.

AlinShin

Thursday, January 30, 2014

ကထာကိုလွဲမှားစွာဘာသာပြန်ခြင်း

ဦးဟုတ်စိန်အဘိဓာန်ကတော့ .. ကထာကို . .
(f.) speech; story; talk.Speech, discourse; conversation,
discussion; a story, tale, account လို့ အင်္ဂလိပ်လိုယူဆဘာသာ
ပြန်ထားတယ်။

ခေတ်လူငယ်အချို့နှင့် အတ္တကြီးစိုးသော နိုင်ငံရေးသများက ဗုဒ္ဓ၀ါဒ
ကို ထင်ယောင်ထင်မှားဖြင့် သုံးသပ်ကြသည်။ ဘာလဲဆိုရင် အမျိုး
စောင့်ဥပဒေပါပဲ။ ဒီဥပဒေကို ထေရ်သံဃာများကစီမံတာကို ဗုဒ္ဓ၀ါဒ
နဲ့မကိုက်ညီဘူးဆိုတဲ့ အသံတွေကိုကျုယ်ကျယ်လောင်လောင်ပြော
ဆိုနေကြတာကိုတွေ့ရတယ်။ ဒါတွေဟာ မျက်စေ့စုန်ကန်းငြင်းဆန်
မှုပါပဲ။ ဗုဒ္ဓဟာ နိဗ္ဗကိုရည်ရော်၍ သုမိတ္တာရှင်ရသေ့ဘ၀မှ ပါရမီဖြည့်
ကာ ဘုရားဖြစ်တော်မူခဲ့ရာမှာ အထူးသဖြင့် သူရောက်ရှိရေးအတွက်
မဟုတ်ပါဘူး။ သူကအဲဒီရသေ့ဘ၀မှာကတည်းက နိဗ္ဗာန်ကိုမျက်
မှောက်ပြုနိုင်ပါတယ်။ မင်းတို့ငါတို့ရဲ့ သံသရာဝဲသြဃမှာ မြုတ်ချင်
တိုင်းမြုတ်နေမှုကို ကရုဏာသက်ပြီး ဘုရားဆုပန်ခဲ့တာပါ။
ကဲ . . ဘုရားဖြစ်လာပြန်တော့လည်း ပုဂ္ဂိုလ်ဝေနေယျတို့ရဲ့ အဇ္ဈာသ-
ယကို ဉာဏ်တော်နဲ့ခွဲခြားပြီး ဓမ္မကိုချပေးခဲ့တာပါ။
လောကဥပမာနဲ့ပြောရရင် သမားကောင်းဟာ ဆေးပေါင်းစုံကိုတက်
ကျွမ်းသော်လည်း ထိုထိုသောဆေးပေါင်းစုံထဲမှာမှ လူနာနဲ့အထာ
ကိုကြည့်ပြီး တော်ရာဆေးကို ပေးသလိုပါပဲ။
ဒါ့ကြောင့် ပိဋကတ်တော်တွင်
ကထာ(၃)မျိုးကိုပြဆိုထားသကဲ့သို့ ကထာ(၆)ရပ်ဟူ၍လည်းဆိုသည်။
ကထာဟူသည် .
“ကထာနန္တိ တိေဿာ ကထာ ၀ါဒေါ ဇပ္ပေါ ပိတဏ္ဍာတိ” ဟု
အနုဋီကာတွင် လာကြောင်း ဘာသာဋီကာကျမ်းတွင်တွေ့ရသည်။
(၁)၀ါဒကထာ ဟူသည် မိမိဆန့်ကျင်ဘက်ကို မိမိဘက်သို့တည်သို့
ပါစေရန် ပြောသောစကားပင်။
(၂) ဇပ္ပကထာ ဆိုတာကတော့ အခြားသူရဲ့ မိမိဝါဒကိုတည်အောာင်
အခြားသူရဲ့ ၀ါဒကိုနှုတ်ပယ်နိုင်အောင် ပြုလုပ်ခြင်းပါပဲ။
(၃)၀ိတဏ္ဍကထာကတော့ မိမိဝါဒကိုတည်တံ့စေဖို့မရည်ဘဲ သူများ
ရဲ့ဝါဒကိုသာ ပယ်နှုတ်နိုင်အောင်ကြိုးစားခြင်းပါပဲ။ (ဒါကတော့သီး
ခြားဗဟုသုတအဖြစ်ရေးလိုက်တာပါ။)
ဒီဆောင်းပါးနဲ့ဆက်ဆိုင်တာကတော့ . ..
(၁) သံဝရာသံဝရကထာ ၊ ၀ိနည်းဓမ္မနဲ့ဆိုင်ရာကထာ။
(၂) ဒိဋ္ဌိဝိနိဝေဓနကထာ၊ သုတ္တန်တရားများကိုညွှန်းသောကထာ။
(၃) နာမရူပပရိစ္ဆေဒကထာ၊ ရုပ်နာမ်နိဗ္ဗာန်အကြောင်းပြကထာ။
ဆိုပြီး ကထာအကြောင်းကို ဖွင့်ဆိုထားတယ်။
နောက်တစ်ခါ . .
(၁)ဒါနကထာ၊ (၂) သီလကထာ၊ (၃) သဂ္ဂကထာ၊
(၄)ကာမာနံအာဒီန၀ကထာ၊ (၅)နေက္ခမ္မေအာနိသံသကထာ၊
(၆) မဂ္ဂကထာ ဆိုပြီး .. ဘုရားရှင်ဟာ ဝေနေယျတို့ရဲ့ စိတ်အလိုကို
ငဲ့ကာ သင့်လျှော်ရာဓမ္မဆေးကိုပေးကျွေးတာမို့ . . အမျိုးစောင့်တရား
ဆိုတာ အထက်ဖေါ်ပြပါကထာအရပ်ရပ်တို့တွင် အကျုံးဝင်သော ဓမ္မ
ပါပဲ။ နိုင်ငံရှိလျှင် ဥပဒေရှိတယ် . ဘာသာရှိရင် ဆိုင်ရာဘာသာရဲ့ဥ
ပဒေဆိုတာလည်း ရှိနေရမှာပါပဲ။ ဒါကို ဓမ္မသတ်ကြီးဖြင့် စီရင်ပြဋ္ဌာန်း
သလို ရာဇာသတ်ကြီးဖြင့်လည်း ဆုံးမပဲ့ပြင်ရမည်ဖြစ်သည်။
ထိုကဲ့သို့ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒကို နားမလည်ဘဲ သံဃာများအား ပုတ်ခတ်
ပြောဆိုခြင်းသည် . . ဓမ္မကိုဆော်ကားရာရောက်သလို ရာဇကို
လည်းမထိမဲ့မြင်ရာရောက်သည်ဟု နှလုံးသွင်းမိပါသည်။

✂ ✂ ✂ ✂✂ ✂ ✂ ✂✂ ✂ ✂ ✂✂ ✂ ✂ ✂
✂ ✂✂ ✂ ✂ ✂
█ ░ ဦးသုဓမ္မ(ဗုဒ္ဓ၀ါဒီ) ░ █
 
Photo: ကထာကိုလွဲမှားစွာဘာသာပြန်ခြင်း 
☀ ☀ ☀ ☀ ☀☀ ☀ ☀☀☀☀ 

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget