မိုးထိမိုးမိ . .. .
ပြည်သူတွေအတွက်တော့ မိုးလည်းမထိတော့သလို
မိုးသို့လည်း မမိနိုင်ခဲ့ပါ . . ။
သမိုင်းခေတ်အဆက်ဆက်
အာဏာရှင်ကြီးဆိုးလို့ ခရိုနီတွေသာလျှင်
ကြီးစိုးကောင်းစားနေခဲ့တာကိုး . . . .။
အခုလည်း . .
မိုးထိမိုးမိရွှေလုပ်ကွက်မှာ . .
ဒေသခံတွေခမျာမှာတော့ ထောင်ထိထောင်မိဖြစ်ကုန်ပြီ။
ပြောတော့ “အမျိုးသားကြီးပွားတိုးတက်ရေးကုမ္မဏီ” တဲ့
အမြင်တာတော့ .. ဒေသခံအမျိုးသားတွေကိုထောင်ချတာပဲ။
ခရိုနီးကြီး “စိုးထွန်းရှိုန်” ရေ .. .
မင်းကတော့ မင်းမယားမော်ဒယ် ချမ်းမီမီကိုနဲ့
လကမ္ဘာပေါ်ကိုတောင် ဒေါ်လာ(၁၅)သန်းအကုန်ခံလို့သွားဦးမယ်
ဆိုပဲ .. . ။
သြော် . . .
ခရိုနီစိုးထွန်းရှိုန်တို့ကတော့ တကယ်ကို “မိုးထိမိုးမိရုံတင်မက”
လကမ္ဘာပေါ်ကိုတောင် ပျားရည်ဆမ်းခရီးတက်ဦးမယ်ဆိုပါလား။
စကားကြွင်း။ ။
မိုးထိမိုးမိရွှေလုပ်ကွက် ဒေသခံကာယဉာဏလုပ်သားကြီးများအား
ဤကဗျာဖြင့် ဂုဏ်ပြုမိပါသည်။ သတင်းအကျယ်သိလိုမူ . .
http://aungminkhoung.blogspot.com/2014/07/blog-post_4376.html
ဝင်ကြည့်နိုင်သေးသည်။
█ ░ အလင်းရှင် ░ █

No comments :
Post a Comment