.

AlinShin

Saturday, January 4, 2014

QUESTION ONE ? (၂) Tatoo (သို့) သေရာပါကုသိုလ်


ဗုဒ္ဓမြတ်စွာက လူ့တန်ဘိုးကို သတိပဋ္ဌာန်နဲ့ ဖေါ်ပြထားတာ။ ရာထူး
အာဏာတွေနဲ့ တင်စားထားတာမဟုတ်ဘူး။ ဒါ့ကြောင့် ဦးဇင်းပြော
တဲ့မေးခွန်းတွေကို လူသားဖြစ်ခွင့်မှာကျိုးရှိဖို့ မေးကိုမေးရမယ်။ တစ်
နေ့ထဲ တစ်ရက်ထဲမေးရမှာမျိုး မဟုတ်ဘူး။ အချိန်ရရရလို မေးပေး
နေရမယ်။ မေးတယ်ဆိုတဲ့သူဟာ အဖြေမရသေးရင်နေ မေးခွန်းမေး
ဖို့ Carefulness ဖြစ်နေတယ် နောက်တစ်မျိုး  Thoughtfulness
တယ်လို့လည်းပြောလို့ရတယ်။ ဗုဒ္ဓစာပေကတော့ အပ္ပမာဒတရား
လို့သုံးတယ်။ တော်တော်ကိုအရေးကြီးတဲ့ သတိပဲ။ အရေးကြီးလွန်း
လို့ကိုဗုဒ္ဓမြတ်စွာက သူနောက်ဆုံးလူ့ဘ၀ကို စွန့်ခါနီးလေးမှာတောင်
အခြားအထွေအထူးမပြောခဲ့ဘူး။ ဒီအပ္ပမာဒကိုပဲ ပြောခဲ့တာ။ ဒါကို
တထာဂတပစ္ဆိမ၀ါစာဆိုပြီး မဟာပရိနိဗ္ဗာနသုတ္တန်မှာရှိတယ်။ ဒီပါ
ဠိတော်လေးဟာ တို့တွေမင်းတို့တွေအတွက် အလွန်ကိုနှုတ်ထဲ
ဆောင်ထားရမယ့် ပါဠိတော်ပဲကွ။ တိုတိုလေးပါ ခဏလေးကျက်ရုံ
နဲ့ရပါတယ်။ ခဏနဲ့မရတော့လည်း စက္ကူလေးပေါ်ချရေးပြီး အိပ်
ကပ်ထဲဆောင်ထား အားရင်ဖတ်နောက်ရသွားတာပါပဲ။ တို့လည်း
စာသင်သားဘ၀တုန်းက ကိုကျက်ရမယ့် ပါဠိတော်ဂါထာလေး
တွေကို စာရွက်ဖြူလေးပေါ်ရေးပြီး ဆွမ်းခံသွားတဲ့အခါ သပိတ်ဖုံး
ပေါ်တင် လမ်းလျှောက်ရင်း ကျက်ခဲ့ရတာပဲ ။  ကဲ ဒါ့ကြောင့် သေရာ
ပါအောင် လိုက်မှတ်လိုက်ကြဟေ့ . .။ တို့ ကိုစစ်အစိုးရကထောင်ထဲ
ထည့်ထားတုန်းက လူဆိုးသူခိုးဂျပိုးတွေနဲ့ ပေါင်းဖူးတယ်။ သူတို့က
ငွေကုန်ခံပြီး Tattoo ထိုးကြတယ်။ ဘာလို့ထိုးတာလဲလို့ ဦးဇင်းက
မေးတဲ့အခါ “ကိုယ်သေတဲ့အထိယူသွားလို့ရတယ် ’’ တဲ့။ ဦးဇင်းကို
လည်း ထိုးပါလားတဲ့ ။ သူပိုက်ဆံစိုက်ပေးမယ် တဲ့။  ထိုလူဆိုးကြီး
ပြောတဲ့စကားကြောင့် “သေရာပါတဲ့ကုသိုလ်’’  ဆိုတဲ့Thinking
လေးတစ်ခု ထောင်ထဲကရလာခဲ့တယ်။
ဒါ့ကြောင့်မင်းတို့တွေ သေရာပါသွားအောင် အရေပြားပေါ်မှာ Tattoo
မထိုးဘဲ နှလုံးသားအတွင်းခန်းလေးမှာ ဓမ္မဂါထာတော်လေးထိုးထား
လိုက်ကွ။ ကဲ . .  လိုက်ရေးလိုက်ကြပေတော့ . .။
ဟန္ဒ ဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ
ဝယဓမ္မာသင်္ခါရ အပ္ပမာဒေန သမ္ပာဒေထ။
ဘိက္ခဝေ၊ ရဟန်းတို့။ ဟန္ဒဣဒါနိ၊ ယခုအခါ၌။ အဟံ၊ ငါဘုရားသည်။
ဝေါ၊သင်တို့အား။ အာမန္တယာမိ၊ သိစေအပ်၏။ ကိံအာမန္တယာမိ၊ အ
ဘယ်ကိုသိစေအပ်သနည်းဟူမူကား။ ဘိက္ခဝေ၊ရဟန်းတို့။ သင်္ခါရ၊
ရုပ်နာမ်ဟုဆိုအပ်တဲ့သင်္ခါရတရားတို့သည်။ ၀ယဓမ္မာ၊ ပျက်ခြင်းသဘော
ရှိကုန်၏။ တေသင်္ခါရေ။ ထိုမမြဲတဲ့ရုပ်၊နာမ်ဓမ္မဤလောကတို့ကို။ တုမှေ၊
သင်တို့သည်။ အပ္ပမာဒေန၊ မမေ့မလျော့သောသတိတရားဖြင့်။
သမ္ပာဒေထ၊ ပြည့်စုံအောင်စောင့်ထိမ်းကြကုန်လော။
တန်ဘိုးရှိလိုက်တာကွာ။ ငါတို့ မင်းတို့တွေ ဒီနေ့ညချမ်းဟာဖြင့် ဘုရားတစ်
ဆူတစ်ဆူပွင့်တိုင်း နောက်ဆုံးမှာတမ်းတော်လေးကို တို့တွေ ရေးကြဖတ်
ကြရတယ်။ အင်မတန် အဖိုးတန်တဲ့ဘ၀ကိုတဒင်္ဂကိုရလိုက်တာပဲ။
ဆက်ဖတ်ရန် ☛ . . .
█ ░ အလင်းရှင် ░ █

Photo: QUESTION ONE ?
♥  ♥  ♥  ♥  ♥  ♥  ♥  
(၂) Tatoo (သို့) သေရာပါကုသိုလ်
☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀
ဗုဒ္ဓမြတ်စွာက လူ့တန်ဘိုးကို သတိပဋ္ဌာန်နဲ့ ဖေါ်ပြထားတာ။ ရာထူး
အာဏာတွေနဲ့ တင်စားထားတာမဟုတ်ဘူး။ ဒါ့ကြောင့် ဦးဇင်းပြော
တဲ့မေးခွန်းတွေကို လူသားဖြစ်ခွင့်မှာကျိုးရှိဖို့ မေးကိုမေးရမယ်။ တစ်
နေ့ထဲ တစ်ရက်ထဲမေးရမှာမျိုး မဟုတ်ဘူး။ အချိန်ရရရလို မေးပေး
နေရမယ်။ မေးတယ်ဆိုတဲ့သူဟာ အဖြေမရသေးရင်နေ မေးခွန်းမေး
ဖို့ Carefulness ဖြစ်နေတယ် နောက်တစ်မျိုး  Thoughtfulness 
တယ်လို့လည်းပြောလို့ရတယ်။ ဗုဒ္ဓစာပေကတော့ အပ္ပမာဒတရား
လို့သုံးတယ်။ တော်တော်ကိုအရေးကြီးတဲ့ သတိပဲ။ အရေးကြီးလွန်း
လို့ကိုဗုဒ္ဓမြတ်စွာက သူနောက်ဆုံးလူ့ဘ၀ကို စွန့်ခါနီးလေးမှာတောင်
အခြားအထွေအထူးမပြောခဲ့ဘူး။ ဒီအပ္ပမာဒကိုပဲ ပြောခဲ့တာ။ ဒါကို
တထာဂတပစ္ဆိမ၀ါစာဆိုပြီး မဟာပရိနိဗ္ဗာနသုတ္တန်မှာရှိတယ်။ ဒီပါ
ဠိတော်လေးဟာ တို့တွေမင်းတို့တွေအတွက် အလွန်ကိုနှုတ်ထဲ
ဆောင်ထားရမယ့် ပါဠိတော်ပဲကွ။ တိုတိုလေးပါ ခဏလေးကျက်ရုံ
နဲ့ရပါတယ်။ ခဏနဲ့မရတော့လည်း စက္ကူလေးပေါ်ချရေးပြီး အိပ်
ကပ်ထဲဆောင်ထား အားရင်ဖတ်နောက်ရသွားတာပါပဲ။ တို့လည်း
စာသင်သားဘ၀တုန်းက ကိုကျက်ရမယ့် ပါဠိတော်ဂါထာလေး
တွေကို စာရွက်ဖြူလေးပေါ်ရေးပြီး ဆွမ်းခံသွားတဲ့အခါ သပိတ်ဖုံး
ပေါ်တင် လမ်းလျှောက်ရင်း ကျက်ခဲ့ရတာပဲ ။  ကဲ ဒါ့ကြောင့် သေရာ
ပါအောင် လိုက်မှတ်လိုက်ကြဟေ့ . .။ တို့ ကိုစစ်အစိုးရကထောင်ထဲ
ထည့်ထားတုန်းက လူဆိုးသူခိုးဂျပိုးတွေနဲ့ ပေါင်းဖူးတယ်။ သူတို့က 
ငွေကုန်ခံပြီး Tattoo ထိုးကြတယ်။ ဘာလို့ထိုးတာလဲလို့ ဦးဇင်းက
မေးတဲ့အခါ “ကိုယ်သေတဲ့အထိယူသွားလို့ရတယ် ’’ တဲ့။ ဦးဇင်းကို
လည်း ထိုးပါလားတဲ့ ။ သူပိုက်ဆံစိုက်ပေးမယ် တဲ့။  ထိုလူဆိုးကြီး
ပြောတဲ့စကားကြောင့် “သေရာပါတဲ့ကုသိုလ်’’  ဆိုတဲ့Thinking 
လေးတစ်ခု ထောင်ထဲကရလာခဲ့တယ်။
ဒါ့ကြောင့်မင်းတို့တွေ သေရာပါသွားအောင် အရေပြားပေါ်မှာ Tattoo 
မထိုးဘဲ နှလုံးသားအတွင်းခန်းလေးမှာ ဓမ္မဂါထာတော်လေးထိုးထား
လိုက်ကွ။ ကဲ . .  လိုက်ရေးလိုက်ကြပေတော့ . .။
► ဟန္ဒ ဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ 
► ၀ယဓမ္မာသင်္ခါရ အပ္ပမာဒေန သမ္ပာဒေထ။ 
►ဘိက္ခဝေ၊ ရဟန်းတို့။ ဟန္ဒဣဒါနိ၊ ယခုအခါ၌။ အဟံ၊ ငါဘုရားသည်။
►ဝေါ၊သင်တို့အား။ အာမန္တယာမိ၊ သိစေအပ်၏။ ကိံအာမန္တယာမိ၊ အ
►ဘယ်ကိုသိစေအပ်သနည်းဟူမူကား။ ဘိက္ခဝေ၊ရဟန်းတို့။ သင်္ခါရ၊
►ရုပ်နာမ်ဟုဆိုအပ်တဲ့သင်္ခါရတရားတို့သည်။ ၀ယဓမ္မာ၊ ပျက်ခြင်းသဘော
►ရှိကုန်၏။ တေသင်္ခါရေ။ ထိုမမြဲတဲ့ရုပ်၊နာမ်ဓမ္မဤလောကတို့ကို။ တုမှေ၊
►သင်တို့သည်။ အပ္ပမာဒေန၊ မမေ့မလျော့သောသတိတရားဖြင့်။ 
►သမ္ပာဒေထ၊ ပြည့်စုံအောင်စောင့်ထိမ်းကြကုန်လော။ 
တန်ဘိုးရှိလိုက်တာကွာ။ ငါတို့ မင်းတို့တွေ ဒီနေ့ညချမ်းဟာဖြင့် ဘုရားတစ်
ဆူတစ်ဆူပွင့်တိုင်း နောက်ဆုံးမှာတမ်းတော်လေးကို တို့တွေ ရေးကြဖတ်
ကြရတယ်။ အင်မတန် အဖိုးတန်တဲ့ဘ၀ကိုတဒင်္ဂကိုရလိုက်တာပဲ။ 
ဆက်ဖတ်ရန် ☛ . . .
█ ░ အလင်းရှင် ░ █



No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget