.

AlinShin

Thursday, May 8, 2014

မြန်မာပြည်ကို ထက်ခြမ်းခွဲမည့် ရထားလမ်း



ကန်ဒေါ်လာဘီလီယံ ၂၀ကုန်ကျမည့် မူဆယ်-ကျောက်ဖြူရထားလမ်း တရုတ်က ဒီဇင်ဘာတွင် စတင်ဖောက်လုပ်မည်နေပြည်တော်၊ မြန်မာနိုင်ငံတွင်ပထမဆုံး နိုင်ငံတကာအဆင့် လမ်းကျယ်ရထားလမ်း နှင့် လျှပ်စစ်ရထားပြေးဆွဲမည့် မူဆယ်-ကျောက်ဖြူရထားလမ်းပိုင်း 

ဒီဇင်ဘာ တွင် စတင်ဖောက်လုပ်နိုင်ရန် စီစဉ်လျက်ရှိကြောင်းရထားပို့ဆောင်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းကပြောသည်။
အဆိုပါ မူဆယ်-ကျောက်ဖြူရထားလမ်းသည် မိုင် ၅၀၀ရှည်လျားပြီး ကန်ဒေါ်လာဘီလီယံ ၂၀အသုံးပြု၍

တရုတ်နိုင်ငံမှ ဖောက်လုပ်သွားမည်ဖြစ်ပြီး ရထားလမ်း ဖောက်လုပ်ရာတွင် မြန်မာနိုင်ငံသားများ
အလုပ်အကိုင် ရရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
““အခုရထားလမ်းကို စည်းကမ်းချက်တွေနဲ့ လုပ်ရ တာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုဥပဒေတွေ၊ BOT

ဥပဒေ တွေနဲ့ ကိုယ့်နိုင်ငံမနစ်နာအောင် လုပ်ရတာပါ။
ကန်ဒေါ်လာ ဘီလီယံ ၂၀က မြန်မာက ပိုက်ဆံတစ် ပြားမှမပါ ပါဘူး။ သူတို့က နှစ်၆၀တောင်ပေးမယ်။

မြန်မာက နှစ် ၅၀ကို BOT နဲ့ပေးပါမယ်။ ရင်းနှီးမြှုပ်နှံ မယ့် ကန်ဒေါ်လာ ဘီလီယံ ၂၀က မြန်မာနိုင်ငံမှာ
ကျန်ခဲ့အောင် အလုပ်သမားတွေထည့်ပါမယ်။ ၀ယ်ယူ ရမယ့် အုတ်၊ သဲ၊ ကျောက်တွေကအစ ပြည်တွင်း
က ၀ယ်ယူလို့ရအောင်လုပ်ရပါမယ်။ လုပ်ငန်းခွင်မှာ လဲ မြန်မာတွေလုပ်တတ်ရင် မြန်မာကို ပေးမယ်။
မလုပ်တတ်တဲ့ဟာကိုပဲ သူတို့ကိုလုပ်စေမှာပါ။ အခု လွှတ်တော်မှာ BOT အတွက် မြေယာဥပဒေ၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေတင်ပြီးရင် စာချုပ်ချုပ်ပါ မယ်။ ဒီဇင်ဘာမှာ စနိုင်ဖွယ်ရှိပါတယ်။ လက်ရှိ ကျွန်တော်တို့ရဲ့စည်းကမ်းချက်တွေကို သူတို့က လက်ခံတဲ့အတွက် မြေတိုင်းနေကြပါတယ်။ ဒီရထား လမ်းက မြန်မာနိုင်ငံရဲ့ ပထမဆုံးရထားလမ်းကျယ် ဖြစ်ပြီးတော့ ပထမဆုံးလျှပ်စစ်ရထားပြေးဆွဲမယ့် လမ်းကြောင်းဖြစ်ပါတယ်””ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။
မူဆယ်-ကျောက်ဖြူရထားလမ်းတွင် မူဆယ်-လားရှိုး-မန္တလေး-မကွေး-မင်းဘူး-အမ်းနှင့်ကျောက်

ဖြူမြို့များကို ဖြတ်သန်းဖောက်လုပ်မည်ဖြစ်ပြီး ကျောက် ဖြူတွင်ဆောက်လုပ်မည့် ရေနက်ဆိပ်

ကမ်းမှတစ် ဆင့် နိုင်ငံတကာနှင့် ချိတ်ဆက်ကုန်သွယ်ရန်စီစဉ် ထားကြောင်း သိရသည်။
အဆိုပါရထားလမ်းဖောက်လုပ်ရန်အတွက် တရုတ်နိုင်ငံမှ မြေတိုင်းတာရေးအဖွဲ့သုံးခုသည် လားရှိုး နှင့်

မန္တလေးကြား၊ မန္တလေးနှင့် မင်းဘူးအကြား၊ မင်း ဘူးနှင့်ကျောက်ဖြူအကြား တိုင်းတာလျက်ရှိပြီး မူဆယ်
နှင့် လားရှိုးအကြားတွင် တိုင်းတာမှုပြီးစီးနေပြီဖြစ် သည်။ ရထားလမ်းကို ငါးနှစ်စီမံကိန်းဖြင့် ဆောက်လုပ်
မည်ဖြစ်ပြီး မြေတိုင်းတာမှုကို သုံးနှစ်ဆောင်ရွက်မည် ဖြစ်ကာ လမ်းဖောက်လုပ်မှုကို နှစ်နှစ်ဖြင့် အပြီးတည် ဆောက်မည်ဟု သိရသည်။
တိုင်းတာပြီးစီးသွားသော မူဆယ်-လားရှိုးရထား လမ်းပိုင်းတွင် လမ်းအရှည် ၁၂၆ဒသမ၂၇၇ကီလို မီတာ(၇၈ဒသမ၉၂မိုင်)ရှည်ပြီး တံတား ၄၁စင်း၊ ရေပြန် ၁၂၃ပြန်၊ ဥမင်လိုဏ်ခေါင်း ၃၆ခု၊ ဘူတာ 

ခုနစ်ခုနှင့် ခန့်မှန်းကုန်ကျစရိတ် ကန်ဒေါ်လာ သန်း ၁၆၀၀ကုန်ကျမည်ဖြစ်သည်။
““ဒီလမ်းမှာ ကုန်တန်ချိန် ၄၀၀၀တင်နိုင်တဲ့ ရထားတွေပြေးဆွဲမှာပါ။ လက်ရှိမြန်မာနိုင်ငံမှာက 

ကုန်တန်ချိန် ၁၀၀၀ရထားပဲ ပြေးဆွဲနိုင်သေးတယ်။ ဒီရထားလမ်းမှာ ကုန်ရထားက အသွားရှစ်စင်း၊
အပြန် ရှစ်စင်းနဲ့ လူစီးတစ်စင်းပြေးဆွဲပါမယ်။ ကုန်တွေက အိန္ဒိယက သံရိုင်းတွေ အဓိကတင်ပြီး တရုတ်ဘက်က ကုန်ချောတွေတင်ဆောင်မှာဖြစ်ပါတယ်။ မြန်မာ နိုင်ငံက ဖြတ်သန်းခနဲ့ ၀န်ဆောင်ခတွေရပါမယ်။ ပြေး ဆွဲမယ့်မိုင်နှုန်းက လျှပ်စစ်ရထားဖြစ်တဲ့အတွက် ၁၂၅ မိုင်(ကီလိုမီတာ ၂၀၀)ပြေးဆွဲနိုင်သဖြင့် မူဆယ်နှင့် ကျောက်ဖြူနေ့ချင်းပြန်ပြေးဆွဲနိုင်ပါတယ်””ဟု ပြည် ထောင်စုဝန်ကြီးက ဆက်လက်ပြောသည်။
http://yangonmedia.net/news/news_detail.asp?nid=4509 

http://www.yeyintnge.com/2011_09_02_archive.html
မှသိမ်းဆည်းမှတ်တမ်းတင်ပါသည်။
အလင်းရှင်

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget