မြန်မာတွေ ဘုရားစေတီတွေသိပ်တည်ကြတယ်။ ကုလိုလ်ရတယ်ဆိုတာတော့
အသိဉာဏ်ရှိသူများသိပါတယ်။ သို့သော် တကယ်ပိုကုသိုလ်လိုချင်ရင်တော့
အဟောင်းကိုပြင်ရတယ်အဟောင်းတွေအများကြီးကိုမပြုပြင်ဘဲအသစ်တွေ
တည်နေတာဟာဟန်မကျဘူနော် . .။ အဟောင်းပြင်တယ်ဆိုတာလောကီ
နည်းအရကြည့်ရင်တောင် ကောင်းသကွ။ ကံဟောင်းကံဆိုးတွေပပျောက်
တယ် .. ကွ။ ဘယ်သူတည်တဲ့ဘုရား ဘယ်ဝါတည်တဲ့ဘုရားဆိုတဲ့ ဂုဏ်အတွက်
ရည်းစူးပြီးတည်တယ်ဆိုရင်တော့ မပြောလိုပါဘူး။
အဲလိုမဟုတ်ဘူးဆိုရင် မြန်မာပြည်မှာရှိတဲ့ဘုရားဟောင်းတွေကို ပြုပြင်တာ
မကောင်းဘူးလား .. ။
ဒီစကားကျုပ်ပြောတာမဟုတ်ဘူးနော် ..
သာသနာမှာအဓိပတိကြီးပြောတာ ၊ ကျုပ်ပြောရင် (အလင်းရှင်ဆိုတဲ့ကတုံး
ဘာသောက်ဆင့်ရှိလိုတုန်း) လို့ ဆဲမှာ။
အေးမှတ်ထားကြ .. ။
အခုပြောတဲ့စကားက မဟာန္ဓာရုံဆရာတော်ဘုရားကြီးပြောသွားတဲ့စကားပဲ။
ကျုပ်တို့က ဒါကိုတစ်ဆင့်ပြန်ပြီးဖေါက်သည်မချရင် သာသနာအတွက်ရင်လေး
လို့ပြောနေတာ။ လူရှင်ရဟန်း လုပ်ပုံတွေလွဲနေရင် သေချာတယ် . .
မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဆိုတာ ဘာကိုပြောတာလည်းဆိုတဲ့စကားကြီးကျန်
ရစ်နေမယ်။ ပြောပြန်တော့လည်း ကိုယ့်ပေါင်ကိုလှန်ထောင်းနေသလိုဖြစ်တယ်။
မပြောပြန်တော့လည်း တာဝန်မဲ့ရာရောက်တယ်။ ဒါ့ကြောင့်ပြောနေတာပါ။
ဘုရားအသစ်တစ်ဆူတည်မဲ့ငွေကို ဘုရားအဟောင်း ငါးဆူစာလောက်ပြင်လို့
ရတယ် ငါးဆူမရရင်တောင် သုံးဆူလောက်တော့ရတာပေါ့။
ဒီတော့ ဘုရားသုံးဆူမြန်မာနိုင်ငံမှာမတိုးသွားဘူးလား ? ကိုယ်ကဒီလိုနားမ
လည်တော့ အသစ်တည်တယ်။အသစ်တည်တော့မြန်မာမနိုင်ငံမှာ ဘုရား
တစ်ဆူပဲတိုးတာပေါ့ .. ကွာ။
အခုလိုရေးနေတာတွေဟာ သာသနာအတွက်ြုပုပြင်သင့်တာတွေကိုပြုပြင်
နိုင်ဖို့ အတုယူသင့်တာတွေကို အတုယူနိုင်ဖို့နော် .. ဟိုလူ့ကိုစောင်းဒီလူကို
ရွဲ့ပြီးရေးနေတာမဟုတ်ဘူး ။ တိုက်ဆိုင်တာကတော့ သူ့သဘောသူဆောင်
တာပဲ။ တို့က တည့်မတ်ပေးတာ။ တိုးတက်အောင်ညွှန်ကြားတာ။ နောက်
ဒီလိုညွှန်ကြားရာမှာလည်း အတ္တနော်မတိနဲ့ပြောနေတာမဟုတ်ဘူး။ ရှေး
ဆရာတော်ဘုရားကြီးများမိန့်မှတ်သွားတာကို ပြန်ပြောတာ။ တစ်ယောက်
နဲ့တစ်ယောက် ဒီလိုလေးတွေသိကြရင် ထိမ်းမတ်ပေးကြရင် ဗုဒ္ဓမြတ်စွာ
သာသနာတော်အတွက်လည်းအကျိုးရှိသလို ကိုယ့်ဘ၀သံသာရာခရီးအ
တွက်လည်း အကျိုးမယုတ်ဘူး . . ကွ။
ဒီအထိအောင်မင်းတို့ကို ဈေးတွက်တွေတွက်ပြနေတာနော် . . လူတွင်ကျယ်
လူတက် လုပ်နေတာမဟုတ်ဘူး။ သိမီခဲ့လို့ဖေါက်သည်ပြန်ချတာ။
ဒါ့ကြောင့် ဘုရားသစ်တစ်ဆူတည်ရင် မြန်မာနိုင်ငံမှာ တစ်ဆူပဲတိုးတယ်
ကုသိုလ်ကလည်းတစ်ဆူစာပဲရမယ်။ ဘုရားဟောင်းသုံးဆူလောက်ပြင်နိုင်ရင်
မြန်မာပြည်မှာ စေတီသုံးဆူတိုးတာပေါ့။ကုသိုလ်လည်းသုံးဆူစာရမသွားဘူးလား
ငါပြောတာမှားတယ်လို့ comment ရေးရဲတဲ့သူရှိရင်ရေးလိုက်စမ်းပါ။
ငါဖတ်ချင်လို့။ အခုလိုညွှန်ကြားရတာလည်းပဲ ဘယ်သူ့ကိုမှမရည်ရွယ်ဘူးကွ
အမြင်မတော်တာတွေတွေ့နေလို့ ပြောတာပါ
█ ░ အလင်းရှင် ░ █

No comments :
Post a Comment