခုအထိ စစ်ခွေးတွေဟာ
တိုက်ပုံဝတ်ကာ လွှတ်တော်မှာ ရုပ်ရှင်ဆက်ရိုက်နေကြတယ်
ဆိုတာသိကြပါလေ . .. ဟု အကျဉ်းချုံ့၍ ပြန်ကြားလိုက်ပါသည်။
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)

အလင်း ရှင်

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget