“ မဟုတ်တရုတ် ”
ဒီစကားကိုတို့မြန်မာဘိုးဘွားကြီးများ ဘယ်ခေတ်ဘယ်အချိန်ကတည်းက
ဥပမေယျအဖြစ်သုံးခဲ့တယ်ဆိုတာ သုတေသနပြုသင့်တယ်။
“ တရုတ်က . . .မဟုတ်တာလုပ်တာလား ?”
“ မဟုတ်တာမှန်သမျှကို တရုတ်ကလုပ်တာလား ? ”
ဆိုတာ တို့တွေလေ့လာသင့်တယ်။ ဘာဖြစ်လို့လည်းဆိုတော့
မျက်မှောက်ခေတ်မှာ တို့မြန်မာနိုင်ငံအတွက်မဟုတ်တာမှန်သမျှ တရုတ်ကပဲလုပ်နေတာကိုး ။ မဟုတ်တာဆိုတာ မမှန်တာကိုပြောတာနော် . .။ မမှန်တာဆိုတာ ခိုးမယ် ဆိုးတယ် လုမယ်တိုက်မယ် သတ်မယ်ဖြတ်မယ်
ဆိုတာကိုပေါ့ ။ အဓမ္မ၀ါဒီပေါ့လေ . . ။
ဓမ္မာစာရအနေနဲ့ နိုင်ငံကိုယ်ကျိုးမိမိကိုယ်ကျိုးကိုရှာတဲ့နေရာမှာ အထိအနာဆုံးက
တို့မြန်မာနိုင်ငံပဲ။ တို့နိုင်ငံရဲ့သယံဇာတာ (၉၉)ရာနှုန်းဟာ တရုတ်ကပဲ မဟုတ်တဲ့
နည်းနဲ့ယူနေတယ်။ ဒါကို အလိုတူအလိုပါကတော ဒီကနေ့နာမည်ကျော် ခရိုနီကြီး
တွေပေါ့။ အထူးကျားထောက်ကျားကန်ပြုသူကတော့ စစ်ခွေးဆိုးကြီးဗိုလ်သန်းရွှေ
ပါပဲ။
ကဲ . . ကြည့်လိုက်စမ်း .. လက်ပတောင်းတောင်ကို . . ဒေသခံတွေအဆိပ်တွေသင့်
နေပြီမဟုတ်လား ? ။ လက်ပတောင်းတောင်ကြီးကို စားလို့မျိုလို့မ၀သေးခင် ဖြစ်ဆုံကြီး
ကိုပါ ခီးချင်နေပြန်သည်။
ဘယ်လိုလုပ်မလဲ ? “ မဟုတ်တရုတ်” လို့ပြောခဲ့တဲ့ရှေးမြန်မာ့သူတော်ကောင်းကြီးများ
ရဲ့ စွပ်စွဲမှုကနဲတောင်နဲပါသေးတယ်။ ဒီတော့က ဦးဇင်းတို့တတွေ ဒီတရုတ်ကိုနိုင်အောင်
တိုက်ဖို့အတွက် . .
(၁) စစ်ခွေးဆိုးကြီးအုပ်စုကို ဖြုတ်ချနိုင်ရမယ်။
(၂) စစ်ခွေးဆိုးကြီးရဲ့အလိုကျဖွဲ့စည်းထားတဲ့ စွမ်းအားရှင်လူ၊စွမ်းအားရှင်ဘုန်းကြီးတွေကို
လည်းတစ်ပါတည်း သုတ်သင်နိုင်မှရမယ်။
█ ░ အလင်းရှင် ░ █

No comments :
Post a Comment