.

AlinShin

Saturday, July 5, 2014

တောင်သမန်ကိုချစ်နေဆဲ . .ပါလား

မှန်ရာကို ၀န်ခံရပါရင် .. ကျနော်သည် နှလုံးသားနူးညံ့သူပါ ၊
သစ္စာတရားနှင့် မေတ္တစကားကို ရင်ဝယ်ပိုက်ရင်း ပဋိသန္ဓေခ-
လာရာသူလားမသိ . . .
လောကကို အဓိပ္ပါယ်ဆေးစက်တွေနဲ့ ချယ်မှုန်းလိုက်ချင်သည်။
ထို့ကြောင့် ကဗျာသမားဖြစ်လာသည် .. . ။
လောကကို ကဗျာအဖြစ်တွေးတက်လေတော့သည် . . . ။
ကဗျာကို ချစ်မြတ်နိုးခဲ့သောကျနော့အား ကဗျာကလည်း
ချစ်မြတ်နိုးသူတို့ရဲ့ နှလုံးသားအဘိဓာန်ကို ရွတ်ဆိုပြခဲ့သည် . . ။
ဤသို့နှင် ကျနော်သည် . . . 
Photo: တောင်သမန်ကိုချစ်နေဆဲ . .ပါလား
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  
မှန်ရာကို ၀န်ခံရပါရင်  ..  ကျနော်သည် နှလုံးသားနူးညံ့သူပါ ၊ 
သစ္စာတရားနှင့် မေတ္တစကားကို ရင်ဝယ်ပိုက်ရင်း ပဋိသန္ဓေခ-
လာရာသူလားမသိ . . .
လောကကို အဓိပ္ပါယ်ဆေးစက်တွေနဲ့ ချယ်မှုန်းလိုက်ချင်သည်။
ထို့ကြောင့် ကဗျာသမားဖြစ်လာသည်  .. . ။ 
လောကကို ကဗျာအဖြစ်တွေးတက်လေတော့သည် . . . ။
ကဗျာကို ချစ်မြတ်နိုးခဲ့သောကျနော့အား ကဗျာကလည်း 
ချစ်မြတ်နိုးသူတို့ရဲ့ နှလုံးသားအဘိဓာန်ကို ရွတ်ဆိုပြခဲ့သည် . . ။
ဤသို့နှင် ကျနော်သည် . . . 
ကဗျာလောကထဲတွင် ကဗျာဆိုသူနှင့်ချစ်သူဖြစ်လာခဲ့သည် . . .။
ညဟာ အခြားသူအတွက် အိပ်စက်အနားယူခြင်းဆိုသော်လည်း  . .
ကျနော့အတွက်တော့ ကဗျာရေးခြင်းပါ။
အိပ်မက်ဟာ ဖမ်းဆုပ်ချုပ်ကိုင်ခြင်းမရဟုဆိုသော်လည်း  .. 
ကျနော့်အတွက်တော့ နတ်သမီးတစ်ပါးပါ။
အခုလည်းကြည့်လေ  ..  .  
မအိပ်သေးဘဲ  .. နွေနေမှာ ရင်ပူပူနဲ့ ရေတွေကိုကုန်အောင်သောက်ပစ်
တဲ့ .  ဦးပိန်အကြောင်းကိုတွေးမိသည် ၊ ယင်းနောက် ချစ်သောငယ့်ကို
သတိရမိသည် . . ။
တန်ခူးနွေအဆုံးမှာ ကျနော်နှင့်ငယ်တို့ အမှတ်မထင်ချစ်သူဖြစ်ခဲ့ကြသည်
ယင်းနောက်  . . .အချစ်ချောက်ကမ်းပါးတစ်ဘက်ကို နှစ်ယောက်တူကူး
ခပ်ခဲ့ကြသည် . . . ။ 
ချစ်သော ငယ်လည်း မူးခဲ့  . .မေ့ခဲ့သလို  ..  
ကျနော်ကိုယ်တိုင်လည်း ရူးခဲ့ . . ယဲ့ခဲ့ရပါသည်  . . .။
သည်လိုနှင့်  အမြဲဆိုသလို ရွှေတိဂုံအခြေမှာဆုံခဲ့ကြသည် ၊ အထုအထ-
ထည်ကြီးမားသော စေတီတော်မြတ်ကြီးရဲ့ ရွှေရောင်တဖိတ်ဖိတ်အောက်
မှာ ကျနော် ချစ်သောငယ်အတွက်  သစ္စာပန်းတွေ သီကုံးပြသခဲ့ပါသည်။
အဲဒီနောက်  . . .
ငယ် LA ကိုကျောင်းတက်ရင်းအလုပ်ထွက်လုပ်သည်  .. ကျနော်ကဇတိ
မြေ မြို့ငယ်လေးတစ်မြို့သို့ပြန်ရင်းမိဘလက်ငုတ်လက်ရင်းအလုပ်ကို
ယုံကြည်ချက်အပြည့်နှင့်လုပ်ခဲ့သည်။ 
သုံးလအတွင်းမှာ  . . 
ငယ့်ထံက စာလာတယ် ၊ ဖုန်းပြောဖြစ်တယ်  ၊  ကျနော်ငိုတယ် ၊
UsA မှာ 9/11 ဖြစ်တယ် ၊ ငယ်usa မှာအိမ်ထောင်ပြုလိုက်ပြီလို့ စာလာ
တယ် ၊ ကျနော့အဖေဆုံးခဲ့တယ် ၊ ကျနော်မငိုဖြစ်တော့ဘူး ။ 
ဒီလိုနဲ့ ကျနော်ဟာ ညတိုင်း ကဗျာဖတ်ဖြစ်တယ်  .. ။ ကြယ်တွေကိုကြည့်
တယ်  . ဖိုးလမင်းကြီးနဲ့စကားပြောတယ်  .. ။
နောက်ဆုံးတော့ ကျနော့်ဘ၀ကိုနားလည်သွားတယ်  . . .။
ကျနော်ဟာ  .. .
ဦးပိန်လို  မခိုင်ခံ့ခဲ့ဘူးနော် . . . ။
ကျနော်ဟာ  ..  .
ဦးပိန်လို မရှည်လျှားခဲ့ရဘူး  ..  .။
ဦးပိန်ဟာ  .. 
နွေကိုမကြောက်ပေမဲ့ ၊ ကျနော်ကတော့  .. 
နွေဆိုရင် ကြောက်တက်လာတယ် . . ။
ဒါပေမယ့် 
ကျနော်နဲ့ဦးပိန်တူတာတစ်ခုတော့ရှိပါသေးတယ်  
ဦးပိန်ဟာ တောင်သမန်မြေကို ချစ်တက်သလို  . .
ကျနော်ဟာလည်း . . . ငယ့်ကို ချစ်နေဦးမယ်ဆိုတာပါပဲ  .. ။
█ ░ အလင်းရှင် ░ █

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget