ပုဏ္ဏားဖြူ ပုဏ္ဏားညိုတို့ဟောကိန်းအရ . .
မြန်မာပြည်မှာ . အာဏာလုပွဲဖြစ်ခဲ့သေးသည်။
“မြောက်အရပ်တွင် မင်းလောင်းပေါ်မည်၊’’
ဟုတ်ဟုတ်မဟုတ်ဟုတ် . . အာဏာအတွက်မို့ . . .
ပထမ . .
ပဋိသန္ဓေရှိသူမိန်းမတို့ကို ( ၇၀၀၀ ) ကျော်ကိုသတ်ခဲ့သည်။
ဒုတိယ . .
ပုခက်တွင်း ကလေးငယ် (၆၀၀၀) ကျော်ကိုသတ်ခဲ့သည်။
တတိယ . . .
နွားကျောင်းသားအရွယ် (၅၀၀၀) ကျော်ကိုသတ်ခဲ့သည်။
စတုတ္ထ . . .
“မင်းလောင်းရဟန်းပြုပါပြီ’’
အို . . အနော်ရထာ . . . .
အာဏာစုံမက် နှစ်သက်သော်လည်း သံဃာရတနာကို “မသတ်ပါ’’
ဒါ့ကြောင့် ကျန်စစ် မင်းလျှင်ဖြစ်လို့
ပေါက်ကံပြည်ကြီး စည်ခဲ့သည်။
တို့ခေတ်တို့ခါ .
စက်တင်ဘာတွင် . .
စစ်ခွေးသန်းရွှေ ရက်စက်ပေသည်
သံဃာကိုလည်း . . သူသတ်သည် . . ။
ဘင်္ဂါလီကိုလည်း .. အဖြူကဒ် တည် . .။
ထို့ကြောင့် အနော်ရထာ . . သူတော်ကောင်းက
ဗိုလ်သန်းရွှေလောက် မမိုက်ပါ။
█ ░ ဦးသုဓမ္မ (ဗုဒ္ဓ၀ါဒီ) ░ █

No comments :
Post a Comment