“ တရားရှာ ကိုယ်မှာတွေ့ ဘုရားတကာတွေဟောထားသော်လည်း ”
ပုထုဇဉ်ဆိုတော့ ..
ကိုယ့်လက်ပူမှ ပူမှန်းသိတာမျိုး .. လေ ။
ကမ္ဘာပေါ်မှာလူတွေ သိန်းနဲ့ချီပြီးနေတိုင်းသေနေတာ အလင်းရှင်မငိုမိဘူး
ဘယ်ငိုမှာလည်း ကိုယ့်အမမှမသတာကို .. . ။
ဤမျှ တရားမဲ့ကြသော လူသားများသည် နိဗ္ဗာန်နှင့်ဝေနေတော့သည်တကား။
MH 370 တွင် . .
ငါ့အမေမပါလို့ မငိုစတမ်းဆိုတော့ ..
လယ်တီသိမ်ဖျက်တာလည်း ငါ့အိမ်မဟုတ်လို့ ငိုစရာမလိုဘူးပေါ့ .. ။
ဒီလိုမတွေးနဲ့ ..
ဓမ္မဟူသည် ပိဋကတ်သုံးပုံကျမ်းစာအုပ်ကိုသာညွှန်းဆိုသည်မဟုတ်
ဣဋ္ဌာရုံသည်လည်း ဓမ္မ ၊ အနိဋ္ဌာရုံသည်လည်း ဓမ္မ .. ပဲ။
ဖြစ်ပြီးပျက်တက်တဲ့သဘောမှာ ..
အမျိုးဘာသာသာသနာအတွက်တော့ ရှေးဟောင်းအမွေအနှစ်တွေကို
နှောင်းလူတို့အတွက် မပျက်ဆီးအောင်ကာကွယ်သင့်တယ်။
အဲဒီလိုအတွေး အဲလိုရေးတာလည်း ဓမ္မပါပဲ။
သေချင်သူကြေ . .
ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ ..
စစ်ခွေးဆိုးကြီးသန်းရွှေနှင့်လက်ပါးစေခရိုနီများလိုသဘောမထားဘဲ
ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ့်ဗုဒ္ဓဘာသာသာသနာတော်အတွက်
လယ်တီသိမ်လေးလည်း အသက်ရှည်ပါစေ . . ဘုရား . .။
အောက်ပါလင့်တွင် လေယဉ်ပျံသတင်းဝင်ကြည့်နိုင်ပါသည်။

http://www.alinshin.co.vu/2014/03/mh-370_24.html
█ ░ အလင်းရှင် ░ █
█ ░ အလင်းရှင် ░ █
No comments :
Post a Comment