Discovered off AlinShin
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ဗုဒ္ဓစာပေတွေကို ထဲထဲဝင်ဝင်လေ့လာမိတော့ . . အရာအားလုံးမှာကပ်ညိနေတဲ့
ငါ သူတစ်ပါး ယောက်ျား မိန်းမ ဆိုတဲ့ သမုတိတွေကိုမြင်တက်သွားသလို ကိုးကွယ်
ယုံကြည်မှုအရာကို အချိုးအစားကျနစွာ လက်ခံယုံကြည်တက်သွားတယ်။ ဥပမာ
အနေနဲ့ပြောရရင် အဘဘိုးဘိုးအောင် တို့ အဘဘိုးမင်းခေါင်တို့ နောက် အိမ်တွင်း
အစရှိတဲ့ အတွင်း(၃၇)မင်းအပြင်(၃၇)မင်း အရံ(၃၇)မင်းစသည်ဖြင့်ပေါ့လေ . .ဒါ
တွေရဲ့ အဓိပ္ပါယ်သရုပ်ကို ကောင်းစွာခွဲထုတ်နိုင်ခဲ့ပါတယ်။
ဒီလိုခွဲထုတ်နိုင်ဖို့ဆိုရာမှာလည်း ခေတ်အဆက်ဆက်က ကိုယ့်ထက်သဘာကျတော်
မူခဲ့သော ရဟန်းပညာရှိလူပညာရှိကြီးများ ရေးသားပြုစုခဲ့ကြတဲ့ ကျမ်းအဆောင်
ဆောင်တွေကလည်း အထူးပင် ထောက်ပံ့ပေးခဲ့တာကိုတွေ့ရပါတယ်။ ဒါ့ကြောင့်
ဗုဒ္ဓဘာသာကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရာမှာ ယောနိသောမနဿိကာရ နှလုံး
သွင်းမှုမှန်ကန်ခြင်းဆိုတာကလည်း တစ်ကြောင်းပါပဲ ။ ဒီလိုနှလုံးသွင်းမှန်ကန်တက်
စေဖို့ဆိုတာ ပါးစပ်ကပြောရတာလွယ်သလောက် ခံစားနားလည်ဖို့ရာမှာတော့
မလွယ်ကူနိုင်ဘူးဆိုတာစာဖတ်သူများသိကြမှာပါ။ ဒီလိုခေတ်အဆက်ဆက်ကနေ
ပညတ်တွေမကွာ မခွာနိုင်ခဲ့ကြလို့လည်းပဲ . ..
တို့များဟာ သံသရာရေအလျဉ်ကြော . . .မှာ ။
မြုတ်ချီတစ်လှည့် . .. ပေါ်ချီတစ်ခါ . . .အဖန်ဖန်ဖြစ်ခဲ့ရသော . . .ဇာတိ။
အဖန်ဖန်ကြုံခဲ့ရသော . . . . ဇရာမရဏ များနဲ့ . . .။
တို့များဟာ . . . ဒုက္ခသစ္စာနဲ့ . . .သမုဒယသစ္စာနှစ်ပါးကိုသာ . . .
ယဉ်ပါးလာခဲ့ရတယ်။
ဝေးခဲ့ရသော . . မဂ္ဂသစ္စာနဲ့ . .။
တို့မသိမမီခဲရသော . . နိရောဓ သစ္စာ နှစ်ပါးကို . ..
တို့များ ဒီဘ၀မှာမှမရှာတွေ့နိုင်ခဲ့ရင် . . . ။
ဒီအသိတွေကြောင့် အလင်းရှင်ဆိုသော အညတရရဟန်းတစ်ပါးသည် . . .နေ့
စဉ် သေမင်းခံတွင်းထံမှာ အချိန်ကို အလုအယက် ယူငင်ရင်း . . .
မင်းတို့လေးတွေ . . သိပါစေတော့ရယ်လို့ . .
စာကဗျာတွေဖွဲ့ မိမိရဲ့ ကာယိကဒုက္ခကို မငဲ့ခဲ့။
ဒီလို အပတ်တကုတ်ကြိုးစားရေးဖွဲ့ပါသော်လည်း . . ဗိုလ်သန်းရွှေရဲ့ခြံစောင့်
စစ်ခွေးသားပေါက်ကလေးများ . . . ကြံ့ဖွတ်များ . . မွတ်ဒေါင်းများက . .
အယုတ္တမာဝါစကားများနဲ့ မကြားဝံ့မနာသာ Comment များကြောင့် ဘလော့
ပစ်လိုက်ရတဲ့ မိစ္ဆာတွေကလည်း မနည်းလှပါ။ ကဲအခုတော့ . . ဗုဒ္ဓဘာသာ
ကောင်းတစ်ယောက်ဖြစ်ဖို့ အလင်းရှင်ကို ဆယ်ကျော်သက်အရွယ်ကတည်း
ကလမ်းပြပေးခဲ့တဲ့ ကျမ်းစာအုပ်လေးတစ်အုပ်ကို မင်းတို့လေးတွေအတွက် ဝေငှ
လိုက်တယ် . . တို့ခေတ်ကဆို ဒီစာအုပ်ကို ငွေ(၅၀၀၀)ကျော်ပေးပြီးမှ ဖတ်ခဲ့
ရတာပါ။ အခုတော့ အင်တာနက်မှာ ဒေါင်းလိုက်တာနဲ့ ဖတ်လို့ရသလို ကိုယ်
သွားလေရာဆောင်သွားလို့ရပြီ . . နော် . .
█ ░ အလင်းရှင် ░ █
DownLoad Here >>> ရတနာသုံးပါးကိုယုံကြည်ကိုးကွယ်လာသူတစ်ယောက်အကြောင်း(ဦးဆန်းလွင်).pdf - 24 MB
Thursday, December 26, 2013
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment