အလင်းရှင်ဟူသည် ပါရမီကုသိုလ်တစ်ယောက်ပီပီ အားသည်နှင့် လိုင်း -
ကောင်းသည်နှင့် ဖေ့ဘွတ်စာမျက်နှာတွင် ကုသိုလ်စကားတို့ကိုမမောနိုင်
မပန်းနိုင်အောင် ပြောပြနေတက်သည်။ ဘ၀ကို ၀ဋ်ကျွေးအဖြစ်သဘောမ
ထားဘဲ ပါရမီအဖြစ်သာနှလုံးသွင်းဆင်ခြင်မိသည်။ထို့ကြောင့် အလင်းရှင်
အတွက် နံက်ခင်းတိုင်း တေးသီငှက်တို့ရဲ့ သံစဉ်အသစ်စက်စက်လေး -
တွေကို ကြားနေရတက်ပါသည်။
ကောင်းသည်နှင့် ဖေ့ဘွတ်စာမျက်နှာတွင် ကုသိုလ်စကားတို့ကိုမမောနိုင်
မပန်းနိုင်အောင် ပြောပြနေတက်သည်။ ဘ၀ကို ၀ဋ်ကျွေးအဖြစ်သဘောမ
ထားဘဲ ပါရမီအဖြစ်သာနှလုံးသွင်းဆင်ခြင်မိသည်။ထို့ကြောင့် အလင်းရှင်
အတွက် နံက်ခင်းတိုင်း တေးသီငှက်တို့ရဲ့ သံစဉ်အသစ်စက်စက်လေး -
တွေကို ကြားနေရတက်ပါသည်။
ကဲ . .အခုလည်း “နမော အဂ္ဂဿ” ဆိုတဲ့ ဂါထာလေးကို ဝေငှမိပါသည်။
ဒီဂါထာရဲ့သမိုင်းကြောင်းတွေကို ပြန်ပြောင်းပြောရမယ်ဆိုရင် လွန်ခဲ့တဲ့
နှစ်(၁၀၀၀)တစ်ထောင်ကျော်လောက်ကို ပြန်သွားရလိမ့်မည်ဖြစ်သလို
ထိုဂါထာကိုပေးသော ပုဂံပြည်ရဲ့ နေတစ်ဆူလတစ်ပါး ရှင်မထီးဆရာ-
တော်ကြီးကိုလည်း ထုတ်ဖေါ်ရဦးမည် ။ နောက် ဒီဂါထာကို ရှင်မထီးဆ
ရာတော်ထံမှ အလင်းရှင်နှုတ်ဝယ်သို့ ယခုလိုရေးနိုင်အောင် လက်ဆင့်
ကမ်း ပေးသနားချီးမြှင့်တော်မူခဲ့သော “ဘဒ္ဒန္တ ဉာဏောဘာသ” ဆရာ
တော်ဘုရားကြီးနှင့် “ဘဒ္ဒ န္တ သာသန” ဆရာတော်ဘုရားကြီးတို့ရဲ့ အထု
တ်ဇာတ်ကို နှုတ်မြွတ်ရခြေဦးတော့မည်။
ထိုသို့သော အဓိကရဆရာတော်ကြီးနှစ်ပါးရဲ့ သီတင်းသုံးရာနေရာ၊
ကြည်ညိုဖွယ်ရာ ရုပ်ပုံတော်မြတ်များကို ပူးတွဲတင်ပြပါကလည်း အလင်း
ရှင်အားစစ်ခွေးတွေက ခြေရာကောက်ကာ ထောင်ထဲသို့တစ်ဖန်ပြန်သွင်း
ပေဦးမည်။ ရိပ်ဖန်းသံဖမ်းလေးပြောခဲ့မယ် ..
ဘဒ္ဒန္ဆဉာဏောဘာသာဆရတော်ကြီးက နေပြည်တော်အဂ္ဂတောင်မှာ
အဓိဋ္ဌာန်ဝင်ရင်း ရှင်မထီးဆရာတော်ကြီးကပေးခဲ့တာဖြစ်သလို ထိုအရှင်
ဘဒ္ဒန္တဉာဏောဘာသနှင့် ဘဒ္ဒန္တသာသနတို့ဟာ လိုင်းတူအကျင့်တူဆရာ
တော်များဖြစ်ပါတယ်။
ဒီထက်ပြောရပါရင်လည်း မိမိအတွက်လည်းလုံခြုံမှုကိုထားရပါသေးတယ်
စစ်ခွေးဆိုတာ ဘုရားလည်းဖျက်တယ်၊ စေတီလည်းဖျက်တယ်၊ သိမ်လဲ
ဖျက်တယ်။ သံဃာတော်တွေလည်းသတ်တယ်။ ကဲ .. အခုစာရေးသူ
အလင်းရှင်ဆိုရင်တော့ အမှုတ်ထောင်းမှာသေခြာတယ်။
ဒါ့ကြောင့် ဂါထာသမိုင်းနဲ့ ဆရာတော်များမှ အထက်ဝိဇ္ဇာကြီးများထံမှရ
ရှိပုံတို့ကို မြှုတ်နှံထားလိုက်ရခြင်းဖြစ်ပါသည်။ အကယ်၍ သင်တို့နှင့်
ထိုက်တန်ပါကလည်း ထိုဆရာတော်နှစ်ပါးကို ဖူးမြှော်နိုင်ဦးမည်ဖြစ်ပါ
သည်။ “လူထွင်းသော ခံတွင်းမဟုတ် နတ်ထွင်းသောခံတွင်း” ဖြစ်သော
ကြောင့် .. သမဏေန သမဏော စကားအတိုင်း ၀ိဇ္ဇာအကျင့်ကိုကျင့်
သောသင့်အား ထိုဝိဇ္ဇာဆရာတော်များနှင့်တွေ့နိုင်ရန်အခွင့်အရေးသည်
အထူးကြောင့်ကြစိုက်ရန်မလိုပါ။
သာဓကဆောင်ရခြေသော် . .
အလင်းရှင်သည် ယင်းဂါထာတော်တို့အား အလွယ်တကူပင်ရလာခဲ့ခြင်း
ဖြစ်သည် ။ ဆိုလိုသည်ကား . ၀ိဇ္ဇာမှန်လျှင် ၀ိဇ္ဇာနှင့်သာဆုံမည်။ ပြိတ္တာ
မှန်လျှင် ပြိတ္တာဖြင့်သာ ကြုံမည်။
ကဲ .. စာရှည်ပြီ။ ဂါထာကို တစ်နေ့ သုံးကြိမ် သက်စေ့ထက်တစ်ခေါက်ပို
ရွတ်လော့ .. . ။
Share ခြင်းဖြင့်ထပ်ဆင့်ကုသိုလ်ယူကြပါကုန်လော့ . .
█ ░ အလင်းရှင် ░ █
No comments :
Post a Comment