.

AlinShin

Tuesday, October 28, 2014

တောင်ကိုရီးယား ကပ္ပတိန်နှင့် မြန်မာသမ္မတ၊ ကာချုပ်တို့ တာဝန်ယူမှုကိုသိကြပါသလား

လူ ၃၀၀ ကျော် သေဆုံးခဲ့ရတဲ့ ပြီးခဲ့တဲ့ ဧပြီလက နစ်မြုပ်ခဲ့တဲ့ တောင်ကိုရီးယား
ဖယ်ရီ သင်္ဘောရဲ့ ကပ္ပတိန်ကို သေဒဏ် ချမှတ်ဖို့ အစိုးရ ရှေ့နေတွေက
တောင်းဆိုနေကြပါတယ်။
လူသတ်မှုနဲ့ စွဲချက်တင် ခံထားရတဲ့ ကပ္ပတိန် Lee Joon-Seok ဟာ သူ တာဝန်ယူ
ကြီးကြပ်ရတဲ့ တာဝန်ချိန် အတွင်း သင်္ဘော နစ်မြုပ်စဉ်မှာ ခရီးသည်တွေကို
ထားခဲ့ပြီး သူက ထွက်သွားခဲ့တယ်လို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။
သေဆုံးခဲ့သူ အများစုဟာ လေ့လာရေး ခရီးထွက် လာကြတဲ့ ဆယ်ကျော်သက်
အရွယ် ကျောင်းသားကလေးတွေ ဖြစ်ကြပါတယ်။
သေဆုံးသူတွေရဲ့ မိသားစုတွေကတော့ ကပ္ပတိန် Lee Joon-seok တစ်ယောက်တည်း
သာမက ကျန်တဲ့ သင်္ဘော အဖွဲ့သား ၅ ယောက်ကိုပါ သေဒဏ် ပေးစေချင်နေတယ်လို့
ဆိုပါတယ်။
ဒါပေမယ့် အစိုးရ ရှေ့နေတွေက ကပ္ပတိန် တစ်ယောက်တည်းကိုသာ သေဒဏ်ပေးပြီး
ကျန်တဲ့ သင်္ဘော အဖွဲ့သား ၃ ယောက်ကို ထောင်ဒဏ် တစ်သက်သာ ပေးဖို့ ပြောပါတယ်။
တောင်ကိုရီးယားမှာ နှစ်ပေါင်း ၂၀ အတွင်း ကွပ်မျက်မှု တစုံတရာ မရှိခဲ့ဘူးလို့ ဆိုးလ်မြို့က
ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
ဒီသတင်းကိုလေ့လာသုံးသပ်ကြည့်တဲ့အခါ  . . . .
တာဝန်ယူမှု တာဝန်သိတက်မှုဆိုတဲ့ အပိုင်းကိုတွေ့ရပါတယ်။ လူဟာ မိမိကျရာနေရာ
မှာ မိမိပြုလုပ်သော တာဝန်ဝတ်တရားကိုကျေပွန်ဖို့လိုပါတယ်။ ဒီသူကတော့ ဆိုက္ကား
သမား ၊ ဒီလူကတော့ နိုင်ငံတော်သမ္မတကြီးရယ်လို့ မဆိုလိုပါဘူး။
ဆိုက္ကားသမားပင်ဖြစ်စေတော့မိမိခရီးသည်ကို ဘေးကင်းလုံခြုံစွာ စေတနာ
ရှေ့ရှု့ပြီးပို့ဆောင်ပေးပါက ယင်းဆိုက္ကားသမားကို အထင်သေးရန်မလို ၊ ဆိုက္ကားနင်း
ချိန်တွင် အရက်မသောက်ဘူး ၊ အလုပ်သိမ်းချိန်ရောက်မှသာ အရက်သောက်သည်။
ဒါဆို ယင်းဆိုက္ကားသမားကို ပို၍ပင်လေးစားထိုက်ပေသည်။
ဤသည်ကား အကျဉ်းမျှသောဥပမာပင်ဖြစ်သည်။
မျက်မှောက်ခေတ်လူငယ်များအနေဖြင့် ယင်းအဓိပ္ပါယ် ၀ိသေသနကို နားလည်ပါက
လူဖြစ်ခွင့်သည် မဆုံးရှုံးပေ ။
နိုင်ငံတော်သမ္မတတစ်ယောက်ဖြစ်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးကို မသည်ပိုး
နိုင်ခဲ့သော်  . . ယင်းသမ္မတသည် အချီးအနှီးသော ယောက်ျားပင်ဖြစ်သည်။ ယင်း
သမ္မတ၏လူဖြစ်ခွင့်သည် မိမိ၏ဘ၀အတွက်လည်း အကျိုးမရှိသကဲ့သို့ နိုင်ငံတော်
နှင့်လူ့ဘောင်လူ့လောကအတွက်လည်း အလဟဿ       ပင်ဖြစ်သည်။
ဒီလို အနက်အဓိပ္ပါယ်ကို ထိုးထွင်းသိမြင်ပါက ထိုသို့သိမြင်နားလည်သောသူသည်။
လူဖြစ်ခွင့်၏ ရလဒ်ကို အသုံးခြနိုင်မည်ဖြစ်သည်။
မိမိတို့ စာရေးသားနေသည်မှာ ယင်းအဓိပ္ပါယ်ကို သိမြင်သောကြောင့် (အလင်းရှင်)
(-----------) စသော ကလောင်အမည်အမျိုးမျိုးဖြင့် ရေးသားဖြန့်ဖြူးခဲ့ပါသည်။
ထိုသို့အသိဉာဏ်များကို ဝေငှခြင်းဖြင့် လူ့ဘောင်လူ့လောက၏ ငြိမ်းချမ်းရေးကို
သည်ပိုးခြင်းဖြစ်ပါသည်။
ဟို တစ်လောဆီက  . . . . .
အလွတ်သတင်းထောက် ကိုပါကြီးအား စစ်တပ်မှဖမ်းဆီးကာ အဆုံးစီရင်လိုက်
သော သတင်းသည် ကမ္ဘာအနှံ့ပျံ့နှံ့ခဲ့သည်။
ဒီလိုဖြစ်ရပ်မျိုးဟာ သမ္မတနှင့် ကာချုပ်ဆိုသူတို့ တိုက်ရိုက်ပတ်သက်သည်။
ထိုဖြစ်စဉ်မျိုးကို နောက်နောင်မပေါ်ပေါက်စေရန် ယင်းသမ္မတနှင့်ကာချုပ်ဆိုသူ
တို့မှာ လုံးဝတာဝန်ယူရမည်ဖြစ်ပြီး သေဆုံးသူမိသားစုအား ကြေလည်သည်
အထိတောင်းပန်ရမည်။
ဒီလိုမျိုး အသိတရားသည် ။ ယင်းသမ္မတနှင့် ကာချုပ်ဆိုသူတို့ ရှိကောင်းသည်
မထင်။ ရှိလည်းမရှိပါ။
တာဝန်ယူခြင်း တာဝန်သိတက်ခြင်းမရှိသော ယင်းတို့အား ချေးထက်ပင်ရွံမုန်း
စရာကောင်းသည်။ ဒါကို ဒီနေ့ခေတ်လူငယ်များ သိစေချင်သည်။ ပြင်စေချင်
သည် ။ မှတ်စေချင်သည်။
အခုလို ရေးသားသည်ကိုပင် မှတ်ရကောင်းသောစာအဖြစ် သိပါက မြန်မာနိုင်
ငံသည် နောက်ဆယ်စုနှစ်အတွင်း မှာ ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်မည်ဟု
မိမိသုံးသပ်မိပါသည်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget