ကောက်ရိုးပုံထဲ အပ်တစ်စင်းကျသလို ..
အာကာဝေဟင်မှာ Boeing 777 လေယဉ်ကြီးပျောက်တယ်ဆိုပဲ။
တရုတ်လေးတွေက လေယဉ်ပျောက်လို့
ဝမ်းနည်းကြောင်းလက်မှတ်ရေးထိုးနေချိန်မှာတော့ . . ။
မြန်မာပြည်က မုံရွာနယ်က
လယ်ပိုင်ယာပိုင်များက သူတောင်းစားများဖြစ်သွားရှာတယ် .. ။
ဟင် .. သြော် ..
ငါမမီလိုက်တဲ့ ကိုလိုနစ်စနစ်ထက်
အခုကြုံတွေ့နေရတဲ့ တရုတ်ဝမ်ပေါင်စနစ်က ပိုလို့တောင်ဆိုးနေပါရောလား။
မခံနိုင်လွန်းတဲ့ ဒေသခံတွေက
ကျိန်စာမီးစက်တိုက်လိုက်တာလတောင်မကူးဘူး တရုတ်အများဆုံးပါတဲ့ Boeing 777 လေယဉ်တစ်စင်းကောက်ရိုးပုံထဲအပ်ကျသွားသတဲ့အတိုင်းပဲ။
သည်မှာဘက်ကမ်းရဲ့အခြားတစ်ဘက်မှာ ..
ဟိုမှာဘက်ကမ်းဆိုတာရှိသလို . . ။
ရယ်မောခြင်းတွေရဲ့အခြားတစ်ဘက်မှာ ငိုကျွေးခြင်းတွေဆိုတာ ရှိစမြဲပဲ။
တရုတ်ဝမ်ပေါင်ကြီး ရယ်မောနေခြင်းရဲ့အခြားတစ်ဘက်ဆီမှာ ..
ဒေသခံပြည်သူတွေ သောကမျက်မိုးတွေနဲ့ပေါ့။
ဟော .. အခုကြည့်စမ်း
တရုတ်တွေ လေယဉ်ပျောက်လို့ငိုကျွေးခြင်းရဲ့ နံရံတစ်ဘက်ခြမ်းမှာ
မုံရွယ်နယ်သားတွေ ပျှော်မြူးနေကြပါသလား ? ✂•••×✂•••×✂•••×✂•••×✂•••×✂•••×✂•••×✂•••×✂•••×✂
စာဆုံးအောင်ဖတ်ပြီးပါကဗုဒ္ဓဘာသာဝင်စစ်စစ်ဆိုလျှင် Share မည်မှာမလွဲပင်
█ ░ အလင်းရှင် ░ █
No comments :
Post a Comment