အလင်းရှင်ဟာ . . .
နိုင်ငံရေးသမားမဟုတ်ဘူး . .လူမှုရေးသမား ။
အလင်းရှင်ဟာ . .
စီးပွားေ၇းသမားမဟုတ်ဘူး . . ဓမ္မရေးသမား။
အလင်းရှင်ဟာ . .
ဝတ်ကြောင်ဝတ်သူတော့မဟုတ်ဘူး . . အရဟဓဇဆင်မြန်ထားသူ။
ဒါ့ကြောင့် . . သူများနဲ့မတူတဲ့ . .
မေတ္တာ . . သစ္စာ ဗြဟ္မစိုရ်တရားသမား။
အခုကြည့် . . မင်းတို့အတွက် အနတ္တကဗျာတစ်ပုဒ်ကိုငါရေးခဲ့တယ်။
ပေါင်တံသွယ်သွယ်မပါတဲ့ ဓာတ်ပုံ . .
ရင်သားထွားထွားမရှိတဲ့ ဓာတ်ပုံ . .
ကာမဓာတ်အကြည့်မျက်လုံးမပါတဲ့ ဓာတ်ပုံ . .
အေး . . အဲဒီဓာတ်ပုံမှာ
နိယမရဲ့မမြဲခြင်းတရားတွေနဲံ့ သွန်သင်ဆုံးမထားတယ်။
ကဲ . . သူမိုက်သူယုတ်တို့ . . ဘယ်အထိမိုက်ကန်းကြမလဲ
အားလုံးဟာ အနတ္တကမ္ဘာနဲ့ မသာကောင်ဆိုတာကို . .
သိပ္ပံပညာရှင်တွေ မထွန်းကားခင်ကတည်းက ဗုဒ္ဓကပြောခဲ့ပြီးသား။
ခက်ဆစ်။ ။ အရဟဓဇ-ကိလေသာကိုတွန်းလှန်သူတို့ရဲ့အောင်လံ
ဗုဒ္ဓတ္ထ၀ါစကာ- သဗ္ဗညုတဉာဏ်ရှင်ဘုရားရှင်ရဲ့စကား။
█ ░ အလင်းရှင် ░ █

No comments :
Post a Comment