ငါပြောချင်နေတာကြာပြီ .. .
ဒါပေမယ့်ပြောရင် ငါ့ကို နေရာတကာဝင်ဆရာလုပ်တယ်လို့မြင်မယ်။
ဒီလိုနဲ့ ငါနှုတ်ဆိတ်လာခဲ့တာ ကြာပြီ . . ။
ဟော .. အခုကြည့်စမ်း ..
ပန်းဆိုးတန်း နန်းသီတာဆိပ်ကမ်းရှေ့ ...နားကြပ်ဖြင့်သီချင်းနားထောင်ပြီး
ကားလမ်းဖြတ်ကူးစဉ် ကားဟွန်းတီးသံကိုမကြားဘဲ ကားတိုက်ခံရတယ်။
တိုက်တဲ့ကားသမားကထွက်ပြေးသွားပြီ။ ပြေးမှာပဲလေ ၊ အတိုက်ခံရသူ
ရဲအမှားက (၁၀၀%) ပါ။ လမ်းသွားလမ်းလာ နားကြပ်ကြီးနဲ့တပ်ပြီးသွား
မှားတော့ အာရုံတွေထွေပြားပြီပေါ့။
ဘတ်စ်ကားပေါ်မှာ ကားစီးရင်းနားထောင်ကတော့ အန္တရာယ်ကင်းပါ
တယ်။ လမ်းသွားရင်းနဲ့တော့ နားကြပ်ကိုလုံးဝမသုံးသင့်ပါဘုး။ ဘာဖြစ်
လို့လည်းဆိုရင် ကိုယ်ကိုယ်ပဲကားကတိုက်တိုက် ကားကပဲကိုယ့်ကိုယ်
တိုက်တိုက် နှစ်ဘက်စလုံးအတွက် နစ်နာလှပါတယ်။ ဘာမှဟုတ်တဲ့
လမ်းမထက်လမ်းလျှောက်ချိန်လေးကို သတိလေးထားပြီးလမ်းလျှောက်
စေချင်ပါတယ်။ သတိထားရင်းနဲ့တောင် သူရောကိုယ်ပါ မှားတက်ကြ
သေးတယ်မဟုတ်ပါလား။

ဒါ့ကြောင့် စာဖတ်သူများအားလုံးသူရောကိုယ်ပါ လမ်းလျှောက်ရင်းနား
ကြပ်တပ်တဲ့ရောဂါဆိုးကို ပြင်သင့်ပါပြီ။ လမ်းမထက်မှာ ကိုယ့်အသက်
နဲ့ရင်းပြီး Style ထုတ်ဖို့ဆိုရင်တော့ ကဲ . .အပြောတော့ပါဘူး။
ဘုရားရှင်က စိတ်ဆိုတာ တစ်ခုပြီးမှတစ်ခုဖြစ်တာလေ .. အကြားအာရုံ
ကိုခံစားနေတော့ သေဘေးအာရုံကိုမေ့လျှော့သွားတာပေါ့။
အဲလိုတဇွတ်ထိုးဆန်ကိုယ်လုပ်ချင်တာကိုပဲသိတဲ့လူငယ်တွေကြောင့်
ထိုလူငယ်နှင့်အတူ ၀န်းကျင်ပါဒုက္ခရောက်စေပါတယ်။မိဘတွေရဲ့သွင်သင်
ဆုံးမမှု အားနဲတာလည်းတစ်ကြောင်းပါပါတယ်။ သားသမီးကိုအလိုလိုက်
တော့ ယင်းသားသမီးဟာ မဖြစ်သင့်မမှားသင့်သော အမှားများကိုလွန်ကျူး
တက်ပါတယ်။ ဒါကိုမိဘတွေက မသိကြဘူးလေ။
ကာလ၊ ဒေသ ၊ ကိုမသိဘဲ နားမှာကြိုးတက်တော့ အသေဆိုးနဲ့သေသပေါ့။
ဝေမျှကြပါ ၊ ရှဲ ကြပါ၊ ဒီလိုအဖြစ်မျိုးမဖြစ်ရအောင် ဒီပိုစ့်ကို ဇီဝိတဒါနအ
လို့ငှာရေးတင်တာပါ။
ဘာပဲလုပ်လုပ် ကာလဒေသကိုကြည့်ပြီးမလူငယ်တွေကိုလုပ်စေချင်ပါတယ်
လမ်းသွားလမ်းလာမှာ နေရာဒေသကိုမငဲ့တော့ ရခဲ့လှတဲ့အသက်တစ်
ချောင်းပေးဆပ်လိုက်ရတယ်။
ဒါ့ကြောင့် လမ်းသွားရင်း နားကြပ်တပ်သူများ သံဝေဂသတိယူနိုင်ကြပါစေ
နောက်နောင် ဒီလိုအဖြစ်ဆိုးမျိုး ဘယ်သူမှမကြုံကြရစေရန် အလင်းရှင်
သတိပေးလိုက်ပါသည်။ ဖတ်ရှု့သူများ Share ခြင်းဖြင့် ဇီဝိတဒါနကု
သိုလ်ယူကြပါလို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
No comments :
Post a Comment