.

AlinShin

Thursday, February 6, 2014

ဝန်ကြီးအုန်းမြင့်ရဲ့ အဆဲဋီကာနှင့်ကုလားမခေါ်နဲ့

ဝန်ကြီးအုန်းမြင့်ရဲ့  
☀ ☀ ☀ ☀ ☀  အဆဲဋီကာနှင့်ကုလားမခေါ်နဲ့

“နှုတ်ကြောင့်ကြေတယ်၊လက်ကြောင့်သေတယ် ’’ 
“အမိယုတ်သောသား နှုတ်အမူအရာကြမ်း၏’’
“အဖယုတ်သောသားကိုယ်အမူအရာကြမ်း၏’’
“ဒီလိုစကားပုံများကို ’’
“ဒကာကိုမင်းစံတို့ ကြားဖူးပြီးသားပဲမဟုတ်လား? ’’ 

“မှန်ပါ့ဘုရား’’
“ငယ်ငယ်က တပည့်တော်တို့ကို ’’
“မိဘများဆိုဆုံးမခဲ့တဲ့စကားမို့ နားရည်ဝနေပါပြီဘုရား’’

“အေး . . ဒကာရဲ့’’
ကျူပ်တို့ကိုလည်း မိဘများငယ်စဉ်က ဆိုဆုံးမဖူးတာခံရလို့ အထူးပင်မှတ်စရာ
မလိုပဲ Auto သိနေပါရဲ့  .. ။
သို့သော်လည်း တို့မြန်မာနိုင်ငံမှာ နိုင်ငံခေါင်းဆောင်အဖြစ် မဓမ္မသိမ်းပိုက်လို့
လားမသိ  ..  ၀န်ကြီးတွေ သမ္မတတွေဟာ အတော်ရိုင်းကြတာပဲ . .ကို။
အခုလည်း ၀န်ကြီးအုန်းမြင့်က “နယ်လှည့်ပြီးပါးရိုက်လာတာ’’ဆိုတဲ့စကားက
Popular ဖြစ်သလို ကာတွန့်ပညာရှင်များကလည်း သူတို့ရဲ့ ကိုယ်ပိုင်အနုပညာ
နဲ့ ပြည်သူကိုအသိပေးနေတယ်မဟုတ်လား?’’

“မှန်ပါ့ဘုရား’’
“Media လောကမှာရော ရပ်ကွက်ထဲမှာပါ ’’
ပြည်သူတွေအားလုံးက ကဲ့ရဲ့ကုန်ကြပါပြီဘုရား။’’

“အေးပေါ့ ဒကာရယ်၊ ’’
“အသွားမတော်တစ်လှမ်း၊ အစားမတော်တစ်လုပ်၊’’
“အပြောမတက်တော့ ဆဲတာနဲ့တူတယ်၊’’
“အထိုင်မတက်တော့ ဖြဲတာနဲ့တူတယ် ’’
“အခုဟာကတော့ အပြောမတက်တာမဟုတ်ဘူး ဒကာကိုမင်းစံရဲ့’’
“တမင်ကို ပြည်သူကို ဗိုလ်ကျတာ ဗျ’’
ဦးဇင်း ဒီရုပ်သံဖိုင်ကို သုံးခေါက်လောက်ကြည့်ပြီးပြီ။
ပြည်သူ့လစာစားပြီး ပြည်သူကိုအာခံတဲ့ သဘောပဲ ဒကာရဲ့
“သရေပေါ်အပ်သရေနားစားတဲ့’’ . “ခွေးအကျင့်ခွေးအကြံ ’’ ပဲဒကာ။

“မှန်ပါ့ဘုရား ’’ 
“သူပြောတဲ့ရုပ်သံဖိုင်မှာကတည်းက သူ့ဇာတိကိုသူဖေါ်ပြနေတာပဲဘုရား’’
“သေနပ်ခါးကြားချိပ်ပြီး အုပ်ချုပ်လာတာ’’ ဆိုတော့ တပည့်တော်တို့ပြည်သူကို
သူစော်ကားတာပဲဘုရား။
ပြည်သူပိုင်သယံဇာတတွေကို ခရိုနီနဲ့လက်ဝါးရိုက်ပြီး ခိုးစားလာတဲ့သူခိုးတွေက
ပြည်သူကို သေနပ်နဲ့ပစ်သတ်ပြီးလို့အားမရသေးလို့ ပါးရိုက်ချင်တယ်ဆိုတဲ့
သဘောကို ပြောသွားတာပဲ  .. ဘုရား။’’

“ဟုတ်တယ်  .. ဒကာကိုမင်းစံ’’
အခုစစ်ရေခွံကျွတ်တွေအကုန်လုံးက ကျုပ်တို့ဒီလိုပြောဆို ဆုံးမထောက်ပြ
ဝေဖန်တာကိုတော့ မကြိုက်ဘူး သို့သော်လည်း သူတို့က ဘက်ကလည်းပဲ
ကျုပ်တို့ကို အရင်လိုစစ်အုပ်ချုပ်ရေးတုန်းကလို ပြောချင်သလိုလုပ်ချင်သလို
လုပ်ချင်တဲ့သဘောပဲ ’’
“ဟိုးတစ်လောဆီကလည်း’’
လယ်ဆည် ၀န်ကြီးမြင့်လှိုင်က ဧရာဝတီတိုင်းမှာ
“ပြည်သူကိုထမင်းတစ်နပ်လျှော့စားခိုင်းတယ်’’
နောက်တစ်ခါ . .
သမ္မတအကြံပေးကလည်းပဲ . . 
“မီးမလာရင် ဖယောင်းတိုင်မီထွန်း ’’ တဲ့။
“အခုလည်း တစ်ခါ ’’ ဒေါ်အောင်ဆန်းစုကြည်က 
ရခိုင်ပြည်ကိစ္စကို “အပေးအယူလုပ်ကြတာပေါ့’’ တဲ့။
ဘယ်လို လူတွေလည်းတော့မသိတော့ဘူး ဒကာရေ  . .ကျုပ်တို့ပဲသူတို့သင်
ကြားတက်မြောက်ထားတဲ့ ပညာတွေမတက်လို့လားတော့မသိ . . သူတို့ပြော
တာတွေဟာ အမြီးအမောက်ကိုမလွတ်ဘူးဖြစ်နေတယ်  .. နော်။

“မှန်ပါ့ဘုရား’’
“တပည့်တော်တို့ပြည်သူနဲ့ ဗုဒ္ဓဘာသာကြီးရဲ့ ကံဆိုးမိုးမှောင်ချိန်ရောက်လို့လား
တော့မပြောတက်တော့ပါဘူးဘုရား။’’
“ကုလားကိုလည်း ကုလားလို့မခေါ်ရဘူး ’’ တဲ့
ဒီလိုဆို တရုတ်ကိုတပည့်တော်တို့ တရုတ်လို့ခေါ်နေတာဟာ အလွန်မိုက်ရိုင်းသ
လိုများဖြစ်နေသလားဘုရား ?

“ ကဲ  ..  ဒကာကိုမင်းစံရေ ’’
“ဒီအကုသိုလ်ကောင်တွေကောင်မတွေအကြောင်းသာပြောရရင် ’’
“နောက်ဘုရားတစ်ဆူပွင့်တာတောင် ကုန်ဖွယ်ရာမရှိတော့ပါဘူး  .. ဒကာရယ်’’
ဒီတော့က၊ ကိုယ့်စရဏလေးကိုယ်အားထုတ်ပြီးနေကာမှ နောက်သံသရာရေး
ဒီလိုအကုသိုလ်ကောင်တွေ အကုသိုလ်ကောင်မတွေနဲ့ ဘ၀အဆုံးစည်းရ
အောင်တော့ တို့များကြိုးစားကြရမယ် ဒကာရေ . . ။

“မှန်လှပါဘုရား ’’
ဆရာတော်ပြောတဲ့သတိသံဝေဃလေးက သင့်လျှော်ပါတယ်ဘုရား
ဆရာတော် စက္ကုပါလဆေးကုန်ရင်တော့ ဖုန်းသာဆက်လိုက်ပါဘုရား
တပည့်တော်က ဆရာတော်ထံလာရတာ ဘ၀သံသာရသခန်းစာများ
ရတာမို့  . . အမြဲလာချင်ပါတယ်ဘုရား။

“သာဓု ပါဒကရယ်’’ 
ကဲကဲ ရောက်တာလည်းကြာပြီ ပြန်လိုက်ပေဦပေါ့  .. ဗျာ။

“မှန်လှပါဘုရား’’
█ ░ အလင်းရှင် ░ █

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget