ပြည်သူက ဓာတ်တိုင်ဓာတ်ကြိုးကို မတော်တဆထိခိုက်ဖျက်ဆီးမိလျှင်
ပြည်သူပိုင်ဖျက်ဆီးမှု ၆၁ ပုဒ်မနဲ့ အစိုးရကအရေးယူတယ်။
ပြည်သူ့အပေါ်ကို ဓာတ်ကြိုးပြုတ်ကျလို့သေတဲ့အခါ ပြည်သူကအစိုးရကို
ဘယ်လိုပုဒ်မနဲ့အရေးယူရမှာလဲ?
ကဲ .. . ဒီလို ပြည်သူအတွက် အခွင့်အရေးမဲ့တဲ့ စစ်ခွေးတွေ ခရိုနီတွေ
ရပ်တည်ချမ်းသားကြွယ်ဝဖို့အတွက် ရေးဆွဲထားတဲ့ ယုတ်မာတဲ့ အခြေ
ခံဥပဒေစာအုပ်ကြီးကို .. . .
ဒီအတိုင်းပဲ .. ထားလိုက်တော့မှာလား ?

ဦးဇင်းရဲ့အလိုအရတော့ စစ်ခွေးတွေအလိုကျရေးဆွဲထားတဲ့အဲဒီစာအုပ်
ကြီးကို မီးရှို့လိုက်ပြီး ပြည်သူ့အလိုကျရေးဆွဲလိုက်ချင်ပါတယ်။
ဒါ့ကြောင့် ပြင်ဆင်သင့်သောပုဒ်မများကို ပြင်ဆင်ခြင်းဟာ ပြည်သူကို
ဗဟိုပြုသော . . ပြည်သူကိုအကာအကွယ်ပေးသော အခြေခံဥပဒေအ
ဖြစ်အသွင်ပြောင်းခြင်းသာဖြစ်ပါတယ်။
ဒါ့ကြောင့် ပုဒ်မ (၄၃၆)ကို ပြင်ဆင်ဖို့ လက်မှတ်ထိုးခြင်းသည် ပြည်သူ့
အခွင့်အရေးကို စစ်အာဏာရှင်ထံမှပြန်လည်ရယူခြင်းသာဖြစ်သည်ဟု
နားလည်မိပါသည်။
█ ░ အလင်းရှင် ░ █
No comments :
Post a Comment