“ဒကာ ကိုသားစိုး နဲ့ ဒကာကိုမင်းစံ ၊ ကိုတိုးကြီးတို့ရေ .. ’’
“အခုတို့ရေးတဲ့ လယ်တီနဲ့လက်ပတောင်းတောင်သမိုင်းကို’’
“နားကြားသူလှပျိုဖြူတစ်ယောက်တော့ တိုးပြန်သကွ ’’
“မှန်ပ့ါဘုရား . . ’’
“ဘယ်သူများတုန်းဘုရား’’
“သြော် .. အခြားသူဟုတ်ရိုးလား ဒကာကိုသားစိုးရယ် .. ဒကာတို့ရုံးက
လှပျိုဖြူ မေလေး လေ။’’
“တို့ဓမ္မသာစ္ဆာစကားဝိုင်းကတော့ တစ်ယောက်ကစတစ်ရာဆိုသလိုဖြစ်နေပြီ’’
“ဒကာကိုသားစိုးရေ .. ’’
“အမှန်ဆိုတော့လည်း ’’
“တို့ဗုဒ္ဓမြတ်စွာတောင် သူ့ရဲအသင်္ချေများစွာသောပါရမီခရီးမှ ဗုဒ္ဓဖြစ်တယ်ဆိုဆို
ခြင်း နားကြားသူလူပရိတ်သတ်က ၊ ငါးပါးထဲပဲမဟုတ်လား။’’
“ကဲ .. တို့တွေ ’’
“လယ်တီနဲ့လက်ပတောင်းကိုပြန်ဆက်ကြရအောင် ’’
“မှန်ပါ့ဘုရား’’
“ဒကာတို့ရေ .. .’’
မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကိုလေ့လာရင် အနော်ရထာမင်းကို ချန်လှပ်ထားလို့မ
ဘူးကွ။ ဒီကနေ့မြန်မာလူမျိုးတွေယဉ်ကျေးတယ်ဆိုတာ အနော်ရထာကြိုးစားခဲ့
တဲ့ ရှင်အရဟံမထေရ်မြတ်ရဲ့အားထုတ်မှု့ ဗုဒ္ဓ၀ါဒရဲ့ အငွေ့အသက်တွေပဲဆိုတာ
တာသမိုင်းသက်သေခံတယ်နော် . . ၊။
“မှန်ပါဘုရား’’
“ဒါ့ကြောင့်လည်း သာသနာအစပုဂံကလို့ပြောကြသလို’’
အနောရထားမင်းနဲ့ ရှင်အရဟံကိုလည်းတွဲပြီး ကြည်ညိုတက်ကြပါတယ်ဘုရား။
“ ဟုတ်ပါတယ် .. ဒကာကိုမင်းစံ’’
အဲဒီလိုသာသာဟာ အခုတိုင်နှစ်ကလာပရိစ္ဆေဒတွေကြာလာတာနဲ့အမျှ ၊ တို့
မြန်မာနိုင်ငံမှာ ဗုဒ္ဓစာပေတွေကို မြန်မာလိုဖတ်လို့ရလာတယ် ။ နားလည်လာကြ
တယ်။ အဲလိုနားလည်ဖို့အတွက် ကျမ်းပြုအကျော်အမော်တွေရဲ့ကျေးဇူးတွေပေါ့
ဒကာ ကိုမင်းစံရယ် ’’
“မှန်ပါ့ဘုရား ’’
“အမိန့်ရှိပါဘုရား ’’
“ တို့ အခုပြောတဲ့ ကျမ်းပြုဟာဘယ်သူတွေတုန်းလို့မေးရင်’’
အများသိကြတဲ့ ရှင်မဟာဗုဒ္ဓဃေ သတို့ကို ဝေးလွန်းလို့ခဏထားပါဦး။
အဲဒီအထဲကမှ မြန်မာလို သံခိပ်တွေလင်္ကာတွေနဲ့ ဖန်တီးခဲ့တဲ့ လယ်တီဆရာ
တော်တစ်ဆူတစ်ပါးဆိုတာ အမြူတေကြီးပါကွာ။
သူတို့ခေတ်အခါက လယ်တီဆရာတော်ပြုစုတဲ့ သံခပ်ကျမ်းတွေဆိုတာ ပလူပျံ
အောင်လူကြီးမိဘများရကြတယ်ကွ။ ဒါတင်ပဲလားဆိုရင် “ဒီပနီ’’နာမည်နဲ့ဖွင့်ဆို
ရေးသားခဲ့တဲ့ကျမ်းတွေဟာ မြန်မာစာတက်တဲ့သူမှန်သမျှ ဘုရားရှင်အဆုံးအမ
များကိုသိနိုင်သွားတယ်။ ဟိုးအထက်ကဆရာတော်ဘုရားကြီးများဟာ သကဋ၊
ဗြာကရဏဘင်္ဂလီ ၊ နာဂရီကျမ်း စတာတွေကိုထုံးချေမွှေနှောက်ခြောက်ခြား
တော်မူခဲ့သော်လည်း မြန်မာလိုမရေးခဲ့ကြဘူးကွ။ ပါဠိလိုတွေပဲ ရေးမှတ်ခဲ့ကြ
တာ။ ဒါကို လယ်တီဆရာတော်က သနားတော်မူရာက အဘိဓာန်အလင်္ကာ၊
သဒ္ဒါပုဒ်ပဌ် ၊ရုပ်ဓာတ်ပစ္စည်း ဆန်းနည်းမတ္တရာ၊ဂါထာဖွဲ့မှုအစုစိုတို့ကို တခုမ
ကျန် ပိဋကတ်ကိုမွှေနှောက်ခြောက်ခြားကာ တို့သူငှာတွေဖတ်နိုင်သိနိုင်ဖို့ကို
အပင်ပန်းခံပြီး ခက်ဆစ်တစ်မျိုး ဥပါယ်တမျဉ်တစ်ဖုံ ကျမ်းရိုးကိုအနွယ်လိုက်
ကာ “ ဒီပနီ’’ရယ်လို့ကျမ်းနာမည်ပေး စာတွေရေးခဲ့တာပါ။ ဒီနေ့ခေတ်လူငယ်
တွေမဖတ်ကြလို့ ဗုဒ္ဓဘာသာဆိုတာဘာမှန်းမသိတာပါ။
“ ဟာ .. ’’ “ဆရာတော်ပြောမှပဲ ဒီလိုကို ဒီလောက်အထိ’’
“ထူးမြတ်တဲ့ဆရာတော်ကြီးပါလားလို့ အံ့တောင်အံ့သြပါရဲ့ဘုရား’’
“အေးပေါ့ ဒကာကိုမင်းစံရယ် ’’
ပတ္တမြားဆန်ကျိုးလေးကို ကျုပ်တို့က တစ်သိန်းလောက်ရရင်ပဲအတော်ရပြီ
လို့ ပျှော်နေတာကိုဗျ။ ဟို မိုးကုတ်သား ကျောက်ဆရာလက်ထဲလည်းရောက်
သွားရော အဲဒီဆန်ကျိုးပတ္တမြားက ငမောက်တဲ့ . .ဗျ။ အဖိုးကတော့ ပြည်နိုင်
ငံအထိကို တန်သွားတယ် . . မဟုတ်လား’’
“ဒီလိုပဲ ဒကာကိုမင်းစံ ’’ “လယ်တီရဲ့ဂုဏ်ကျေးဇူးဟာ’’ မိုးကုတ်သားကျောက်
ဆရာသာဓကလိုပဲ .. ဗျ။
“မှန်ပါ့ဘုရား’’
“အခုအရှင်ဘုရားလို မိုးကုတ်သားကျောက်ဆရာလက်ထဲရောက်သွားတဲ့
လယ်တီဆရာတော်ဘုရားကြီးရဲ့ ဒီပနီကျမ်းတွေက ပြည်တန်အဖိုးအနဂ္ဃဖြစ်
သွားသလိုပေါ့ . .ဘုရား။
“ကဲ . .ရှိပါစေတော့ ..ဒကာရယ်’’
“လိုရင်းပြန်ဆက်ကြရအောင် ’’
တို့မထေရ်ကျော်ကြီးဟာ မင်းတို့ငါတိုထင်ထားသလို ပိဋကတ်ဆိုတဲ့ပင်လယ်
သမုဒ္ဒရာကြီးကိုသာ သည်မှာဘက်ကမ်းမှနေ ဟိုမှာဘက်ကမ်းဆီသို့ ကူးခပ်
နိုင်ခဲ့တာမဟုတ်ဘူး .. ကွ။
မြန်မာနိုင်ငံအ၀ှမ်းလုံးမှာရှိတဲ့ တော်တွေတောင်တွေ မြိုင်ဂနိုင်တွေမှာလည်းပဲ
ဝါတော်အလီလီသုံးတယ်၊ တောရဆောက်တည်ကာတောငွေ့တောင်ငွေ့မှာ
ကမ္မဋ္ဌာန်းအဆီနဲ့ပျှော်မွေ့နေရင်းနဲ့ပဲ သူကျင့်ခဲ့တဲ့ အကျင့်စရဏကျမ်းများကို
“မဟာသရဏဂုံဒီပနီကျမ်း’’ စသည်ဖြင့် ရေးသားပြီး နှောင်းလူတို့အတွက် ကျင့်
စဉ်မြတ်များအဖြစ်အပင်းပန်းခံရေးသားပြုစုခဲ့တယ်လေကွာ။
“ ဆရာတော်ရယ် ’’ “ဘုရားတပည့်တော် ’’
“ကြက်သည်းမွှေးညှင်းများထာကကြည်ညိုမိပါရောလား . . ဘုရား။’’
“အေး . .ထရမယ် ကြွရမယ် ဒကာရဲ့’’
“ဒီလိုခံစားကိုခံစားရမယ်’’
“ဒါလောဘမဟုတ်ဘူးကွ ဒေါသမဟုတ်ဘူးကွ။ ဆရာတော်ဘုရားကြီးရဲ့
မေတ္တာဓာတ်၊ကရုဏာဓာတ်စတဲ့ အဟုန်အငွေ့တွေဟာ
ငါပြောနေတဲ့အခိုက်မှာ မင်းရဲ့စိတ်ထဲမှာ ပကတိရှိနေတဲ့ စာလိုပြောတော့ . .
ပသန္နာနံ ဗုဒ္ဓဓမ္မသံဃကို ကြည်ညိုနေတဲ့စိတ်ဟာ ဘိယောဘာဝယ ပိုပြီးတော့
တိုးတိုး တိုးတိုးလာတယ် ဒီရေတိုးသလို မသိမသာမသိမသာလေး ကြည်ညိုစိတ်
တွေတစ်ဖွားဖွားတိုးလာတာပဲ .. ကွ။
ဒီလိုဖြစ်ဖို့ဆိုတာ မင်းမှာမူလဓာတ်ခံပဋိသန္ဓေစိတ်ရှိလို့ဖြစ်တာပါ။
“မှန်ပါ့ဘုရား’’
“ဆရာတော်ရဲ့ အလင်းစကားများကြောင့်လည်းပါပါတယ်ဘုရား’’
“မဟုတ် ဘူးဒကာ မင်းစံရဲ့’’
“ဒီလိုကြည်ညိုတဲ့စိတ်ဖြစ်ဖို့ဆိုတာ .. ကာယကံရှင်နဲ့ပဲဆိုင်တယ်’’
ဒီအကြောင်းကို ရှင်းပြရင် လက်ပတောင်းတောင်လိုရင်ပြောက်သွားမှာမို့ပါ။
နဲနဲတော့အခုပြောရင်း နွယ်ပြီးပြောပြပါ့မယ်။ ..
“မှန်ပါ့ဘုရား’’
“ကျေးဇူးတင်ပါတယ်ဘုရား’’
“အခု .. တရုတ်ဝမ်ပေါင်ဖြိုချနေတဲ့ ’’
လက်ပတောင်းတောင်ဆိုတာ လယ်တီဆရာတော်ဘုရားကြီး “အဋ္ဌတိံသတိမ’’
ခေါ်(၃၈)၀ါမြောက်ဝါဆိုဝါကပ်တော်မူခဲ့တဲ့တောင်ပဲ ဒကာကိုမင်းစံရဲ့။
မြန်မာသက္ကရာဇ် ၁၂၆၅-ခုနှစ် ၀ါတွင်းကာလ (AD -1903- ခုနှစ် ဇူလိုင်လ) မှာ
နိရုတ္ထိဒီပနီကျမ်းကိုရေးသားလို့အပြီး လက်ပတောင်းတောင်မှာဝါဆိုဝါကပ်ခဲ့တာ
ပါ။ မုံရွာမြို့မှာနေတဲ့ အမိန့်တော်ရ မောင့်ကြော့၊ မောင်စံလင်းတို့က ဆရာတော်
ဘုရားကြီးလက်ပတောင်းတောင်တောထဲမှာ သီတင်းသုံးရန် ၀ါဆိုစင်္ကြံကျောင်း
တစ်ဆောင်ကို ဆရာတော်မကြွမီအမြန်ဆောက်လှူခဲ့ကြတယ်ကွ။
“ကဲ’’ “အဲလို အမွေအနှစ်တွေဟာ ’’
“မကြည်ညိုသူတွေအတွက်တော့ မြေပြင်ဖြစ်သွားတယ်မဟုတ်လား’’
“အာဏာအတွက် စက်တင်ဘာမှာ သံဃာတွေကိုသေနတ်နဲ့ပစ်သတ်တယ်။’’
“အာဏာအတွက် ပြည်သူပိုင်ပစ္စည်တွေကိုငါပိုင်လုပ်တဲ့အပြင် အခုလို ရှေး
ဟောင်းအမွေအနှစ်တွေကိုလည်း မိုင်းခွဲ့နေပြီပဲမဟုတ်လား’’
သူတို့ကို ဘယ်လိုမှတရားဟောလို့မရဘူး . . “ဒကာကိုမင်းစံ’’ ဘာဖြစ်လို့လဲ
ဆိုရင် သူတို့ရဲ့ ပဋိသန္ဓေစိတ်မှာ ဗုဒ္ဓဓမ္မသံဃဆိုတဲ့ အမြတ်ဓာတ်အမြိုက်ဓာတ်
တွေ မွေကတည်းက ပါမလာခဲ့ဘူး ’’
“မိရိုးဘဖရိုး ဗုဒ္ဓဘာသာများအဖြစ်နဲ့သာဖြတ်သန်းကြီးပြင်းလာခဲ့ကြတာလေ’’
ဒီတော့သူတို့ရဲ့စိတ်မှာ လောဘစိတ် ဒေါသစိတ် မောဟစိတ်တွေကြီးပဲကိန်း
နေတာ။ ရတနာသုံးပါးကို သူတို့က ယတြာခြေဖို့လောက်ပဲသဘောထားကိုး
ကွယ်ပြီး သူတို့ရင်ထဲမှာတော့ တကယ့်ကို ဗုဒ္ဓဓာတ်တွေကိန်းနေတယ်လို့ထင်
နေတယ်။’’
“အမှန်က ’’ “သူတို့ရင်ထဲမှာရှိနေတာက ’’
“လောဘဓာတ်၊ဒေါသဓာတ်၊မောဟဓာတ်တွေ . .ပဲ ဒကာကိုမင်းစံ’’
“ဆရာတော် ’’
“ ဆရာတော်ဟာ . . တယ်လည်း ’’
“အမြင်ပေါက်အောင်ပြောနိုင်ပါရောလားဘုရား’’
“သြော် .. ဒကာရယ် ’’
“လယ်တီဒီပနီနဲ့ကြီးပြင်းလာခဲ့မှတော့’’
“ဒီအရွယ်မှမမြီးမပေါက်တဲ့မြောက် ဘယ်အရွယ်အမြီးပေါက်ပမတုန်း’’
တို့ဟာ လယ်တီဆရာတော်ရဲ့တပည့်ရင်း သေက္ချတောင်ဆရာတော်ဦးတိလော
ကရေးသားတဲ့ “ပဏ္ဍိတဝေဒနိယကျမ်း’’ ကို ကိုရင်ဘ၀ကတည်းက ဖတ်ခဲ့မှတ်
ခဲ့တာ ဒကာရ။ ဒါ့ကြောင့် သိတယ်လို့ဆိုသော်လည်း ဒီနေ့ခေတ်က Color
သမားတွေအတွက်ပဲ အလုပ်ဖြစ်တာကို ဒကာရဲ့။ တို့က Black and Wihe
တွေမဟုတ်လား ။
“ကဲ .. ကဲ တို့စကားက’’
လက်ပတောင်းတောင်ကိုမပတ်နိုင်သေးဘူးဖြစ်နေတယ်
“ကဲ . . ’’
“ပတ်လိုက်ကြရအောင် ဒကာမင်းစံရဲ’’
“မှန်ပါ့ဘုရား ’’
“ အဲဒီ ’’အခါသမယဆီတုန်းက . .
လက်ပတောင်းတောင်အပါအ၀င် ချင်းတွင်းမြစ်ကို ရဲ့အနောက်ဖက်ကမ်းမှာ

ယှဉ်ပြီးရှိနေတဲ့တောင်တွေဟာ စပယ်တောင်၊မြရိပ်တောင်၊ ကြေးစင်တောင်၊
ကျောက်မျက်တောင်၊ ရွှေဘုံသာတောင်၊ ဖိုလ်ဝင်တောင် ဆိုပြီးတောင်တွေများ
စွာရှိတယ်ဆိုပဲ . . .။ အဲဒီတောင်တွေဟာ ဟိုးတစ်ချိန်က မီးတောင်ဟောင်းတွေ
ဖြစ်ခဲ့တယ်လို့လည်းမှတ်သားရတယ်။ အဲဒီအထဲကမှ လက်ပတောင်းတောင်က
တောင်သုံးလုံးဖိုကနောက်ဆိုင်နေတဲ့တောင်ကြောကြီးလို့ဆိုတယ်။ တောင်ရဲ့အ
လယ်မှာ လျှိုမြောင်တွေ မရေနိုင်အောင်ပေါတယ်တဲ့ . . ။ ထူးခြားတာကတော့
လက်ပတောင်းတောင်မှာ တောင်ထွတ်ပေါင်း (၃၃)လုံးတိတိရှိတယ် . . ကွ။
တောင်ကုန်းတွေ တောင်တန်းတွေရဲ့ဆင်ခြေလျောတွေမှာ ဆူးချုံ၊ ချုံနွယ်၊ စတဲ့
သဘာဝပေါက်ပင်တွေပေါက်ရောက်ကြောင်းလည်းဆိုတယ်။ လက်ပံတောင်း
တောင်ကြီးရဲ့ မြောက်ဘက်မှာတော့ . . ‘ညောင်ပင်ကြီးဆိပ်ကမ်းရွာ’၊ ရှိပြီး
အနောက်မြောက်ဘက်မှာတော့ ‘ကျော်ရွာ’ ‘တောင်ပလူရွာ’ရှိတယ်။အနောက်
ဘက်မှာတော့ အခုလက်ရှိသပိတ်စခန်းအဖြစ်နာမည်ကြီးတဲ့ ‘မိုးကြိုးပြင်ရွာ’
တောင်ဘက်မှာလည်း တုံရွာသပိတ်စန်းလို့အခုနာမည်ကြီးတဲ့ ‘တုံရွာ’ ‘ဖေါင်းက
တာရွာ’ ‘ဆားထုံးရွာ’ နဲ့ ‘ဆားလင်းကြီးရွာ’ တွေဟာ တို့လက်ပတောင်းတောင်
ကြီးကို ရံထားလေရဲ့ . . ။
“မှန်ပါဘုရား’’
“မှန်ပါမလုပ်နဲ့ဦး ’’ “တို့ဆရာဒကနှစ်ဦး ’’
“လက်ပတောင်းတောင်ကိုပတ်ဖို့အချိန်တော်တော်ယူလိုက်ရတယ်နော် ’’
“ဟား ဟား ဟား ’’
“ကြာတယ်ဆိုပေမယ့် ’’
“မျက်စေ့လည်လေ ဖိုးသူတော်ဆံရလေကိန်းပါပဲဆရာတော် . .ရယ် ’’
တပည့်တော်တို့အတွက် ဗဟုသုတများ စုံရတာပေါ့ဘုရား။
“အခြားကြောင့်တော့မဟုတ်ဘူး ’’
“အခု ဦးဇင်းနဲ့တကာ ’’
“ပြောဆိုဆွေးနွေးသမျှကို ဖုန်းနဲ့ Recor လုပ်ထားတာဒကာရဲ့ ’’
ဒကာပြန်သွားတာနဲ့ အသံဖွင့်ပြီး စာချရေးကာ ဖေ့ဘွတ်ပေါ်ကို
ဓမ္မဒါနဝေငှရမယ်လေ’’
“သြော် . . .’’ “အဆင်သင့်လိုက်တာဘုရား’’
“တပည့်တော်ကလည်း တပည့်တော်ခံစားသိရှိရသလို ’’
“အများသိစေချင်လို့ ဆရာတော်ကိုလျှောက်ထားမလိုပါဘုရား။’’
အခုတော့ ဖေ့ဘွတ်ပေါ်က စာဖတ်ပရိတ်သတ်များလည်း
သုတများတိုးပွား စေတာပေါ့ဘုရား’’
“ဒါဆိုရင် ဆရာတော်လည်း ပန်းနေရော့ပြီဘုရား ’’
စာလည်းရေးရဦးမှာဆိုတော့ .. တပည့်တော် မနက်ဖန် ဆွမ်းစားပြီးတော့မှာ
ဆက်လာလာရောက်နာယူမှတ်သားပါ့မယ်ဘုရား’’
“အင်း ’’ “ဒကာကိုမင်းစံက တယ်လဲအလိုက်သိသကိုး’’
သာဓုပါ သာဓုပါ သာဓုပါဒကာတော်
ဒီကနေ့ဟောကြနာကြရသမျှ ဗုဒ္ဓပသန္နာ၊ ဓမ္မပသန္နာ၊သံဃပသန္နာစိတ်ဂုဏ်
ဟိတ်ကြောင့် အားလုံးသော သူတော်ကောင်းတွေ စစ်ခွေးဆိုးကြီးဗိုလ်သန်းရွှေ
ရဲ့ဘေးရန်အသွယ်သွယ်နဲ့ ၀န်ကြီးတွေရဲ့နယ်လှည့်ပါးရိုက်ခံရမယ့်ဘေးကနေ
ကင်းဝေးကြပါစေ .. ဗျာ။
“ဆရာတော်ဘုရား’’
“ဒီလိုဆုတောင်းမျိုးကို တပည့်တော် ပိုသဘောကြလို့’’အိမ်ရောက်တဲ့အထိ
ဆရာတော်ဟောကြားတဲ့ ဗုဒ္ဓပသန္နာ၊ ဓမ္မပသန္နာ၊သံဃပသန္နာစိတ်ဂုဏ်ဟိတ်
တွေကို ထုံးမွှမ်းပြီးသွားပါမယ့်ဘုရား။’’
“အေး . .အေး သာဓုပါ ဗျာ။
☛ ☛ ☛ ☛ ☛ ဆက်ရန် ☛ ☛ ☛ ☛
► ►ကိုးကား
လယ်တီဂန္တ၀င်ကျော်များ(လယ်တီဦးလှပိုင်)
မိုးကြိုးပြင်မှကျောက်လက်နက်များနှင့်မုံရွာခရိုင်မှကျောက်လက်နက်များ
သုတေသနပြုလေ့လာခြင်း၊(ဦးသန်းထွန်းအောင်၊ပညာရေးဝန်ကြီးဌာန)
█ ░ အလင်းရှင် ░ █

No comments :
Post a Comment