.

AlinShin

Thursday, January 30, 2014

Model မလေးကို ဖန်ဆင်းခြင်းနှင့်စိတ်၏အခြားတစ်ဘက်


“ ဒေါက် . . ဒေါက် ..ဒေါက် ’’

ငြိမ်သက်နေသော အလင်းရှင်ဆရာတော်၏ . .
အဇ္ဈတလောကဆီသို့ .. .
တံခါးခေါက်သံတို့သည် .. ၀င်ရောက်လာခဲ့ပြန်၏။
မိမိသည် စာဖတ်ခြင်းနှင့်ဘာဝနာပွားခြ
င်းမှအပ ကျန်အချိန်များဆိုလျှင်
အမြဲလိုလို လူ့လောကရဲ့ အပြင်ကမ္ဘာတစ်ဘက်ခြမ်းဆီသို့
တစ်ယောက်ထဲ
လမ်းလျှောက်ထွက်နေကြပါ။
အခုလည်း .. တက္ကမဆန်သော ၀ိဘဇ္ဇအတွေးတွေအကြားရှိ
ပရမတ္ထကမ္ဘာကို လမ်းလျှောက်ထွက်နေမိတာပါ။
ထိုကမ္ဘာသည် . . စိတ်ကိုငြိမ်းချမ်းစေ . .၏
ထိုကမ္ဘာသည် . . ဘ၀အမောကိုပြေပျောက်စေ . . ၏
ထိုကျင့်စဉ်မျိုးကို အလင်းရှင်ဆရာတော်မိမိသည် ငယ်စဉ်ကတည်းက
ကျင့်လာခဲ့သည်။ ထိုနုငယ်စဉ်ကတော့ ကိုယ့်အတွေးအယူအဆနဲ့ကျင့်တာ
ပါ။
စာပေလေ့လာမှု့အားကောင်းလာတော
့ .. ဗုဒ္ဓရဲ့ ဘ၀နာလမ်းအယူအဆများကို
မိမိရဲ့ memoryထဲမှာ format ကောင်းကောင်းရိုက်၍ သိမ်းဆည်းနိုင်ခဲ့သည်။
မိမိထောင်ထဲတွင်နေစဉ်ကလည်း ဒီပရမတ္ထကမ္ဘာကျင့်စဉ်နှင့်ပင
်လျှင် စိတ်ကိုငြိမ်း
အေးစေခဲ့ဖူးသည်။
ဒါ့ကြောင့် စိတ်အနားပေးချိန်ရောက်တိုင်
း မိမိသည် ပရမတ္ထကမ္ဘာ
သို့ လမ်းလျှောက်ထွက်တက်ပါသည်။
အခုလည်း ..
တစ်ယောက်ထဲ . . တစ်ဘ၀ထဲမှာ . .
အနိစ္စ၀တနဲ့စကားပြောနေတုန်း . .
တံခါးခေါက်သံကြောင့် . . ပြောလက်စ တွေးလက်စ ရေးလက်စများကို ခဏချထား
လိုက်ရသည်။
“အင်း . . ’’ စိတ္တ၀ိဝေကဆိုသော မိမိရဲ့ ဘုံဗိမာန်မှနေ၍ အရှုတ်ထုတ်တို့ရဲ့
 စုဝေးရာလူသားမာယာကမ္ဘာကို ငဲ့စောင်းကြည့်ရပြန်တော့သည်

“ ဘယ်သူများတုန်း ’’
“ တံခါးကစေ့ထားတာပါ’’ “၀င်လာခဲ့လေ’’

“ဒကာမင်းစံတစ်ယောက်ထဲပါဘုရာ
း’’

ပြောပြောဆိုဆို ဒကာကိုမင်းစံသည် မိမိကမ္ဘာအိုလေးထဲသို့ ၀င်ရောက်ကာ ဘုရားရှိ
ရာသို့ဝတ်ဖြည့်ပြီး မိမိဘက်သို့လှည့်ကာ ဦးသုံးကြိမ်ချကာ . .

“ဆရာတော်ထံ ’’
“သတင်းထူးလေးပါလို့ ဂျာနယ်လာဆက်ကပ်တာပါဘုရား’’

“သြော် ’’
“ဘာသတင်းများတုန်း’’

“တပည့်တော်တို့ ဂေါတမမြတ်စွာဘုရားရှင်ရဲ့’’
အသံတော်များကို ကမ္ဘာသိပ္ပံပညာရှင်များတွေ့ရှ
ိတဲ့အကြောင်းပါဘုရား’’
တိုက်တိုက်ဆိုင်ဆိုင် အရှင်ဘုရားဟိုတစ်နေ့က ရေးလိုက်တဲ့
“ပါဠိနဲ့ကုလားမကွဲပြားလေသူ’
’ ဆိုတဲ့ ပိုစ့်လေးထဲမှာဖေါ်ပြထားတဲ့အင်္ဂလန်လူမျိုး
ကျောက်စာဝန် မစ္စကန်နင်ဂန်ရဲ့ တွေ့ရှိဖေါ်ထုတ်ချက်ကိုမူတည်
ပြီးရှာဖွေခဲ့ကြတာ
လို့ သိရတယ်ဘုရား။

“ သြော် ’’ “အေးကွာ’’
ကြည်ညိုဖွယ်ရာတိုက်ဆိုက်မှု့
ပေါ့ဒကာရယ် ..
ပြပါဦးဦးဇင်းဖတ်ကြည့်ရအော
င် .. ။

မိမိသည် ယင်းဆောင်းပါးကိုဖတ် ငါးမိနစ်ခန့်မျှကြာသွားခဲ့သ
ည်။ ခေါင်းတစ်ဆတ်
ဆတ်ငြိမ့်နေမိသည်။ “ သြော် ဗုဒ္ဓရှင်တော်ရဲ့ ဓမ္မတွေဟာ တကယ်ကိုဒီနေ့အထိ
သိပ္ပံပညာရှင်များလိုက်မမီသေ
းပါလားလို့လည်း တွေးမိသည်နှင့် ဒကာကိုမင်းစံအား။

“ကိုမင်းစံ’’
“ဘုရားရှင်က ဒီလိုအချိန်တွေမှာ ဒီလိုဖြစ်ရလိမ့်မယ်လို့ ဟောပြီးသားဆိုရင်
ခင်ဗျား ယုံမလား’’
ကျုပ်ခင်ဗျားကို သက်သေအနနဲ့ ပါဠိတော်လေးထုတ်ပြမယ်။ ဒီပါဠိတော်က အများလဲ
သိကြပြီးသားပါ။

“အာရမန္တိ ဧတ္ထာတိ အရာမဏံ’’ စိတ်ဆိုတာ အာရုံထဲမှာပဲ မွေ့လျော်တာလို့ ဘုရားရှင်
ကဆိုတယ်။ တစ်ခါထပ်ပြီး ဗုဒ္ဓကပြောလိုက်သေးပုံက . .
“ ၀ိစိတ္တကရဏာ’’၀ိစိတ္တံ၊ ဆန်းကြယ်သော အရာတို့ကို ။ ကရောတိ၊ ပြုလုပ်တက်ကုန်၏ လို့ဖွင့်ပြတယ်။ နောက် တစ်ခါ . .
“စိတ္တေန လောကော နိယတိ’’ တဲ့
လောကကြီးကို စိတ်ကသာလျင် ဦးဆောင်နိုင်တယ်ဆိုတဲ့သဘော
ပဲ။
စိတ်ရဲ့သတ္တိထူးပဲ။
ဒါ့ကြောင့် သိပ္ပံပညာရှင်များဖေါ်ထုတ်တွေ
ကရှိချက်တွေဟာ ဘာလို့ အခုအချိန်အထိ
မှန်ကန်တိုးတက်ပြောင်းလဲလာန
ိုင်တယ်ဆိုတာကို တို့ရဲ့ ဗုဒ္ဓမြတ်စွာက လွန်ခဲ့တဲ့နှစ်
ပေါင်း နှစ်ထောင်ခြောက်လောက်ကတည်းက
ပြောခဲ့ဟောခဲ့ပြီးသားပါ . . ဒကာကိုမင်းစံ။

“မှန်ပါ့ဘုရား။’’
“အရှင်ဘုရားရှင်းပြလိုက်တော
့မှ တပည့်တော်တို့မြတ်စွာဘုရားရှင်ဟာဟိုးနှစ်ပေါင်
များစွာကတည်းက နောက်ဖြစ်မယ့်အရာတွေကို ဟောကိန်းထုတ်ထားခဲ့တာပါလား
ဆိုတာ သဘောပေါက်မိပါပြီဘုရား။

“ ဟုတ်တယ် . ဒကာရဲ့’’
ဗုဒ္ဓက လောကရဲ့ဆန်းကျယ်မှုဟာ စိတ်ရဲ့ဆန်းကျယ်မှုပဲလို့ ဟောခဲ့တာပဲလေ
ဒါ့ကြောင့် ဒီကနေ့သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိချက်တွေဆိုတာ စိတ်ကိုစိတ်နဲ့
ရှာတာပဲ ဒကာရဲ့။ နောက်လည်းပဲ ဒီထက်ဆန်းကျယ်တာတွေကို ရှာဖွေနိုင်ကြ
ဦးမှာပါ ။ ဒါနဲ့ ကျုပ်တို့ ကိုရင်ဘ၀က ငယ်ဆတော်ကြီးပြောဖူးတာလေးတစ
်ခု
အမှတ်ရတယ် ဒကာရဲ့။

“မှန်ပါ့အမိန့်ရှိပါဘုရား။’


“ဆတော်ကြီးက’’
သူတို့ငယ်ငယ်က ယောက်ျားလေးရောမိန်းကလေးတွေ
ရော ခုခေတ်လိုမလှကြ
ဘူး . . တဲ့။ ခုခေတ်ကလူတွေကပိုလှကြတာ . . တဲ့။ အဲလိုဆတော်ကြီးမိန့်ကြား
တဲ့အချိန်တုန်းက ကိုယ်ကလည်း စာမနှံ့သေးတော့ နားမလည်ဘူး .. ဒကာရဲ့
အဲ . . အခုကြတော့မှ ဆရာတော်ပြောတဲ့သဘောဟာ ဗုဒ္ဓအာဘော်နဲ့တစ်ထပ်
တည်းကျနေတယ်ဆိုတာ တွေ့ရတယ်။
“ ၀ိစိတ္တကရဏာ’’ဆိုတဲ့အတိုင်း စိတ်က လူကိုလှအောင်ဖန်တည်းလိုက်တာ
ပဲ။
ကောင်မလေးတွေက လှချင်တယ် လှချင်တော့ လှနိုင်တဲ့ နည်းပညာတွေကို
တီထွင်လာနိုင်တယ်မဟုတ်လား? ကိုမင်းစံ။

“ဟာ . .’’ “အရှင်ဘုရားရှင်းပြလေ’’
တပည့်တော်တော့ ပိုပြီးနားလည်လာလေပဲဘုရား။
“ဒီလိုဆိုတော့လည်း’’
သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိချက်တွေဟာ ဘုရားပြောသလို
“၀ိစိတ္တကရာဏာ’’ ပဲပေါ့နော်ဘုရား။

“ဟုတ်ပါ့ ဒကာ’’
ကဲ .. ဒီ၈ျာနယ်လေးထားခဲ့လိုက်တော့
ဦးဇင်းဖေ့ဘွတ်ပေါ်ခင်ဗျားနဲ့ပြောခဲ့တာလေး
ရေးတင်လိုက်ဦးမယ် ’’

“ဟာ .. ကောင်းတာပေါ့ဘုရား။’’
လူအများသိသွားတာပေါ့။ ဒါ့ကြောင့်အရှင်ဘုရားထံ တပည့်တော် 
ဒီဂျာနယ်ကိုလာဆပ်ကပ်တာပါဘုရား။

“ ကဲ . ကဲ . . သာဓုပါဒကာ’’
ဦးဇင်းစာရေးတင်လိုက်ဦးမယ်

“မှန်လှပါဆရာတော်ဘုရား’’
ပြည်သူပြည်သားများ အလင်းများရပါစေဘုရား

“ အေး .. အေး .. ’’
“သာဓု သာဓု သာဓု ပါဒကာတော်’’

ဤဓမ္မဒါနကိုသိုလ်အား . ..
ဘ၀ခရီးမှ . .ခဏအပြီးထွက်သွားသော . .
ဖခင်ကြီးနှင့် ဇာတိချက်ကြွေမြေက . . အမေ။
နောက်(၃၁)ဘုံသားများအား ဝေငှသုံးဆောင်းပါသည်။


█ ░ အလင်းရှင် ░ █

Model မလေးကို ဖန်ဆင်းခြင်းနှင့်စိတ်၏အခြားတစ်ဘက်  
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥ ♥  ♥  ♥  ♥  ♥  ♥    

“ ဒေါက်  . . ဒေါက်  ..ဒေါက် ’’

ငြိမ်သက်နေသော အလင်းရှင်ဆရာတော်၏ . . 
အဇ္ဈတလောကဆီသို့  ..  .
တံခါးခေါက်သံတို့သည်  .. ၀င်ရောက်လာခဲ့ပြန်၏။
မိမိသည် စာဖတ်ခြင်းနှင့်ဘာဝနာပွားခြင်းမှအပ ကျန်အချိန်များဆိုလျှင်
အမြဲလိုလို လူ့လောကရဲ့ အပြင်ကမ္ဘာတစ်ဘက်ခြမ်းဆီသို့ တစ်ယောက်ထဲ 
လမ်းလျှောက်ထွက်နေကြပါ။ 
အခုလည်း  .. တက္ကမဆန်သော ၀ိဘဇ္ဇအတွေးတွေအကြားရှိ
ပရမတ္ထကမ္ဘာကို လမ်းလျှောက်ထွက်နေမိတာပါ။ 
ထိုကမ္ဘာသည် . .  စိတ်ကိုငြိမ်းချမ်းစေ . .၏
ထိုကမ္ဘာသည် . .  ဘ၀အမောကိုပြေပျောက်စေ . . ၏ 
ထိုကျင့်စဉ်မျိုးကို အလင်းရှင်ဆရာတော်မိမိသည် ငယ်စဉ်ကတည်းက 
ကျင့်လာခဲ့သည်။ ထိုနုငယ်စဉ်ကတော့ ကိုယ့်အတွေးအယူအဆနဲ့ကျင့်တာပါ။ 
စာပေလေ့လာမှု့အားကောင်းလာတော့  .. ဗုဒ္ဓရဲ့ ဘ၀နာလမ်းအယူအဆများကို
မိမိရဲ့ memoryထဲမှာ format ကောင်းကောင်းရိုက်၍ သိမ်းဆည်းနိုင်ခဲ့သည်။
မိမိထောင်ထဲတွင်နေစဉ်ကလည်း ဒီပရမတ္ထကမ္ဘာကျင့်စဉ်နှင့်ပင်လျှင် စိတ်ကိုငြိမ်း
အေးစေခဲ့ဖူးသည်။ 
ဒါ့ကြောင့် စိတ်အနားပေးချိန်ရောက်တိုင်း မိမိသည် ပရမတ္ထကမ္ဘာ
သို့ လမ်းလျှောက်ထွက်တက်ပါသည်။ 
အခုလည်း  ..  
တစ်ယောက်ထဲ . . တစ်ဘ၀ထဲမှာ . . 
အနိစ္စ၀တနဲ့စကားပြောနေတုန်း . .
တံခါးခေါက်သံကြောင့် . .  ပြောလက်စ တွေးလက်စ ရေးလက်စများကို ခဏချထား
လိုက်ရသည်။  
“အင်း  . . ’’ စိတ္တ၀ိဝေကဆိုသော မိမိရဲ့ ဘုံဗိမာန်မှနေ၍ အရှုတ်ထုတ်တို့ရဲ့ စုဝေးရာလူသားမာယာကမ္ဘာကို ငဲ့စောင်းကြည့်ရပြန်တော့သည်။

“ ဘယ်သူများတုန်း  ’’ 
“ တံခါးကစေ့ထားတာပါ’’  “၀င်လာခဲ့လေ’’

“ဒကာမင်းစံတစ်ယောက်ထဲပါဘုရား’’

ပြောပြောဆိုဆို ဒကာကိုမင်းစံသည် မိမိကမ္ဘာအိုလေးထဲသို့ ၀င်ရောက်ကာ ဘုရားရှိ
ရာသို့ဝတ်ဖြည့်ပြီး မိမိဘက်သို့လှည့်ကာ ဦးသုံးကြိမ်ချကာ  . .

“ဆရာတော်ထံ ’’
“သတင်းထူးလေးပါလို့ ဂျာနယ်လာဆက်ကပ်တာပါဘုရား’’

“သြော် ’’ 
“ဘာသတင်းများတုန်း’’

“တပည့်တော်တို့ ဂေါတမမြတ်စွာဘုရားရှင်ရဲ့’’
 အသံတော်များကို ကမ္ဘာသိပ္ပံပညာရှင်များတွေ့ရှိတဲ့အကြောင်းပါဘုရား’’
တိုက်တိုက်ဆိုင်ဆိုင် အရှင်ဘုရားဟိုတစ်နေ့က ရေးလိုက်တဲ့ 
“ပါဠိနဲ့ကုလားမကွဲပြားလေသူ’’ ဆိုတဲ့ ပိုစ့်လေးထဲမှာဖေါ်ပြထားတဲ့အင်္ဂလန်လူမျိုး
ကျောက်စာဝန် မစ္စကန်နင်ဂန်ရဲ့ တွေ့ရှိဖေါ်ထုတ်ချက်ကိုမူတည်ပြီးရှာဖွေခဲ့ကြတာ
လို့ သိရတယ်ဘုရား။

“ သြော် ’’  “အေးကွာ’’ 
ကြည်ညိုဖွယ်ရာတိုက်ဆိုက်မှု့ပေါ့ဒကာရယ် .. 
ပြပါဦးဦးဇင်းဖတ်ကြည့်ရအောင်  .. ။

မိမိသည် ယင်းဆောင်းပါးကိုဖတ် ငါးမိနစ်ခန့်မျှကြာသွားခဲ့သည်။ ခေါင်းတစ်ဆတ်
ဆတ်ငြိမ့်နေမိသည်။ “ သြော် ဗုဒ္ဓရှင်တော်ရဲ့ ဓမ္မတွေဟာ တကယ်ကိုဒီနေ့အထိ
သိပ္ပံပညာရှင်များလိုက်မမီသေးပါလားလို့လည်း တွေးမိသည်နှင့် ဒကာကိုမင်းစံအား။

“ကိုမင်းစံ’’ 
“ဘုရားရှင်က ဒီလိုအချိန်တွေမှာ ဒီလိုဖြစ်ရလိမ့်မယ်လို့ ဟောပြီးသားဆိုရင်
ခင်ဗျား ယုံမလား’’ 
ကျုပ်ခင်ဗျားကို သက်သေအနနဲ့ ပါဠိတော်လေးထုတ်ပြမယ်။ ဒီပါဠိတော်က အများလဲ
သိကြပြီးသားပါ။

“အာရမန္တိ ဧတ္ထာတိ အရာမဏံ’’ စိတ်ဆိုတာ အာရုံထဲမှာပဲ မွေ့လျော်တာလို့ ဘုရားရှင်
ကဆိုတယ်။ တစ်ခါထပ်ပြီး ဗုဒ္ဓကပြောလိုက်သေးပုံက . .
 “ ၀ိစိတ္တကရဏာ’’၀ိစိတ္တံ၊ ဆန်းကြယ်သော အရာတို့ကို ။ ကရောတိ၊ ပြုလုပ်တက်ကုန်၏ လို့ဖွင့်ပြတယ်။ နောက် တစ်ခါ  . . 
“စိတ္တေန လောကော နိယတိ’’ တဲ့ 
လောကကြီးကို စိတ်ကသာလျင် ဦးဆောင်နိုင်တယ်ဆိုတဲ့သဘောပဲ။
စိတ်ရဲ့သတ္တိထူးပဲ။
ဒါ့ကြောင့် သိပ္ပံပညာရှင်များဖေါ်ထုတ်တွေကရှိချက်တွေဟာ ဘာလို့ အခုအချိန်အထိ
မှန်ကန်တိုးတက်ပြောင်းလဲလာနိုင်တယ်ဆိုတာကို တို့ရဲ့ ဗုဒ္ဓမြတ်စွာက လွန်ခဲ့တဲ့နှစ်
ပေါင်း နှစ်ထောင်ခြောက်လောက်ကတည်းကပြောခဲ့ဟောခဲ့ပြီးသားပါ . .  ဒကာကိုမင်းစံ။

“မှန်ပါ့ဘုရား။’’  
“အရှင်ဘုရားရှင်းပြလိုက်တော့မှ တပည့်တော်တို့မြတ်စွာဘုရားရှင်ဟာဟိုးနှစ်ပေါင်
များစွာကတည်းက နောက်ဖြစ်မယ့်အရာတွေကို ဟောကိန်းထုတ်ထားခဲ့တာပါလား
ဆိုတာ သဘောပေါက်မိပါပြီဘုရား။ 

“ ဟုတ်တယ် . ဒကာရဲ့’’
ဗုဒ္ဓက လောကရဲ့ဆန်းကျယ်မှုဟာ စိတ်ရဲ့ဆန်းကျယ်မှုပဲလို့ ဟောခဲ့တာပဲလေ 
ဒါ့ကြောင့် ဒီကနေ့သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိချက်တွေဆိုတာ စိတ်ကိုစိတ်နဲ့
ရှာတာပဲ ဒကာရဲ့။ နောက်လည်းပဲ ဒီထက်ဆန်းကျယ်တာတွေကို ရှာဖွေနိုင်ကြ
ဦးမှာပါ ။ ဒါနဲ့ ကျုပ်တို့ ကိုရင်ဘ၀က ငယ်ဆတော်ကြီးပြောဖူးတာလေးတစ်ခု
အမှတ်ရတယ် ဒကာရဲ့။

“မှန်ပါ့အမိန့်ရှိပါဘုရား။’’

“ဆတော်ကြီးက’’
သူတို့ငယ်ငယ်က ယောက်ျားလေးရောမိန်းကလေးတွေရော ခုခေတ်လိုမလှကြ
ဘူး . . တဲ့။ ခုခေတ်ကလူတွေကပိုလှကြတာ . . တဲ့။  အဲလိုဆတော်ကြီးမိန့်ကြား
တဲ့အချိန်တုန်းက ကိုယ်ကလည်း စာမနှံ့သေးတော့ နားမလည်ဘူး  .. ဒကာရဲ့
အဲ  . . အခုကြတော့မှ ဆရာတော်ပြောတဲ့သဘောဟာ ဗုဒ္ဓအာဘော်နဲ့တစ်ထပ်
တည်းကျနေတယ်ဆိုတာ တွေ့ရတယ်။
“ ၀ိစိတ္တကရဏာ’’ဆိုတဲ့အတိုင်း စိတ်က လူကိုလှအောင်ဖန်တည်းလိုက်တာပဲ။ 
ကောင်မလေးတွေက လှချင်တယ် လှချင်တော့ လှနိုင်တဲ့ နည်းပညာတွေကို 
တီထွင်လာနိုင်တယ်မဟုတ်လား? ကိုမင်းစံ။ 

“ဟာ  . .’’ “အရှင်ဘုရားရှင်းပြလေ’’
တပည့်တော်တော့ ပိုပြီးနားလည်လာလေပဲဘုရား။
 “ဒီလိုဆိုတော့လည်း’’
သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိချက်တွေဟာ ဘုရားပြောသလို 
“၀ိစိတ္တကရာဏာ’’ ပဲပေါ့နော်ဘုရား။

“ဟုတ်ပါ့ ဒကာ’’
ကဲ  .. ဒီ၈ျာနယ်လေးထားခဲ့လိုက်တော့ ဦးဇင်းဖေ့ဘွတ်ပေါ်ခင်ဗျားနဲ့ပြောခဲ့တာလေး
ရေးတင်လိုက်ဦးမယ် ’’

“ဟာ  .. ကောင်းတာပေါ့ဘုရား။’’
လူအများသိသွားတာပေါ့။ ဒါ့ကြောင့်အရှင်ဘုရားထံ တပည့်တော် ဒီဂျာနယ်ကိုလာဆပ်ကပ်တာပါဘုရား။

“ ကဲ  . ကဲ . . သာဓုပါဒကာ’’
ဦးဇင်းစာရေးတင်လိုက်ဦးမယ်

“မှန်လှပါဆရာတော်ဘုရား’’
ပြည်သူပြည်သားများ အလင်းများရပါစေဘုရား

“ အေး  ..  အေး  ..  ’’
“သာဓု သာဓု သာဓု ပါဒကာတော်’’

ဤဓမ္မဒါနကိုသိုလ်အား  . .. 
ဘ၀ခရီးမှ . .ခဏအပြီးထွက်သွားသော . . 
ဖခင်ကြီးနှင့် ဇာတိချက်ကြွေမြေက . . အမေ။ 
နောက်(၃၁)ဘုံသားများအား ဝေငှသုံးဆောင်းပါသည်။

█ ░  အလင်းရှင်  ░ █

 

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget