အဲဒီတုန်းဆီက . . . . မြတ်စွာဘုရားရှင်ဟာ စာတုမရွာ ရှစ်ရှားတော မှာသီ
တင်းသုံးနေစဉ်ပေါ့။ တပည့်ကျော်နှစ်ပါးဖြစ်တဲ့ အသျှင်သာရိပုတြာ အသျှင်
မဟာမောဂ္ဂလာန် တို့အမှူးပြုတဲ့ ငါရာမကသောရဟန်းတို့ဟာ မြတ်စွာဘု
ရားထံ ဖူးမြင်ရန်လာကြတယ်။ ရဟန်းတော်များဟာ တွေ့စကြုံစမို့ တစ်ပါး
နဲ့တစ်းပါးမိတ်ဆက်စကားဆိုကြတယ် ပါလာတဲ့သပိတ်သင်္ကန်းများကိုလျှော်
ရာနေရာမှာထားကြတယ် . . ဒီလိုထားရင်း ပြောကြဆိုကြတဲ့ စကားသံတွေ
သပိတ်သင်္ကန်းသိုမှီးထားကြတဲ့အသံတွေနဲ့ ကျောင်းလေးထဲမှာ အသံဆူညံ့
သွားတယ်။
အဲဒါကို မြတ်စွာဘုရားရှင်က ကြားတော့ အာနန္ဒာကို အခုလိုမေးလိုက်တယ်.
“ကေ ပနေတေ အာနန္ဒ ဥစ္စသဒ္ဒါ မသဒ္ဒါ
ကေ၀ဋ္ဋာ မညေ မစ္ဆ၀ိလောပေ’’ တိ
“ အာနန္ဒာ ငါးစိမ်းသည်များ ငါးရောင်းရာ၌ ကဲ့သို့ ဤကျယ်လောင်သော
အသံ ဆူညံသောအသံတို့ကား အဘယ်အသံတို့နည်း’’
အဲဒီအခါမှာ အနန္ဒာက မြတ်စွာဘုရားကို . .
“ ဧတာနိ ဘန္တေ သာရိပုတ္တမောဂ္ဂလာနပ္ပမုခါနိ ပဉ္စမတ္တာနိ .. ဆိုပြီး . .
ရှင်သာရိပုတြာနဲ့ ရှင်မဟာမောဂ္ဂလာန်တို့ မြတ်စွာဘုရားထံနောက်ပါ
သံဃာငါးရာနဲ့တကွလာရောက်ဖူးမြင်ကြတာပါဘုရား ’’ လို့လျှောက်ထားတယ်။
အဲဒီအခါမှာမြတ်စွာဘုရားရှင်က အနန္ဒာကို . .
“ သတ္ထာ အာယသ္မန္တေ အာမန္တေတိ’’ မြတ်စွာဘုရားရှင်သည် အသျှင်ဘုရား
တို့ကို ခေါ်တော်မူ၏ ’’ လို့ သွားခေါ်လိုက်ပါ ။ လို့ခို်င်းလိုက်တယ်။
အာနန္ဒာကလည်းပဲ ဘုရားခိုင်းတဲ့အတိုင်း ထိုအသျှင်မြတ်များကို သွားခေါ်
တယ်။ ထိုအသျှင်မြတ်နှစ်ပါးကလည်းပဲ နောက်ပါသံဃာများနဲ့ ဘုရားထံဖူး
မြော်ဖို့လိုက်လာတယ်။ ဘုရားထံရောက်တော့ ဘုရားရှင်က မင်းတို့က
ရဟန်းတွေဖြစ်ပြီး ငါးစိမ်းသည်တွေလိုပဲ ဆူညံနေတာပဲဆိုပြီး . .
“ ဂစ္ဆထ ဘိက္ခဝေ ၊ ပဏာမေမိ ဝေါ ၊ န ဝေါ မမ သန္တိကေ ၀တ္ထဗ္ဗန္တိ’’ ..
မင်းတို့တွေ ငါ့ထံမှမနေသင့်ဘူး သွားတော့လို့ နှင်ထုတ်လိုက်တယ်။
ကဲ . . ဒီ ဇာတ်လမ်းကို ဒီတိုင်းရေးနေရင်တော့ လိုရင်းမရောက်တော့ဘူး
ဒီတော့ လိုရင်းလေးထုတ်ပြောမယ် . .
ဘုရားရှင်က အဂ္ဂသာဝကကြီးနှစ်ပါးနဲ့နောက်ပါသံဃာတော်ပေါင်းများစွာ
ကို နှင်ထုတ်လိုက်ပြီး . .ပြန်ခေါ်ယူပြီးတရားဟောတယ် . .မဟောခင်
အသျှင်သာရိပုတြာကို အခုလိုမေးလိုက်တယ် . .
“ ကိန္တိ တေ သာရိပုတ္တ အဟောသိ အယာ ဘိက္ခုသံဃေ မဏာမိတော’’ တိ။
သရိပုတြာ မင်းတို့သံဃာတွေကို ငါဘုရားနှင်ထုတ်လိုက်တဲ့အခါ မင်းရဲ့
စိတ်ထဲမှာ ဘယ်လိုဖြစ်မိသလဲ? လို့ မြတ်စွာဘုရားရှင်က သူ့တပည့်
ကျော်ကြီး သာရိပုတ္တရာကိုမေးလိုက်တယ်။ အဲဒီအခါအသျှင်သာရိပုတြာ
က . . အခုလိုပြန်လျှောက်ထားတယ် . .။
“ သြော် မြတ်စွာဘုရားသည် အသက်အရွယ်ကြီးရင့်တော်မူလေပြီ တစ်ပါး
တည်း သမပတ်ဝင်စားနေလိုလှပြီ။ ငါလည်း ဘုရားအလိုတော်အတိုင်း သ
မာပတ်ဝင်စားရင်ကောင်းမယ်’’ ဆိုတဲ့အကြံဖြစ်မိပါတယ်ဘုရား။
အဲဒီအခါမြတ်စွာဘုရားက . .
“ အာဂမေဟိ တွံ သာရိပုတ္တ၊ အာဂမေဟိ တွံ သာရိပုတ္တ ဒိဋ္ဌဓမ္မသုခ၀ိဟာရန္တိ။
“သာရိပုတ္တ၊သာရိပုတ္တရာ။ တွံ၊ သင်သည်။ အာဂမေဟိ ဆိုင်းငံ့ဦးလော့။
သာရိပုတ္တ၊သာရိပုတ္တရာ။ တွံ၊ သင်သည်။ ဒိဋ္ဌဓမ္မသုခ၀ိဟာရန္တိ၊ မျက်
မှောက်သောကိုယ်၏အဖြစ်၌ အရဟတ္တဖိုလ်ချမ်းသာဖြင့်နေခြင်းကို။
အာဂမေဟိ၊ ဆိုင်းငံပါဦးလော့။’’
“သာရိပုတ္တရာ အခုမျက်မှောက်အချိန်လေးမှ အရဟတ္တဖိုလ်ချမ်းသာနဲ့နေ
ဖို့ကို ခဏလောက်ဆိုင်းငံ့ပါဦးလော့’’
လို့ပြောပြီး ။ တစ်ဖန် လက်ဝဲရံဖြစ်တဲ့ အသျှင်မဟာမေဂ္ဂလာန်ကိုလည်းပဲ
အသျှင်သာရိပုတ္တရာကိုမေးသလိုပဲမေးလိုက်ပြန်တယ်။ အဲဒီအခါမှာအသျှင်
မဟာမေဂ္ဂလာန်က . . ..
“ သြော် မြတ်စွာဘုရားသည် သက်တော်ရွယ်တော်ကြီးရင့်လာတာမို့ တစ်ပါး
တည်း သမာပတ်ချမ်းသာဖြင့်နေလိုပြီ။ ဒါ့ကြောင့် ငါသည် ဘုရားရှင်ကိုယ်
စား သံဃာကိစ္စအရပ်ရပ်ကို ကြောင့်ကြစိုက်ရတော့မယ်’’ ဆိုတဲ့အကြံလေး
ဖြစ်မိပါတယ်ဘုရား .. လို့လျှောက်ထားတယ်။
အဲဒီအခါမြတ်စွာဘုရားရှင်က . .
“ သာဓု သာဓု မောဂ္ဂလ္လာန၊ အဟံ ၀ါ ဟိ မောဂ္ဂလ္လာန ဘိက္ခုသံဃံ
ပရိဟရေယျံ သာရိပုတ္တမောဂ္ဂလ္လာနာ ၀ါတိ’’။
“မောဂ္ဂလ္လာန၊မောဂ္ဂလာန်။ သာဓု သာဓု၊ ကောင်းလေစွ ကောင်းလေစွ။
မောဂ္ဂလ္လာန၊မောဂ္ဂလာန်။ အဟဉ္စာပိ၊ ငါဘုရားသည်လည်း။ ဘိက္ခုသံယံ၊
ရဟန်းသံဃာကို။ ပရိဟရေယျံ၊ ဆောင်ရာ၏။ သာရိပုတ္တမောဂ္ဂလ္လာနာ၊
သာရိပုတ္တရာနှင့်မောဂ္ဂလာန်တို့သည်လည်း။ ဘိက္ခုသံဃံ၊ ရဟန်းသံဃာ
ကို။ ပရိဟန္တု၊ ဆောင်ကုန်လော့။’’
“ကောင်းလေစွ၊ကောင်းလေစွ မောဂ္ဂလာန်။ ငါဘုရားလည်း ဈာန်ချမ်းသာနဲ့
မနေပါဘူးသံဃာကိစ္စကိုဆောင်ရွက်မှာပါ။ မင်းတို့လည်းပဲ သံဃာကိစ္စကို
ကြောင့်ကြမဲ့မနေပဲ ဆောင်ရွက်တော်မူကြပါလို့’’ မိန့်ကြားခဲ့တယ်။
တို့ အခုလိုဘုရားစကားလေးကိုသေချာပြန်တွေးကြည့်ရင် ဘုရားရှင်ဟာ
သူတည်ထောင်တော်မူခဲ့တဲ့ သံဃာထုအတွက် သူကိုယ်တိုင်အသက်ကြီး
နေတာတောင် ကြောင့်ကြမဲ့မနေဘူး မင်းတို့လည်းငါ့ကိုအတုယူပြီး သံဃ
ကိစ္စအတွက် ကြောင့်ကြမဲ့မနေကြတဲ့လို့ ’’ Lesson ပေးခဲ့တာပဲ။
ဒါ့ကြောင့် စာတုမသုတ်ကို ဖတ်ခြင်းအားဖြင့် ရဟန်းသံဃာတော်များဟာ
သံဃာ့အရေးနဲ့ပတ်သတ်လာရင် ကာကွယ်သင့်ပါတယ်။
စက်တင်ဘာမှာ (မဟန)ဟာ ထောင်ပေါင်းများစွာသောသံဃာတော်များ
ရဲ့အရေးကို အကာအကွယ်မပေးခဲ့ဘူးဆိုတာ အများသိပါတယ်။ ဒါ့ကြောင့်
အလင်းရှင်တို့ (မဟန)ဆိုရင် လုံးဝမကြည်ညိုပါဘူး။ ဘာလို့မကြည်ညိုသ
လဲမေးရင် အခုစာတုမသုတ်ကိုထောက်ပြီး မကြည်ညိုတာပါ။ ဘယ်သူ့ကိုမှ
ပုဂ္ဂလသဘောအရ ပြစ်တင်ဝေဖန်တာမဟုတ်ပါဘူး။ သံဃအရေးကိစ္စကို
ဦးစားပေးဆောင်ရွက်တော်မူကြတဲ့ သူဆိုရင် အလင်းရှင်တို့ ကြည်ညိုလေး
စားပါတယ်။ မြန်မာနိုင်ငံဟာ အထူးသဖြင့် သံဃာတွေ ၀ိနယဓမ္မနဲ့အညီပြည့်
စုံဖို့ . . မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးပြောသလို (ရဟန်းတွေကိုဒေါင်းခွပ်
မခံရအောင်) ငွေကိုင်ခြင်းအလှူခံခြင်းသိက္ခာပုဒ်ကို အထူးပညတ်ပြီး ရဟန်း
တော်များအား ၀တ္ထုငွေကိုင်ခြင်း ဘဏ်တွင်အပ်နှံခြင်းများ အတွက် ပညတ်
ဆောင်ရွက်သင့်ပြီလိုထင်ပါတယ်။ ဖြစ်ပေါ်နေတဲ့ ပြဿနာရဲ့အစဟာ ငွေပါ
ပဲ။ “မာတုဂါမနဲ့ ၀တ္ထုငွေ ဘိက္ခုသေတွင်း မျှားနှစ်စင်း’’ လို့ အမှာအထားရှိ
ထားတာမို့ ဒီကနေ့ သံဃာခေါင်းဆောင်များကိုယ်တိုင် ငွေမကိုင်ဘဲ ဘဏ်
တွေမှာ မြန်မာငွေ ဒေါလာငွေများမအပ်နှံတော့ဘဲ ရှေးတုန်းကဆရာတော်
ဘုရားကြီးများကဲ့သို့ ၀တ္ထုငွေကို မကိုင်မသုံးဘဲ သာသနာတော်ပြုကြရင်
အလွန်ပင် ကြည်ညိုဖွယ်ရာဖြစ်မှာဆိုတာကို အလင်းရှင်မှ ကိုယ်တွေ့ကြုံ
ကိုယ်တွေ့ရေးသားအသိပေးလိုက်ရပါသည်။
ကျမ်းကိုး . . .
မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသပါဠိတော်(မြန်)
ဘိက္ခုဝဂ်၊ စာတုမသုတ်
█ ░ အလင်းရှင် ░ █
— with သု ဓမ္မ and 23 others. တင်းသုံးနေစဉ်ပေါ့။ တပည့်ကျော်နှစ်ပါးဖြစ်တဲ့ အသျှင်သာရိပုတြာ အသျှင်

No comments :
Post a Comment