ဦးဇင်းတို့မြန်မာနိုင်ငံလေးဟာ တောင်သူဦးကြီးများရယ်။သူတို့နဲ့ယှဉ်တွဲ
တွဲလုပ်သားနွားကြီးတွေရယ် . . ဒါတွေဟာကျေးဇူး ရှင်ပါဘဲ။ ကုလားလဲ
၊တရုတ်လဲ၊ဗမာလဲ၊ စတဲ့တိုင်းရင်းသားတွေလဲ ဆန်စပါးနဲ့ပါးပြောင်းတို့နဲ့
လွတ်ကင်းနိုင်တာမဟုတ်ပါဘူး ဒါ့ကြောင့်ပြီးခဲ့တဲ့ Thursday, 1 November
2012 ရက်နေ့က “ကုလားတို့ ကိုယ်ချင်းစာပါ”ဆိုတဲ့ဆောင်းပါးလေး
ရေးတင် ဖူးပါတယ်။
ကျေးဇူးရှင်ကိုမပြစ်မှား သင့်ပါဘူး။ ပြည်သူဟာ အစိုးရရဲ့ကျေးဇူးရှင်ပါ။
ဒါကိုဒီနေ့ခေတ် စစ်သားတွေ ၊ရဲတွေ ၊၀န်ထမ်းတွေသိသင့်ပါတယ်။
သို့သော်မသိဘူးပြည်သူတွေထဲက ဆင်းရဲသူကိုကျွန်လို့သဘောထားပြီး
သကာလဓနဥစ္စာချမ်းသာသူများကိုတော့ဖေါ်လံဖားနေတယ်။
လယ်သိမ်းယာသိမ်းခံရတဲ့ပြည်သူတွေအဖြစ်ဟာ ကြေကွဲစရာကောင်းပါ
တယ်။ကိုယ့်မြေကိုယ့်ယာကိုလယ်ထွန်နေတဲ့ တောင်သူယာသမားများကို
မဆီမဆိုင်တရုတ်အကျိုးစီးပွားအတွက်ကာကွယ်ပေးနေတဲ့ . .
မျက်မှောက်ခေတ်ရဲ့ . .
ရဲ . .. စစ်သား .. ကြံ့ဖွတ်တို့ဟာ . . . .
“လူတစ်ယောက်ရဲ့အသိဉာဏ်မှရှိသေးရဲ့လား”
လယ်လုပ်ယာလုပ်စားတဲ့ တောင်သူယာသမားများကို ထောင်ထဲဆွဲထဲ့
တယ်ဆိုတဲ့ ကောင်တွေဟာ/ဥပဒေတွေဟာ “လူရေးဆွဲတဲ့ဥပဒေမဟုတ်
ဘူး” ထောင်ဆိုတာ လူဆိုးသူခိုးလူလိန်စတဲ့ကိုယ်ကျင့်တရားတွေပျက်
ဆီးနေတဲ့သူတွေကို ဆုံးမပြုပြင်တဲ့နေရာပါ။

