စာများရေးခြင်း ဖတ်ခြင်းဖြင့် အလင်းရှင်၏ဘ၀သည် အချိန်နာရီ
တို့သည် ကုန်မှန်းမသိကုန်ခဲ့လေပြီ
. . ။
“ ဖုန်းဘေလည်းကုန်
. .
မျက်လုံးမှုန်ပြီ . . စာတော့ဆက်၍ ဖတ်ချင်သည်။’’
လို့ပဲပြောရမလား၊
ခါးတွေလည်းနာလှခြေပြီ . .
ထိုသို့ကာယိကဒုက္ခကို
ယောနိသောမနသိကာရဖြင့် နှလုံးသွင်းနေချိန်
ဒီကနေ့မြန်မာနိုင်ငံ
အိုင်တီလောကတွင် နာမည်ကျော်ကြားနေသော
‘သန်းထိုက်’
ရွှေရိပ် ၏ လက်ရင်းတပည့်ဖြစ်သော ကိုသူရသည်
မိမိကျောင်းသို့
ရောက်လာကာ . . ရတနာသုံးပါးအားလည်းကောင်း
မိမိအားလည်းကောင်း
ထိခြင်းငါးပါးဖြင့် ကန်တော့ပြီးသည့်သကာလ .
“ဆရာတော် ဖေ့ဘွတ်ပေါ်မှာ
’’
ဆရာတော့ဆောင်းပါးတွေကဗျာတွေက
. .
တယ်ထိ တယ်မိတယ်ဆိုတဲ့သတင်းစကားများ
ကြားနေရပါလားဘုရား
ဆရာကိုသန်းထိုက်ကတောင်
. .
‘မင်းတို့အလင်းရှင်
ဒီတိုင်းသာ စာရေးနေရင်တော့ အောက်ပိုင်းချိနေပါ
ဦးမယ်ကွာ’
လို့ စိုးရိမ်စိတ်နဲ့ မနေ့ကပြောနေသေးတယ်ဘုရား။
“ အေး ကွာ
’’
ရူပံဆိုတဲ့ရုပ်တရားဟာ
ဘာနဲ့တူသလည်းဆိုတော့
ငှက်ပြောတုံးနဲ့တူတယ်ကွ။
ငှက်ပြောတုံးဟာ ဓားရာသင့်လိုက်တယ်
ဆိုတာနဲ့ .. တဖြေးဖြေး
ပုတ်လာတော့တာပဲကွ။ ဒီလိုပဲ တို့လည်း
လူသားရယ်လို့ဖြစ်လာပြီဆိုကတည်းက
တဖြေးဖြေး သေဘက်ကိုသာ
တွန်းပို့နေတာပါကွာ။
ဘယ်လောက်ပဲ ဆေးကောင်းဝါးကောင်းသမား
ကောင်းများရှိနေစေကာမူ
မသေတဲ့ . .မသာကောင်တစ်ကောင်မှာမရှိ
ပါဘူး။
“မှန်ပါ့ဘုရား
’’
ဆရာတော်ထံလာရင်တော့
အိုနာသေစကားလုံးကို ပြေးမလွတ်အောင်
ကိုပြောတော့တာပဲဘုရား
။ အခုလည်း ဆရာကိုသန်းထိုက်က
‘မင်းဆရာတော်ကို
ဒါလေးသွားပေးလိုက်စမ်းပါဦးကွာ ’ တဲ့။
‘သူခမျာင့ါကိုမှာထားတာကြာပြီ’
တဲ့ ၊ ဆိုလို့ တပည့်တော်လည်းတကူး
တကာဝင်လာတာဘုရား
။
“ ဟဲ့ .. ကိုသူရ
’’
ဘာများတုန်းကွ
“ apk လေးပါဘုရား
’’
Android ဖုန်းကနေ
Online / Off Line နဲ့ဖြစ်ဖြစ် အရှင်ဘုရားရေးထား
တဲ့ဓမ္မဆောင်းပါးများကို
လူတိုင်းအလွယ်တကူဖတ်လို့ ဆောင်လို့ရတဲ့
Softwares
လေးပါးဘုရား။ ပေါ့ပေါ့ပါးပါးသုံးလို့ရတယ်ဘုရား။
“သြော် .. ဒါလား’’
မင်းဆရာကို
ငါအလှူခံထားတာ ကြာလှပါပြီကွာ။
တစ်နှစ်လောက်တောင်ရှိတော့မယ်။
အေးလေ .
အလုပ်မအားတော့လည်း
ဘယ်လုပ်နိုင်မှာလဲကွာ။
ပေး . . ပေး
. . ငါ့ဖုန်းထဲ့အရင်ထည့်သုံးကြည့်လိုက်ဦးမယ်။
ယင်းနောက်
မိမိသည် ဆရာကိုသန်းထိုက်လုပ်ပေးသော ထို
Apk လေးကို
ဖေ့ဘွတ်ရှိ ဓမ္မမာမကများလည်း အသုံးပြုနိုင်စေရန်
အောက်ဖေါ်ပြပါလင့်လေးတွင်
မျှဝေလိုက်ပါတော့ . .သတည်း။
Download Here ► com.alinshin.apk.apk - 2 MB
█ ░ အလင်းရှင် ░ █
No comments :
Post a Comment