မြန်မာပြည်မှာနာမည်ကြီးတဲ့ ဂျာနယ်တစ်ဆောင်က
“ ခရိုနီဆန့်ကျင်ရေး ကြေငြာစာတမ်း ” ဆိုပြီး အချက်လေးချက်ကိုတင်ပြသွားတယ်။
ဆိုလိုတာကတော့ ခရိုနီပိုင်ကို ပြည်သူပိုင်ဖြစ်အောင်လုပ်မယ်ဆိုတဲ့သဘောပေါ့ ။
ကိုယ်သာနိုင်ငံရေးသမားဆိုရင် ဒီလိုမတွေးမရေးဘူးဗျ။ ဘာလို့လည်းဆိုတော့ ကမ္ဘာ့
သမိုင်းကိုလိုက်ကြည့်ပါ။ အာဏာရှင်ခရိုနီတွေကို အရှင်ထားလေ့မရှိဘူး သတ်ပစ်ကြ
တာဗျ။ အခုလတ်တလော့ဖြစ်သွားတဲ့ အရိုးမဆွေးသေးတဲ့ အာဏာရှင် ကဒါဖီကိုပဲ
နမူနာကြည့်ဗျ။ သတ်ပစ်လိုက်တာတွေ့လား။ အေးမသွားဘူးလား။ အဲလို အာဏာရှင်
တွေ ခရိုနီတွေဆိုတဲ့ သူယုတ်မာတွေကို အရှင်မထားနဲ့ အရှင်ထားရင်အဆိပ်ရှိတဲ့မြွေ
လိုပဲ။ မြွေမသေတုတ်မကျိုး ဆိုတဲ့ မြန်မာစကားပုံအတိုင်း အသေအကျိုးသတ်ပစ်ရ
မှာဗျ။
အခုတော့ဗျာ။ နိုင်ငံရေးလုပ်စားနေတဲ့ကောင်တွေက အရိယာဇာတ်ဝင်ခန်းတွေရိုက်ပြ
နေကြတယ်လေ . .။ ဒီတော့ အာဏာရှင်အကြိုက် ခရိုနီအကြိုက်ဖြစ်သွားတာပေါ့။
တံမြက်စည်းလှည်းရင် ရှင်းအောင်လှည်းရတယ်။ သစ်ဖြတ်ဝါးဖြတ်မယ်ဆိုလည်းပြတ်
အောင်ဖြတ်ရတယ်။ တန်းလန်းကြီးမထားရဘူး။ ကိုယ့်အတွက်အန္တရာယ်ရှိတယ်။
အခုမြန်မာပြည်မှာ နိုင်ငံရေးသမားတွေက အာဏာရှင်ကိုအပြတ်မဖြတ်နိုင်ဘူးဖြစ်နေ
တယ်။ ဒီတော့ ကိုယ်တွေပဲ ထောင်ထဲဝင်နေရတယ်လေ။
ဒါ့ကြောင့် လောကီအလုပ်ဆိုတာ အကုသိုလ်ပဲ။ နိုင်ငံရေးဆိုတာလောကီအလုပ်ဗျ။
အကုသိုလ်မကင်းဘူး အကုသိုလ်ကြောက်ရင် ဘုန်းကြီးဝတ်တောထွက်ရတာ။ အခု
တော့ဒီလိုမဟုတ်ဘူး ။ ဒါ့ကြောင့် ကမ္ဘာ့နိုင်ငံေ၇းတွေကိုကြည့်ပါ။ အာဏာရှင်တွေ
နဲ့ယင်းတို့ရဲ့လက်ပါးစေတွေကို ဖြုတ်ရင်တင်မဖြုတ်ဘူးနော် ထုတ်ပြီးတော့ပါသတ်တာ
ဒီတော့ မြန်မာပြည်မှာ အာဏာရှင်နဲ့ခရိုနီလက်ပါးစေတွေကို ခင်ဗျားတို့ ဖြုတ်ရုံတင်
ဖြုတ်လို့ကတော့ ခင်းဗျားတို့ကိုအဲဒီကောင်တွေကပြန်သတ်သွားမှာပဲ။
█ ░ အလင်းရှင် ░ █

No comments :
Post a Comment