.

AlinShin

Monday, March 24, 2014

အတွေးကျယ်ကျယ်မှဆီ အကျယ်တွေးတွေး

Photo: အတွေးကျယ်ကျယ်မှဆီ အကျယ်တွေးတွေး
◄►✂•••× ✂•••× ◄►✂•••×✂•••×◄►
MH 370 ကတော့  . . 
အိန္ဒိယ သမုဒ္ဓရာရေကို သောက်ချင်သလောက်သောက်နေချိန်မှာ ။
ဝမ်ပေါင်တရုတ်ကတော့  .. 
မြန်မာနိုင်ငံထဲက သမိုင်းဝင်ရှေးဟောင်းစေတီတော်နဲ့သိမ်ကို ဒိုဇာနဲ့ထိုးနေပြီ။
ကဲ  . .. ကိုမျိုးချစ်တို့ရေ . . . 
ဘယ်သူတွေ  . . ဘယ်လိုအမျှပေးလို့  . .
ဘယ်သူတွေ  . .  . ဘယ်လိုသာဓုခေါ်ကြမှာလဲ . . ?
အလျှားအနံမရှိသော အကာဝေဟင်ပေါ်ကနေ  .. 
အပြောကျယ်လှသော အိန္ဒိယသမုဒ္ဒ်ပင်လယ်ထက်ဆီသို့  . .
MH 370 သည်  .. 
ရွှေငါးလေးတစ်ကောင်ကဲ့သို့ ကူးခပ်သွားလာခဲ့သလား ?
မျက်ပြူးဆန်ပြာဒုက္ခဝေခဲ့သလား ?
ဒီလိုပါပဲ မခြားတမူအလားတူစွာလျှင်  . .
အလျှားအနံရှိသော လက်ပတောင်းမြေပြင်တွင် . .
လုံးပတ်ပေအကျယ် မပြောပလောက်သော စေတီတော်နှင့်သိမ်တော်တို့သည်
တရုတ်ကြီးရဲ့ ဒိုဇာအောက်ဝယ် မြေမှုန်ဖြစ်ခဲ့လေသလား ?
စသည်ဖြင့်  . .. စသည်ဖြင့် 
အလင်းရှင်ဆိုသော ကဗျာက၀ိသည် 
မသာအတြိံပီးသော ဤကိုယ်ခန္ဓာကောင်အထုတ်ကို 
အာသုဖုတ်ကမ္မဋ္ဌာန်း စီးဖြန်းရင်းဖြင့်  .. 
ဘ၀တွင်
လောဘဇာတ်သိမ်း အပူငြိမ်းကြပါစေကုန်သတည်း  . . 
ဘ၀တွင်
ဒေါသဇာတ်သိမ်း ရင်ပူငြိမ်းကြပါစေကုန်သတည်း  .. 
ဘ၀တွင် 
မောဟဇာတ်သိမ်း အမှောင်တွေဝေးကြပါစေကုန်သတည်း . .
█ ░ အလင်းရှင် ░ █

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget