ဟုတ်တယ်ဒကာရဲ့ ။ ဦးဇင်းတို့လောကသုံးဥပမာနဲ့ပြောရင်။
ရဟန်းဟာ ညစာစားတာ ပါစိတ်အာပတ်ပဲ။ အပြစ်မကြီးဘူး။
သို့သော် . . ဒါကြီးကိုလူလည်ခေါင်းစားပြလိုက်တော့ အပြစ်ကကြီးသွားတယ် . .
ဒီသာဓကလိုပါပဲ အချိ့ကိစ္စလေးတွေဟာ ဘာမှမဟုတ်သော်လည်းပဲ အချိန်ကာလနေရာဒေသပေါ်မှာလိုက်ပြီး အပြစ်က ကြီးလေးမှုကိုဖြစ်စေပါတယ်။
နောက်ဥပမာလေးတစ်ခုပြောရရင် . .
ဗမာလည်း ကြက်သားစားရင် ကြက်သတ်စားတာပဲ ကုလားလည်းကြက်သားစား
ရင် ကြက်သတ်စားတာပဲ .. ။ သို့သော် သတ်ပုံခြင်းက မတူဘူးလေ ..
ကုလားက ကြက်ကို ရိုး၇ိုးမသတ်ဘူး လည်လှီးပြီးသတ်တော့ ပိုရက်စက်သလိုဖြစ်
နေတယ်။ ဒါ့ကြောင့် ကာလဒေသ ပုဂ္ဂလကို လိုက်ပြီး ဖြစ်စဉ်တွေဟာ အရောင်မ
တူဘူး။ ရပ်ကွက်ထဲက ဗမာမလေးတစ်ယောက် အင်္ဂလိပ်ကိုလင်ယူတာနဲ့ .
အာဇာနည်ကြီးရဲ့ သမီးတစ်ယောက် အင်္ဂလိပ်ကိုလင်ယူတာ .. အတူဘူးကွဲ့။
လင်ယူပါပြီဆိုမှ ခလးရတာပေါ့။ ဘာမတူစရာရှိသလဲ ?
အေး .. ရှိတာပေါ့ကွယ် .. အမျိုးသားရေးကကြည့်ရင် မိုးနဲ့မြေလိုကွာတယ်
ရပ်ကွက်ထဲက ဗမာမလေး အင်္ဂလိပ်ကိုလင်ယူတာက အင်္ဂလိပ်က အဲဒီကောင်
မလေးတစ်ယောက်ပဲပိုင်တာ။ အာဇာနည်သမီးကိုယူတဲံ အင်္ဂလိပ်ကတော့
အာဇာနည်တွေကိုပါပိုင်သလိုဖြစ်သွားတယ် .. စဉ်းစားတက်ရင် ဒီထက်တွေး
လို့ရပါတယ်။
အလင်းရှင်

No comments :
Post a Comment