တို့လူ့ဘ၀ကိုရောက်လာခဲ့ကြပြီ . .
ဘယ်လိုနည်းနဲ့ရောက်လာခဲ့တယ်ဆိုတာတော့ ထားလိုက်ပါတော့ ။
အေး . . ဒါပေမယ့် ထားလို့မရတဲ့ မေးခွန်းလေးတစ်ခုတော့ တို့
မဖြစ်မနေမေးကြရမယ့်။ ကိုယ့်ကိုယ်ကိုယ်တိုင်ပြန်မေးရမှာမျိုး။
ကဲ ဦးဇင်းမေးသလိုလေးလိုက်မေးကြည့်။
မေးခွန်း . ☛
လူ့ဘ၀ကိုရောက်လာခဲ့ပြီ ဒီလူဘ၀မှာ ပေးဖို့လာတာလား ?
ယူဖို့လာတာလား ?
အခုဒီမေးခွန်းလေးတော့ တို့မေးကိုမေးရမယ်။ တစ်ခါဒီမေးခွန်းရဲ့
နောက်ကွယ်မှာ မေးခွန်းလေးတစ်ခုစီလောက်ထပ်ပွားလာတက်တယ်။
ပေးခြင်းနဲ့ယူခြင်းရဲ့ အဓိပ္ပါယ်ဆိုတာဘာလဲ ? ။ ကဲ ဒါလေးကိုတို့တွေခံ
စားကြည့်ရအောင်။
တိုတောင်းလှပါသော လူ့ဘ၀တွင် တို့တွေဟာ ပုံစံခွက်တစ်ခုထဲမှာ
လှုပ်ရှားနေရသလိုမျိုးပါ။ ဒီလိုတွေးမိရမယ်။ အဲလိုတွေးနိုင်ဖို့အတွက်
ဓမ္မသဘာဝကိုသိထားရမယ်။ ဒီတော့က သတ်တမ်းတိုတိုလေးမှာ
တို့တွေ အတ္တဆန်နေမယ့်အစား . . ပရဆန်ကြည့်လိုက်ပါလား ? ။
တကယ်ထင်မှတ်နေတဲ့ အထည်ဒြပ်ကိုယ်ဆိုတာ တို့စိတ်ကူးယဉ်တွေ
ပါနော် . . ။ အမှန်ရှိနေတာက ဓာတ်သဘောတွေပါ။ ဒြပ်စင်တွေရဲ့
ပြောင်းလဲမှုနိယာမလို လူသည်လည်း ရုပ်နမ်ခန္ဓာရဲ့ သမုတ်သညာပါ။
ဒါ့ကြောင့် တို့တွေဟာ ခဏလေး . . .တဒင်္ဂလေး . . . ။ တကယ်တွေး
မိလေ တကယ်ကိုခဏလေးပဲဆိုတာ ပိုသိမြင်လာတယ်။ ကိုယ်နဲ့အတူ
ဘ၀တစ်ကွေ့မှာ ဆုံခဲ့ကြသူတွေ အချို့ လူ့ဘ၀ကို ထားခဲ့ကြပြီး ဘုံဘ၀တစ်စီကို

ရောက်သွားနှင့်ကြပြီ။ ကဲ . . ကဲ .. တို့တွေသက်ရှင်
နေတုန်း ထိုထိုသူတွေထားခဲ့တဲ့ လူ့ဘ၀လေးမှာ စားနေ၀တ်အတွက်
အဓမ္မ၀ါဒကိုကျင့်သုံးခြင်းဟာ သင့်လျှော်ပါ့မလား ? အဲဒါကိုထပ်မေးရ
မယ် ။ မေးကိုမေးရမယ်။ ကိုယ့်ကိုယ်ကို ဒီလိုမေးခွန်းမျိုးမမေးမိရင်
သစ္စာဝါဒီအဖြစ် ပုံဖေါ်ဆောင်နိုင်မှာမဟုတ်ဘူး။ နောက်ဗုဒ္ဓစာ ပေအရ
ပြောရရင် သတိပဋ္ဌာန်ဝါဒီအဖြစ်သတ်မှတ်ခွင့်ရမှာမဟုတ်ဘူး။
ဆက်ဖတ်ရန် ☛ . . .
█ ░ အလင်းရှင် ░ █

No comments :
Post a Comment