အခုတော့ ရိုးသားကျိုးစားပြီးဘိုးဘွားလက်ထက်ကပိုင်ဆိုင်လာခဲ့သော
လယ်ယာမြေတွေမှာ လုပ်ကိုင်စားသောက်ကြတဲ့ တောင်သူယာသမား
များကို ဘာလို့ထောင်ချပစ်နေတာလဲ?
စာတက်သူအတွက် ရင်နာဖွယ်ရာကောင်းပါတယ်။ နှလုံးသာနူးညံ့သော
အသိဉာဏ်ရှိသူများအတွက်လည်း ကြေကွဲဖွယ်ရာမြင်ကွင်းတွေပါ။
အစိုးရဆိုတဲ့သမ္မတဖြစ်ပေါ်လာခဲ့ပုံကို ဗုဒ္ဓရဲ့ပိဋကတ်တော်မှာ ဖတ်လို့
ရပါတယ်။ ပြည်သူတွေပေးတဲ့အခွန်အခကိုယူပြီး အစိုးရဆိုတဲ့သမ္မတ
အဖွဲ့အစည်းဟာရပ် တည်ရတာပါ။ စာပေအရပ်ရပ်ကိုနှိပ်ကွက်ဆုံးမခဲ့
တဲ့အာဏာရူးတွေကြောင့် ပြည်သူနဲ့
ပြည်သူ့ဝန်ထမ်းတွေဟာ အုပ်ချုပ်မှု ယန္တယားကြီးအကြောင်း စတဲ့အ
ကြောင်းအရာပေါင်းများစွာကို လေ့လာခွင့်နဲပါးခဲ့ကြပါတယ်။ ဒါ့ကြောင့်
အစိုးရအဖွဲ့အစည်း နိုင်ငံဝန်ထမ်းမှန်သမျှဟာ ပြည့်သူပြည်သားများကို
ကျေးဇူးတင်ကြရမှာပါ။ အထူးသဖြင့် တောင်သူဦးကြီးများနဲ့ယှဉ်တွဲလုပ်
ကိုင်ခဲ့ကြတဲ့ မြန်မာ့လုပ်သားနွားကြီးများကိုပေါ့။ ဒီကနေ့ပြည်သူ့ဝန်

ထမ်းတွေရဲ့အဓိကမရှိမဖြစ် ရိက္ခာဟာတောင်သူဦးကြီး
များနဲ့ယှဉ်တွဲလုပ် ကိုင်ခဲ့ကြတဲ့မြန်မာ့လုပ်သားနွားကြီးများရဲ့အသက်
သွေးချွေးတွေပဲမဟုတ်လား။
ဒါကိုမသိဘဲ စစ်သားမှ တိုင်းပြည်ဝန်ထမ်းတယ်လေးဘာလေးနဲ့စာငတ်
နေကြတဲ့မြန်မာပြည်က စစ်သားများ စာဖတ်ကြပါဦးလား။ စာငတ်နေတဲ့
မြန်မာပြည်က ၀န်ထမ်းများ စာဖတ်ကြပါဦးတော့လား။
ကျေးဇူးတရားဆိုတာ အောက်စီဂျင်နဲ့ဟိုက်ဒရိုဂျင်လိုပါပဲ။ တစ်ခုနဲ့တစ်ခု တစ်ဦးနဲ့တစ်ဦးမှီတွဲပြီးဖြစ်ပေါ်လာခဲ့တာမျိုးပါ။ သစ်ပင်နဲ့လူသားလူသားနဲ့
သစ်ပင် တို့ဟာ အမှီသဟဲပြုကျေးဇူးရှိကြသလိုပေါ့။ ဒါတွေကိုနားလည်လာ

ခဲ့မယ်ဆိုရင် မြန်မာ ပြည်မှာ အာဏာရူးတွေနေရရ
လာမှာမဟုတ်တော့ပါဘူး။ အာဏာရူးတို့ဖြစ်တည်ခွင့်ဆိတ်သုဉ်းသွားမှာ
ပါ။
အခုတော့ သတင်းဂျာနယ်တွေဖတ်မလား? ရုပ်သံသတင်းတွေကိုကြည့်မ
လား? နွားနဲ့ဘက်ရုန်းနေရတဲ့ တောင်သူဦးကြီးများဟာ လူဆိုးသခိုးတွေ
နေတဲ့ ထောင်ထဲရောက်နေပြီ .. ။
ဒါ့ကြောင့် .. မြန်မာနိုင်ငံသီချင်းဟာ .. . ဆိုရသူအတွက်တော့ ..
အသက်မပါတော့ပါဘူး ..
တို့ပြည်တော့ တို့ပြည့်ပဲ .. သို့သော် . .
တိုမြေတော့ တို့မြေပဲ . . သို့သော် ..
တရုတ်ပြည် .. တရုတ်မြေ ဖြစ်နေတာဟာ စစ်ခွေးသန်းရွှေရဲ့ယုတ်မာ
ပက်စက်မှုပါပဲဆိုတာ ပြည်သူတိုင်းသိပါသည်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

No comments :
Post a Comment