မနေ့ကတုန်းက အလင်းရှင်နဲ့အတူ ဘလော့ရေးဖေါ်ရေးဘက် ကောင်းလေးတစ်ယောက်နဲ့
အွန်လိုင်းပေါ်မှာစကားစမြည်ပြောဖြစ်ကြရင်း အဲဒီကောင်လေးက . . .
“ အရှင်ဘုရားရဲ့ဘလော့မှာ ပိုစ့်ပေါင်း (၁၆၀၀) ကျော်နေပြီ ”
“စာရေးတာကိုဘယ်အချိန်ထဲက၀ါသနာပါတာလဲ”
“ ဟ ” “ ငါစာရေးတာ ၀ါသနာပါလို့မဟုတ်ဘူး”
“ လွမ်းတက်လွန်းလို့ရေးတာပါ”
“ အရှင်ဘုရားမနောက်ပါနဲ့ဘုရား”
“ တပည့်တော်က အရှင်ဘုရားရဲ့ ဆောင်းပါးတွေ ကဗျာတွေ ၀တ္ထုတိုလေးတွေ”
“ ဒီလောက်တောင်များတာ ၀ါသနာပါလို့ရေးတာပဲမဟုတ်ဘူးလားဘုရား”
“ ငထွန်းရယ် ”
“ မဟုတ်ပါဘူး လွမ်းတက်လို့ရေးတာပါပြောတော့ မင်းကမယုံပြန်ဘူး”
“ လောကဟာ အမှန်တရားကို တင်ပြလို့ကိုလက်မခံခြင်းဘူးနော်”
“ မဟုတ်ဘူးလေဘုရား ”
“ အရှင်ဘုရားက အသက်အရွယ်ကလည်းရနေပြီ ”
“ နောက်ရဟန်းလည်းဖြစ်တော့ အဲဒီလောက်တောင်လွမ်းစရာတွေပေါလို့လား”
“ သြော် ” “ ငထွန်းရယ် ”
“ လွမ်းစရာဆိုလေ ”
“ ငါ့ရင်ဘတ်ထဲမှာပြည့်ပြည့်နေလို့ ဘလော့စာမျက်နှာပေါ်ကိုငါသွန်ချသိမ်းနေရတာကွ”
“ငါမင်းကို ရှင်းအောင်ပြောပြမယ် ”
“ငါ့ဘ၀အတွက် လွမ်းစရာအကောင်းဆုံးက အဖေနဲ့အမေပဲ”
“ နောက်ထပ်တူလွမ်းစရာအကောင်းဆုံးက ဗုဒ္ဓနဲ့ဗုဒ္ဓ၀ါဒပဲ”
“ မှန်ပါ့ဆရာတော် ”
“ထူးဆန်းတဲ့စကားလေးများပါလာတယ်ဘုရား ”
“ ရှင်းအောင်မိန့်ကြားတော်မူပါနော်”
“ အေးပါကွာ”
“ ငါကလည်းပဲ သွန်ချစရာတစ်နေရာအဖြစ်သဘောထားပြီးမင်းကိုပြောမှာပါ။”
“သြော် ” “ ဟုတ်လိုက်တာဘုရား ”
“အရှင်ဘုရားရဲ့စကားလုံးများသည်ပင် လွမ်းစရာအငွေ့အသက်လေးတောင်ပါလာပြီဘုရား”
“ အင်း ”
“ ဒီအတိုင်းဆို မင်းက ငါ့ထက်တောင် လွမ်းနေဦးမှာလားမသိဘူးကွာ”
“ ဟား . . ဟား . . ဟား . . ”
“မဟုတ်ပါဘူးဘုရား ”
အွန်လိုင်းပေါ်မှာစကားစမြည်ပြောဖြစ်ကြရင်း အဲဒီကောင်လေးက . . .
“ အရှင်ဘုရားရဲ့ဘလော့မှာ ပိုစ့်ပေါင်း (၁၆၀၀) ကျော်နေပြီ ”
“စာရေးတာကိုဘယ်အချိန်ထဲက၀ါသနာပါတာလဲ”
“ ဟ ” “ ငါစာရေးတာ ၀ါသနာပါလို့မဟုတ်ဘူး”
“ လွမ်းတက်လွန်းလို့ရေးတာပါ”
“ အရှင်ဘုရားမနောက်ပါနဲ့ဘုရား”
“ တပည့်တော်က အရှင်ဘုရားရဲ့ ဆောင်းပါးတွေ ကဗျာတွေ ၀တ္ထုတိုလေးတွေ”
“ ဒီလောက်တောင်များတာ ၀ါသနာပါလို့ရေးတာပဲမဟုတ်ဘူးလားဘုရား”
“ ငထွန်းရယ် ”
“ မဟုတ်ပါဘူး လွမ်းတက်လို့ရေးတာပါပြောတော့ မင်းကမယုံပြန်ဘူး”
“ လောကဟာ အမှန်တရားကို တင်ပြလို့ကိုလက်မခံခြင်းဘူးနော်”
“ မဟုတ်ဘူးလေဘုရား ”
“ အရှင်ဘုရားက အသက်အရွယ်ကလည်းရနေပြီ ”
“ နောက်ရဟန်းလည်းဖြစ်တော့ အဲဒီလောက်တောင်လွမ်းစရာတွေပေါလို့လား”
“ သြော် ” “ ငထွန်းရယ် ”
“ လွမ်းစရာဆိုလေ ”
“ ငါ့ရင်ဘတ်ထဲမှာပြည့်ပြည့်နေလို့ ဘလော့စာမျက်နှာပေါ်ကိုငါသွန်ချသိမ်းနေရတာကွ”
“ငါမင်းကို ရှင်းအောင်ပြောပြမယ် ”
“ငါ့ဘ၀အတွက် လွမ်းစရာအကောင်းဆုံးက အဖေနဲ့အမေပဲ”
“ နောက်ထပ်တူလွမ်းစရာအကောင်းဆုံးက ဗုဒ္ဓနဲ့ဗုဒ္ဓ၀ါဒပဲ”
“ မှန်ပါ့ဆရာတော် ”
“ထူးဆန်းတဲ့စကားလေးများပါလာတယ်ဘုရား ”
“ ရှင်းအောင်မိန့်ကြားတော်မူပါနော်”
“ အေးပါကွာ”
“ ငါကလည်းပဲ သွန်ချစရာတစ်နေရာအဖြစ်သဘောထားပြီးမင်းကိုပြောမှာပါ။”
“သြော် ” “ ဟုတ်လိုက်တာဘုရား ”
“အရှင်ဘုရားရဲ့စကားလုံးများသည်ပင် လွမ်းစရာအငွေ့အသက်လေးတောင်ပါလာပြီဘုရား”
“ အင်း ”
“ ဒီအတိုင်းဆို မင်းက ငါ့ထက်တောင် လွမ်းနေဦးမှာလားမသိဘူးကွာ”
“ ဟား . . ဟား . . ဟား . . ”
“မဟုတ်ပါဘူးဘုရား ”
“ကဲ ကဲ .. ငါပြောပြမယ် ”
“ပြောရာမှလည်းအတိုဆုံးရွေးပြောရမှာကွ”
“အနှစ်(၄၀) လောက်လွမ်းထားတာတွေကို
(ဆယ်မိနစ်လောက်)နဲ့ပြီးအောင်လွမ်းပြရမှာဆိုတော့ ခက်တော့ခက်တယ်ကွာ”
“မှန်ပါ့ဘုရား ”
“ဒီလိုကွ ”
“ ငါကိုရင်အ၀တ်ခင်ကတည်းက ညဘက်အချိန်ရရင် လက်ဖက်ရည်ဝိုင်းလေးတည်ပြီး
ရပ်ကွက်ထဲက ၀ါသနာတူ အဘဦးရွှေဝနဲ့ဘာသာေ၇းစကားတွေပြောကြတယ်” အဲဒီမှာ
ဘာမှမမြဲဘူးဆိုတာကို ငါခေါင်းထဲမှသိရတယ်။ နောက်စားထားပြီးတဲ့ထမင်းဟာ နောက်
တစ်နေ့အတွက် မစင်ဖြစ်သွားတယ်။ ဒါ့ကြောင့် အိပ်သာတက်ရင်လည်းပဲ မမြဲတဲ့သဘော
ကိုဆင်ခြင်ပြီးတက်ရမယ်လို့ ” သူတို့ပြောတာကိုငါသိရပြီး အဲဒီအရွယ်ကတည်းက မမြဲတဲ့
သဘောကို ငါရိပ်စားမိလာတယ်။ တို့တွေအားလုံးဟာ ခဏတာဒီအိပ်ဒီဘ၀လေးမှာလာဆုံ
ကြရတာ ပြီးရင် ဘ၀နိဂုံးသေခြင်းမှာဆုံးတာပဲ ” ဒါတွေကိုငါ ဘာသာပြန်တက်လာတယ်။
အဲဒီကနေစပြီး ငါသိပ်ချစ်တဲ့ အဖေနဲ့အမေ့ရဲ့ဇာတိဇရာမဏကို ငါတွက်ဆစ်ခဲ့သလို ငါရဲ့
ဇာတိဇရာမဏကိုလည်း ခေါင်းညိတ်တက်လာတယ်။ အဲဒီတုန်းကတော့ အခုလို ပါဠိစကား
ဘယ်သိပါ့မလည်းကွာ ၊
ကဲ .. ငါ့ရဲ့အလွမ်းဟာ အဲဒီကစခဲ့တာပဲကွာ။
ဒီလို အလွမ်းပဋိသန္ဓေစိတ်နဲ့ ငါဆယ်ကျော်သက်ဘ၀ကိုဖြတ်သန်းခဲ့ရာက ဗုဒ္ဓစာပေကိုလေ့
လာသင်ယူခဲ့ရင်း အရမ်းကိုကျေးဇူးတင်သင့်တဲ့ ဗုဒ္ဓကိုလွမ်းတက်သွားတယ်။ ကြည်ညိုတက်
သွားတယ်။ ငါ့ဘ၀မှာလွမ်းစရာဆိုလို့ အဖေရယ်အမေရယ် ဗုဒ္ဓရယ်ပေါ့။ သူများတွေက ချစ်သူ
ရည်းစားကိုလွမ်းတက်နေတဲ့အရွယ်မှာ ငါကတော့ ဗုဒ္ဓကိုလွမ်းနေလေရဲ့။
မင်းအခု ကြည့်လိုက်စမ်း ဒီဓာတ်ပုံလေးကို . .
ဘယ်လောက်တောင်လွမ်းစရာကောင်းသလဲ .. . အိုရင့်နေတဲ့ အုတ်ညိုရောင်တွေဟာ
ငါ့အတွက်တော့အလွမ်းအသစ်ချက်ချွတ်တွေဖြစ်ခဲ့တယ်။ ဒီနေရာဟာ ဟိုးလွန်ခဲ့သောနှစ်ပေါင်း
ထောင်ချီစဉ်က ဗုဒ္ဓဘာသာကို ကမ္ဘာတစ်ဝှမ်းလုံးကို ဖြန့်ဖြူးခဲ့တဲ့ နေရာပဲ။ အသောကာရာမင်း
ကြီးရဲ့ ကျောင်းတော်ရာပေါ့ကွာ။ နိုင်ငံအင်ပါယာကြီးကြီးကျယ်ဖို့အတွက် လူပေါင်းများစွာကို
ကိုယ်တိုင်သတ်ခဲ့တဲ့ မင်းကြီးဟာ (၇)နှစ်သားသာမဏေလေးရဲ့အမူအ၇ာကြောင့် ကမ္ဘာကြီး
တစ်ခုလုံးကို ဗုဒ္ဓဘာသာတွေလွှမ်းသွားခဲ့ဖူးတယ်။ ကြည့်စမ်း ။ ဘာမဟုတ်တဲ့ ကိုယ်ရင်လေး
နော် . . (အသက်ကိုပြောတာပါ) အသိတရားကိုမဆိုလိုပါဘူး။
ကဲ .. ဒီနေရာလေးဟာ အိုခဲ့တယ် . . ဟောင်းခဲ့တယ် . . ဆွေးခဲ့တယ် . . မြေ့ခဲ့တယ် . .။
ဒီလို နေရာအိုလေးမှာ တတိယသင်္ဂါယနာတင်ခဲ့တယ် . . .ကွာ။ ကိုးတိုင်းကိုးဌာနာကိုသာသနာ
ပြုရဟန်းတော်များကိုစေလွှတ်ခဲ့တယ်ကွာ။ ဒါ့ကြောင့် မင်းတို့ငါတို့ အခုဗုဒ္ဓဘာသာရယ်လို့ ကိုး
ကွယ်ခွင့်ရခဲ့တာလေ .. ။
“သုဝဏ္ဏဘူမိံ ဂန္တွာန ၊ သောဏုတ္တရာ မဟိဒ္ဓိကာ။”
သုဝဏ္ဏဘူမိံ ဆိုတဲ့ သထုံကနေ ပြန့်လာခဲ့တာပေါ့။ ကဲ အဟောင်းလေးက လွမ်းစရာနော်။
ဟိုးတုန်းကတော့ ပါဋလိပုတ်နေပြည်တော်ဆိုပြီး ကြီးကျယ်ခန်းနားခဲ့တဲ့ ရွှေမြို့တော်ကြီး
ဟာ အခုတော့ အုတ်ကျိုးအုတ်ပဲလေးတွေကပဲ သက်သေအရာတည်တော့တယ်။
“ မှန်လှပါဘုရား ”
“အရှင်ဘုရားက မင်းသမီးသမီးလည်းမပါ ပုဏ္ဏားလည်းမပါဘဲ လွမ်းတက်တာကိုးဘုရား ”
“ ဟာ ” “ မင်းကလည်းကွာ”
“ မင်းသမီးပါမှာတော့ ဘယ်လွမ်းစရာလိုပါ့မလဲကွာ ” “ ချစ်စရာပဲရှိမှာပေါ့”
“ဟား . . ဟား . . ဟား . .”
“မှန်ပါ့”
“ ဆရာတော်ဆက်ပြောပါဦးဘုရား တပည့်တော်လည်းအချိန်ရပါတယ်ဘုရား ”
“သြော် ”
“မင်းက ငါ့အလွမ်းလေးတွေကို နားထောင်ချင်တာပေါ့ဟုတ်လား ”
“ဆရာတော်ပဲ သွန်ချမယ့်နေရာတစ်နေရာဆို ”
“ သြော် ”
“ အေး .ေ အး ” “ ဟုတ်သားပဲ ကိုယ်ပြောတဲ့စကားကိုယ်ပြန်မေ့သွားတယ် ”
“ ငါလည်းမြန်မာပြည်က မိစ္ဆာစစ်ခွေးတွေလိုပဲ ”
“ပြောပြီးရင်စကားမတည်သလိုဖြစ်နေတယ်နော် ”
“ အဲဒါတွေ မပါကြေးပါဘုရား ”
“ ဟား .. ဟား .. ဟား ”
“ဘာလည်းမင်းက ပါးရိုက်ခံရမှာကြောက်လို့လား ”
“နွားနို့သောက်ချင်လို့လား ”
“သို့တည်းမဟုတ် ဗိုက်လှန်ပြချင်တာလား ”
“ ဟား . . ဟား .. ဟား ”
“မလွမ်းချင်တော့ပါဘူးကွာ။”
“ တော်ပါတော့ ” “ နောက်အချိန်ရမှ ငါဆက်လွမ်းပြတာပေါ့”
“ မှန်လှပါဘုရား ”
“တပည့်တော်ဦးတင်ပါတယ်ဘုရားပြန်ခွင့်ပြုတော်မူပါဦးဘုရား ”
“အေး .. အေး . . ”
“ကုသိုလ်စိတ်နဲ့မင်းလည်းငါ့လို့ လွမ်းတက်ပါစေကွာ။”
“ပေးတဲ့ဆုနဲ့ပြည့်ပါစေဘုရား ”
█ ░ အလင်းရှင် ░ █
No comments :
Post a Comment