.

AlinShin

Tuesday, May 6, 2014

အပ္ပမာဒစကား

Photo: အပ္ပမာဒစကား
☀ ✂•••× ☀ ✂•••× ☀ 
မေတ္တာတရားနဲ့ သစ္စာစကားကို မောင်မင်းကြီးသား စစ်အာဏာရှင်များက
ဘယ်လိုသဘောထားကြသလဲ?
သေနပ်ခါးကြားထိုးခွင့်ရတာနဲ့ သန်းခြောက်ဆယ်ဟာ အလိုလိုစစ်ကျွန်ဖြစ်
သွားတော့တာလား ?
ဟား  ..  ဟား  .. ဟား  ..  ဟား လို့တောင်ရယ်လိုက်ချင်တယ်။
သေမင်းနဲ့ထွေခင်းကစားလို့မရတဲ့ သင်္ခါရလောကမှာ မင်းတို့စစ်အာဏာရှင်
တွေက မောက်မာမာန်ကြွ တရားမဲ့ကြတာကိုး  .. .။
မှတ်ထားလိုက်စမ်းပါ စစ်အာဏာရှင်ကြီး သန်းရွှေရေ  ..
သာဓကအနေနဲ့ ငါပြရပါမူ  .. . 
 နေ၀င်းလည်း နေ၀င်သွားပြီနော်  .. သူ့မြေးတွေလည်း အုတ်ကြားမြက်
ပေါက် အင်းစိန်ထောင်ရောက်ခဲ့ရသေးတယ်  .. ။
အေး  .. ဒါ့ကြောင့် ၊ မသေခင်မှာ ပြည်သူ့ထံကအဓမ္မရှာဖွေစုဆောင်းထား
တဲ့ သန်းပေါင်းဘီလျှံပေါင်းများစွာသော ဒေါ်လာတွေကို အတိဒုက္ခရောက်
နေတဲ့ပြည်သူတွေလက်ထဲပြန်အပ်လိုက်ပါ။
█ ░ အလင်းရှင် ░ █

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget