.

AlinShin

Sunday, March 23, 2014

မင်းကွန်းပြောတဲ့ .. ရှေးဟောင်းသိမ်

Photo: မင်းကွန်းပြောတဲ့  ..  ရှေးဟောင်းသိမ်
◄►✂•••× ✂•••× ◄►✂•••×✂•••×◄►
Share ခြင်းဖြင့်ဓမ္မဒါနပြုကြပါ။
အမဆိုတဲ့သတ္တ၀ါကမျိုးပွားပေးတယ်၊ အဖရဲ့သုတ်သွေးကိုမီပြီးတော့ပေါ့။ 
အခုလည်းသိမ်ဆိုတာအမိပဲ၊ ဉာတ်ကမ္မ၀ါစာရွတ်ဘက်မယ့်သံဃာတို့ကအဖဘဲ၊ 
ဒီနှစ်ပါးရှိမှ ဗုဒ္ဓမြတ်စွာသာသနာမှာ ရဟန်းတော်ရယ်လို့မွေးဖွားသန့်စင်ခွင့်ရတာ။ 
အမိစစ်ဖို့အတွက်သိမ်ကောင်းသိမ်ညွှန့်များကိုအားကိုးအထားပြုကြတယ်။
မင်းကွန်းဆရာတော်ဘုရားကြီးသည်ပင်ရှေးဟော်းရဟန္တာသိမ်တော်ကြီးများကို ကိုယ်တော်တိုင်လိုက်ကြည့်ကြပ်မတ်ပြင်ဆင်ခဲ့တယ်ဆိုတာ ရဟန္တာသိမ်တော်ကြီး
ကိုးလုံးသမိုင်းမှာအထင်အရှားရှိတယ်။ မင်းကွန်းလိုက်ပြီးကြည့်ရှု့ပြင်ဆင်ဖို့ 
ကွင်းဆင်းလေ့လာတဲ့အထဲမှာ အလင်းရှင်ရဲ့ဘကြီးဘုန်းကြီးပါတယ်။
မင်းကွန်းဟာ သိမ်ကိုအရမ်းဂရုစိုက်တယ်။ 
ဖြစ်ရပ်မှန်လေးတစ်ခုကိုပြန်ပြောင်းပြောပြရရင် . . .. 
တစ်ခါတုန်းကရန်ကုန်မြို့သိမ်ဖြူလမ်းရှီိဒေ၀သာဂရရဟန္တာသိမ်ဖြူတော်မြတ်ကြီးကို
ကွင်းဆင်းစစ်ဆေးတုန်းမင်းကွန်းက ဒီလိုမိန့်ကြားဖူးတယ်။ 
(ဟာ .. ဒီလိုသိမ်တော်ကြီး ဒီလိုနေရာမှာရှိတာ အံ့သြစရာပဲ ဘာမှအပြစ်အနာအဆာမရှိဘူး ဘုရား . .) 
လို့မိန့်ကြားခဲ့သည်ကို အလင်းရှင်ရဲ့ဘကြီးဘုန်းကြီးမှ မိန့်ကြားဖူးပါသည်။ ထို့ကြောင့်သိမ်ဆိုရာမှာရှေးဟောင်းသိမ်များကို ပိုမိုတန်ဘိုးထားတက်ကြကြောင်း သိစေချင်ပါသည်။
ဒ့ါကြောင့်  . .. မင်းကွန်းဆရာတော်ဘုရားကြီးသာရှိမည်ဆိုရင်  .. လယ်တီသိမ်ကိုဖျက်မယ့်ကိစ္စအား
ကန့်ကွက်မှာသေချာပါတယ်။ အခုတော့ ဒီလိုသူတော်ကောင်းတွေမရှိလေတော့ ခေတ်သစ်(မဟန)
ကြီးများနဲ့ စစ်ခွေးဆိုးကြီးတို့ပူးပေါင်းကာ ဗုဒ္ဓဘာသာအတွက် ရတက်မအေးစရာလုပ်ရပ်များကိုမြင်
တွေ့နေရပါသည်။
█ ░ အလင်းရှင် ░ █

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget