မဟာပရိနိဗ္ဗာနသုတ်မှာ .. .
ဘုရားရှင်ပရိနိဗ္ဗာန်စံလွန်တော်မူမည်လည်းဆိုရော စက်ြဝဠာတိုက်တစ်သောင်းက
နတ်ဗြဟ္မာတွေ ၀မ်းနည်းလွန်းလို့ ငိုကြတယ် . . ။ အချို့နတ်တွေက ငိုယုံတင်မ
ကဘူး “ လောကကြီးတော့ အလင်းရောင်တို့ကွယ်ပကုန်ကြပါပြီ” လို့လည်းသြော်
ကြသေးတယ်။ အချို့နတ်တွေကတော့ နောက်ဆုံးပူဇော်တဲ့အနေနဲ့ ဘုရားရှင်သီ
တင်းသုန်းနေဆဲ အင်ကြင်းတောကြီးတစ်တောလုံးကို အခါမဲ့ပန်းတွေဖူးပွင့်လိုက်
တဲ့အတွက် စိမ်းစိုညိုမှောင်းနေတဲ့အင်ကြင်းတောကြီးဟာ အင်းကြင်းပန်းရဲ့အ
ရောင်အ၀ါရနံ့တွေကြောင့် သင်းပျံ့မွှေးကြိုင်နေလေရဲ့။
တစ်ဖွားဖွားကြွေလင့်ပူဇော်နေကြတဲ့ အင်းကြင်းပန်းအအဖူးအပွင့်တို့ဟာ ..
တစ်တောလုံးကိုရံနံ့သက်တို့ဖြင့် ထုံမွှမ်းကြပေတယ်။ ထိုရနံ့ ထိုပန်းပွင့်တို့ကြဲ
လွင့်နေတဲ့ မြေပထဗျာထက်မှာ အချို့သောနတ်တို့ဟာ ပြည့်ဝန်းသောမျက်ရည်
များဖြင့် ငေးငိုင်နေကြသလို အချိုသောနတ်တို့ဟာ အင်ကြင်းပင်ကိုမှီတွယ်ကာ
လက်အုပ်ချီလျှက် ငိုရှိုက်နေကြတယ်။
ကဲ .. . မျိုးချစ်သာဗုဒ္ဓဘာသာဝင်နှင့် မျိုးမချစ်သောဗုဒ္ဓဘာသာဝင်တို့ရေ .. .
ပူတွဲပါဓာတ်ပုံတွင်မြင်တွေ့နေရတဲ့ လယ်တီသိမ်ရဲ့ ပရိနိဗ္ဗာန်ခရီးမှာ တို့ပြည်သူ
တွေ အဘယ်မျှငိုကြသနည်း .. .။
သရဏဂုံအစစ်ကို ထုံမွှမ်းတက်သူသာလျှင် လယ်တီသိမ်ရဲ့တန်ဘိုးကိုသိပါလိမ့်
မည်။ တန်ဘိုးမသိသူအတွက် တန်ဘိုးမဲ့ပစ္စည်းစရင်းမှာလယ်တီသိမ်လည်းပါ
သွားတယ်။ ဘာမှမကြည့်နဲ့။ ဒီဆောင်းပါလေးရေးသူကိုပင် Like Share လုပ်ဖို့
ရန် အသာထား ဆဲခြင်သူက ငါနှင့်တောင်ကိုင်တုတ်နေပေဦးတော့မည်။ဒါ့အပြင်
လယ်တီသိမ်ကို နှမြောတသလို့ ဆောင်းပါးရေးတင်တဲ့သူကိုလက်ချိုးရေတွက်ရင်
ဆယ်ယောက်မပြည်သည်မှာ အံ့သြစရာပါ။ ဗုဒ္ဓဘာသာဝင်သန်းထုမျှရှိပြီး
Facebook သုံးတဲ့အလင်းရှင်ရဲ့ ဖရင့် (၅၀၀၀)မှာ ဘယ်နှယ်ဦးမျှစိတ်ဝင်စား
သနည်း။ ဒါ့ကြောင့် သာသနာဆိုတာ ရင်ထဲမှာရှိတာပါ။ ရင်ထဲမှာ သာသနာ
မရှိသရွေ့ .. ရွှေတိဂုံစေတီတော်ကြီးကိုလည်း မိုင်းခွဲကြဦးမှာပဲ ..
ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်ကြီးကိုလေည်း ဖြို့ကြလေဦးမှာပဲ .. ဟု
သံဝေဃဓမ္မသဘင်ဆောင်းပါး နိဂုံးချုပ်လိုက်ရပေတော့သည်။
█ ░ အလင်းရှင် ░ █

No comments :
Post a Comment